ေပၚတူဂီ အသင္းေခါင္းေဆာင္ ေရာ္နယ္ဒို ေရာက္ရွိလာတာက မန္ခ်က္စတာယူနိုက္တက္ အသင္းကို ႀကီးမားတဲ့ဆုဖလားေတြ ရရွိေအာင္ ကူညီဖို႔ အက်ိဳးသက္ေရာက္မႈရွိတယ္ဆိုတာကို ဝန္ခံလိုက္ပါတယ္။ေဘာလြန္းဒီေအာ (၅)ႀကိမ္ရ

ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က ဂ်ဳဗင္တပ္စ္ကေန မန္ခ်က္စတာယူနိုက္တက္ကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ ေရာ္နယ္ဒို ဟာ အသက္(၃၆)ႏွစ္အရြယ္ရွိၿပီျဖစ္ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္းအတြက္ ကစားခဲ့တဲ့ (၃)ပြဲမွာ (၄)ဂိုးအထိ သြင္းယူထားတာျဖစ္ပါတယ္။

ဒီဂီယာ က “ေရာ္နယ္ဒို ရဲ့သက္ေရာက္မႈက ရွိေနၿပီလို႔ ကၽြန္ေတာ္ထင္ပါတယ္။‌ေရာ္နယ္ဒို ကို အိမ္မွာ ျပန္ေခၚခြင့္ရတာကိုက အံဩဖို႔ေကာင္းပါတယ္ သူဟာ ကလပ္အသင္းရဲ့ဂႏၲဝင္ကစားသမားျဖစ္ေနၿပီးသားပါ၊ဒါေၾကာင့္ ကစားသမားေတြ၊လူငယ္‌‌ေတြ၊လူတိုင္းအတြက္ သူက အားကစား႐ုံမွာ ဘယ္လိုအလုပ္လုပ္တယ္၊သူ႔ကိုယ္သူဘယ္လိုဆက္ဆံတယ္၊

သူ႔ကိုယ္သူ ဘယ္လိုဂ႐ုစိုက္လဲဆိုတာကို ေကာင္းေကာင္းျမင္နိုင္ပါတယ္ သူဟာ အံဩစရာေကာင္းတဲ့ ကစားသမားတဦးပါ၊သူဟာ ေန႔တိုင္းႀကိဳးစားၿပီး အသင္းကို ကူညီေပးေနတာ အလြန္ေကာင္းမြန္ပါတယ္။ကၽြန္ေတာ္ေျပာခဲ့သလိုပဲ ၾကည့္ရေအာင္ပါ။

အခုဆိုရင္ ကၽြန္ေတာ္တို႔မွာ အလြန္ႀကီးမားတဲ့လူစာရင္း၊ႀကီးမားတဲ့ ကစားသမားေတြ၊ေရာ္နယ္ဒို၊ဗာရာနီ၊မာတာနဲ႔ ကၽြန္‌‌ေတာ့္လို အေတြ႕အၾကဳံရွိတဲ့ ကစားသမားေတြရွိပါတယ္ ဒါေၾကာင့္ ကၽြန္ေတာ္တို႔ အသင္းဟာ အေတြ႕အၾကဳံေတြ ပိုရွိပါတယ္။ဒါဆိုရင္ၾကည့္ရေအာင္ပါ၊

ဒီႏွစ္က အလြန္ေကာင္းမြန္တဲ့ႏွစ္ျဖစ္နိုင္ပါတယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီဂီယာက ‌ဆုဖလားေတြနဲ႔ ပတ္သက္ၿပီး “ဆုဖလားႀကီးေတြအတြက္ ကၽြန္ေတာ္တို႔ တိုက္ပြဲဝင္ခ်င္ပါတယ္။ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ဆုဖလားအတြက္ တိုက္ပြဲဝင္ခ်င္ပါတယ္။အသင္းက ေကာင္းမြန္တဲ့ အေျခအေနမွာ ရွိတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္”

