










ဂရင်းဝုဒ် Vs ဖာနန်ဒက်







Credit

ရာသီ အစပိုင်းပဲ ရှိသေးတာကြောင့် ဒီရှုံးပွဲကတော့ ထိပ်ဆုံးက အသင်းတွေ နဲ့ အမှတ်ကွာဟမှုက သိပ်ပြီးတော့ ကြီးကြီးမားမား ရှိဦးမှာ မဟုတ်ပေမယ့် ယူနိုက်တက် ရဲ့ အနေအထား ကတော့ ချန်ပီယံလောင်း စာရင်းထဲကနေ စောစောစီးစီးထုတ်ပယ် ထားလို့ ရပြီဆိုတာ သေချာနေတာ တွေ့ရ ဘာတယ် ။

ဒီပွဲမှာ ၃ မှတ် ရဖို့ အတွက် ဆိုးရှား က ကြားရက်မှာ ကစားတဲ့ ကာရာဘောင် ဖလားပွဲ ကိုတောင် အရန်တွေ နဲ့ ချည်း ကစား သွားခဲ့တာပါ ။ ဒါပေမယ့် ဒီကနေ့ ပွဲကတော့ ပရိသတ်တွေ ရဲ့ မျှော်လင့်ထားမှုတွေ ကို ဖျက်ဆီး ပစ်ခဲ့ တာ ပါပဲ ။

ယူနိုက်တက် တို့ လူစုံ ပွဲထွက် လာခဲ့ပြီး အခွင့်အရေးတွေလည်း အများကြီး ရခဲ့ ပါ တယ် ။

ဒါပေမယ့် အချိတ် အဆက် မမိမှု ၊ အဆုံးသတ် အားနည်းမှုတွေ က ဂိုးမရ စေခဲ့သလို ခံစစ် ရဲ့ အားနည်းချက် တွေကလည်း ဗီလာ ကို အခွင့်အရေး ပြန်ရစေခဲ့ ပါ တယ် ။

အက်စတွန် ဗီလာ ကတော့ နည်းပြ ရဲ့ ညွှန်ကြားမှု အတိုင်း အကွက် ကျကျ ကစားနိုင် ခဲ့ပြီး ရိုနယ်ဒို ဦးဆောင် လာတဲ့ ယူနိုက်တက် တိုက်စစ် ကို ခုခံ ကာကွယ် နိုင်ခဲ့ ပါ တယ် ။

ပွဲပြီး ခါနီး မှာတော့ ဗီလာ နောက်ခံလူ ဟေ့စ် က ထောင့်ကန်ဘော ကနေ ခေါင်းတိုက်ပြီး ဧည့်သည် အသင်းအတွက် ဂိုးစသွင်းပေးခဲ့ပါတယ် ။

မိနစ် ၉၀ ကျော်မှာတော့ ဟေ့စ် ရဲ့ လက်ထိဘောကနေ ယူနိုက်တက် တို့ ပင်နယ်တီ ရခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ် က ဂိုးပေါက် နဲ့ လွဲအောင် ကန်ခဲ့တာကြောင့် သရေ ၁ မှတ်တောင် ပြန်မရဘဲ ရှုံးနိမ့် ခဲ့ရ ပါတယ် ။

ဆိုးရှား ကတော့ ပွဲအပြီးမှာ ဆင်ခြေတွေ ပေးဖို့ ကြိုးစား နေဦးမှာ ပါပဲ ။

ဘယ်လိုပဲ ဆင်ခြေတွေ ပေးနေပါစေ . . . ယူနိုက်တက် ဟာ ဒီရာသီ မှာ ချန်ပီယံ ဖြစ်လောက်တဲ့ အနေအထားမှာ ရှိမနေဘူးဆိုတာ ကတော့ စက်တင်ဘာထဲ ကစားခဲ့တဲ့ ပွဲတွေက သက်သေပါပဲ ။

အဲ့ဒီပွဲမှာ ကျူးလွန်ခဲ့ကြတဲ့ သရဲနီတို့ရဲ့အမှားတွေကို ဖော်ပြလိုက်ပါတယ်။

မက်ဂွိုင်းယား ကဒီလိုအမှားမျိုးကျူးလွန်နေတာ ဒီတစ်ပွဲတည်းမဟုတ်ပါဘူး။ ဒီနေ့လဲ De Gea ကိုယ်တိုင် ဆူရတဲ့အနေအထားဖြစ်ခဲ့ပါတယ်။

ဂရင်းဝုဒ် Vs ဖာနန်ဒက်

သူတို့နှစ်ယောက်ကြားဘာပြသာနာရှိလဲ မသိရပေမဲ့ ကတောက်ကဆဖြစ်နေတာ ပွဲစဉ် (၅) ဝက်ဟမ်းကိုနိုင်တဲ့ပွဲမှာကတည်းကပါ။

ဂရင်းဝုဒ် ကဂိုးအရမ်းလိုချင်နေတာပါ။ တစ်လုံးတစ်လေ ကန်ထည့်တာကိစ္စမရှိပေမဲ့ အလုံးတိုင်းဖြစ်သလို ဆွဲဝင်၊ကန်သွင်းလုပ်နေတာက ကောင်းတဲ့အချက်မဟုတ်ပါဘူး။

ဖာနန်ဒက် ကတော့ဂိုးပေါက်နဲ့တစ်ခါမှ မလွဲဖူးတဲ့ သူ့ရဲ့ပင်နယ်တီစံချိန်ကိုချိုးပြီး မိုးပေါ်ကန်ခဲ့တာက အတော်လေးရုပ်ပေါက်ပါတယ်။

ဆိုလ်းရှားကတော့ ဒီလိုကတောက်ကဆဖြစ်နေတဲ့ ဂရင်းဝုဒ် နေရာ ဆန်ချို နဲ့ လင်ဂတ် ကိုဘာကြောင့် မိနစ် (၆၀) လောက်မှာ မထည့်ခဲ့တာလဲ စဉ်းစားစရာပါ။ ကွင်းလယ်မှာလဲ တော်မီနေး နဲ့ဖရက် အတွဲကအရင်လို အဆင်မပြေနေခဲ့တာကို အချိန်မီ မပြုပြင်ခဲ့တာကလဲ မေးခွန်းထုတ်စရာပါပဲ။

အားလုံးချုံကြည့်လိုက်ရင် နည်းပြမှာ သာမက ကစားသမားတွေပါ ပြုပြင်ရမဲ့အနေအထားတွေရှိလာပါပြီ။

ဘယ်တုန်းကမှ မရှုံးခဲ့ဖူးတဲ့အသင်းကို အိမ်ကွင်းမှာ ရှုံးရတာဟာ အတော်လေးစိတ်ပျက်စရာပါပဲ။

Credit