“ပရီးမီးယားလိဂ္မွာ ဆုဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္းေတြ အျမဲတမ္းရွိတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ဒီေတာ့ ဘာျဖစ္မလဲၾကည့္ရေအာင္ပါ၊လာမယ့္ပြဲေတြကို အာ႐ုံစိုက္ကာ စနစ္တက်ျပင္ဆင္ၿပီး အရာအားလုံးကို ကြင္းထဲမွာေရာ ေလ့က်င့္ေရးမွာပါ အျပည့္အဝအာ႐ုံစိုက္ဖို႔ လိုတယ္လို႔” ဆိုခဲ့ပါတယ္။

ဒါ့အျပင္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ မနက္ျဖန္မွာ အက္စတြန္ဗီလာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Credit: Shwe Soccer

ပေါ်တူဂီ အသင်းခေါင်းဆောင် ရော်နယ်ဒို ရောက်ရှိလာတာက မန်ချက်စတာယူနိုက်တက် အသင်းကို ကြီးမားတဲ့ဆုဖလားတွေ ရရှိအောင် ကူညီဖို့ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ဝန်ခံလိုက်ပါတယ်။ဘောလွန်းဒီအော (၅)ကြိမ်ရ

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ဂျုဗင်တပ်စ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းအတွက် ကစားခဲ့တဲ့ (၃)ပွဲမှာ (၄)ဂိုးအထိ သွင်းယူထားတာဖြစ်ပါတယ်။

ဒီဂီယာ က “ရော်နယ်ဒို ရဲ့သက်ရောက်မှုက ရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်။‌ရော်နယ်ဒို ကို အိမ်မှာ ပြန်ခေါ်ခွင့်ရတာကိုက အံဩဖို့ကောင်းပါတယ် သူဟာ ကလပ်အသင်းရဲ့ဂန္တဝင်ကစားသမားဖြစ်နေပြီးသားပါ၊ဒါကြောင့် ကစားသမားတွေ၊လူငယ်‌‌တွေ၊လူတိုင်းအတွက် သူက အားကစားရုံမှာ ဘယ်လိုအလုပ်လုပ်တယ်၊သူ့ကိုယ်သူဘယ်လိုဆက်ဆံတယ်၊

သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်လဲဆိုတာကို ကောင်းကောင်းမြင်နိုင်ပါတယ် သူဟာ အံဩစရာကောင်းတဲ့ ကစားသမားတဦးပါ၊သူဟာ နေ့တိုင်းကြိုးစားပြီး အသင်းကို ကူညီပေးနေတာ အလွန်ကောင်းမွန်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲ ကြည့်ရအောင်ပါ။

အခုဆိုရင် ကျွန်တော်တို့မှာ အလွန်ကြီးမားတဲ့လူစာရင်း၊ကြီးမားတဲ့ ကစားသမားတွေ၊ရော်နယ်ဒို၊ဗာရာနီ၊မာတာနဲ့ ကျွန်‌‌တော့်လို အတွေ့အကြုံရှိတဲ့ ကစားသမားတွေရှိပါတယ် ဒါကြောင့် ကျွန်တော်တို့ အသင်းဟာ အတွေ့အကြုံတွေ ပိုရှိပါတယ်။ဒါဆိုရင်ကြည့်ရအောင်ပါ၊

ဒီနှစ်က အလွန်ကောင်းမွန်တဲ့နှစ်ဖြစ်နိုင်ပါတယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဂီယာက ‌ဆုဖလားတွေနဲ့ ပတ်သက်ပြီး “ဆုဖလားကြီးတွေအတွက် ကျွန်တော်တို့ တိုက်ပွဲဝင်ချင်ပါတယ်။ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဆုဖလားအတွက် တိုက်ပွဲဝင်ချင်ပါတယ်။အသင်းက ကောင်းမွန်တဲ့ အခြေအနေမှာ ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်”

“ပရီးမီးယားလိဂ်မှာ ဆုဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေ အမြဲတမ်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီတော့ ဘာဖြစ်မလဲကြည့်ရအောင်ပါ၊လာမယ့်ပွဲတွေကို အာရုံစိုက်ကာ စနစ်တကျပြင်ဆင်ပြီး အရာအားလုံးကို ကွင်းထဲမှာရော လေ့ကျင့်ရေးမှာပါ အပြည့်အဝအာရုံစိုက်ဖို့ လိုတယ်လို့” ဆိုခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းဟာ မနက်ဖြန်မှာ အက်စတွန်ဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Credit: Shwe Soccer