မန္ခ်က္စတာယူနိုက္တက္ အသင္းက‌ေတာ့ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အက္စတြန္ဗီလာ အသင္းကို အိမ္ကြင္းမွာပဲ (၁)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္သြားခဲ့ပါတယ္။ဒီပြဲရဲ့နာက်င္အခ်ိန္ပိုမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ေခ်ပဂိုးရနိုင္မယ့္ ပင္နယ္တီ အခြင့္အေရးကန္သြင္းခြင့္ရရွိခဲ့တာျဖစ္ ပါတယ္။ ဒီပင္နယ္တီ ကို

ဘ႐ူနိုဖာနန္ဒတ္စ္ ကန္သြင္းရာမွာ ေတာ္ေတာ္ေလးကို ဆိုးဆိုးရြားရြားလြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ဒီအခ်ိန္မွာ စိတ္ပ်က္ေနတဲ့ ဘ႐ူနိုဖာနန္ဒတ္စ္ ကို ပထမဆုံးလာေရာက္ႏွစ္သိမ့္ေပးခဲ့တဲ့သူကေတာ့ မန္ခ်က္စတာယူနိုက္တက္ ကစားသမား ေရာ္နယ္ဒို ပဲျဖစ္ပါတယ္။ ေရာ္နယ္ဒို ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရႊ႕က

မန္ခ်က္စတာယူနိုက္တက္ အသင္းကို ျပန္ေရာက္ရွိလာခဲ့တာေၾကာင့္ အသင္းပင္နယ္တီရရွိရာမွာ ဘယ္သူကန္မလည္းဆိုတာနဲ႔ ပတ္သက္ၿပီး အျမဲတမ္းျငင္းခုံမႈေတြရွိခဲ့ၾကတာျဖစ္ပါတယ္။ အက္စတြန္ဗီလာ နဲ႔ ပြဲမွာ ပင္နယ္တီရခဲ့ခ်ိန္မွာေတာ့ ဘယ္သူကန္မလည္းဆိုတာ စိတ္ဝင္စားေနတာျဖစ္ၿပီး ဒီအခ်ိန္မွာ ဘ႐ူနိုဖာနန္ဒတ္စ္ က ေဘာလုံးကိုင္ၿပီး ကန္သြင္းဖို႔ ျပင္ဆင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒတ္စ္ ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေရာက္ထဲက ပင္နယ္တီကန္ရာမွာ အလြန္ေကာင္းမြန္ခဲ့တဲ့သူလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ‌ဒီတႀကိမ္ကန္သြင္းရာမွာေတာ့ ဂိုးဘားေပၚေထာင္တက္သြားခဲ့တာလည္းျဖစ္ပါတယ္။

ပရိသတ္ေတြကေတာ့ ဒီလိုအခ်ိန္မွာ ေရာ္နယ္ဒို သာကန္သြင္းမယ္ဆိုရင္ သေရတမွတ္ေတာ့ရယူနိုင္မယ္လို႔ ထင္ျမင္ေနတာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွားကေတာ့ ပြဲမတိုင္ခင္ထဲက ပင္နယ္တီ ဘယ္သူကန္ရမလည္းဆိုတာ သတ္မွတ္ထားၿပီးျဖစ္တယ္လို႔ ပြဲအၿပီးမွာဆိုခဲ့ပါတယ္။”

ေနာက္ပြဲ ပင္နယ္တီဘယ္သူကန္မလည္းဆိုတာနဲ႔ ပတ္သက္ၿပီး သတင္းေခါင္းစီးေတြျဖစ္လာနိုင္ပါတယ္။ဘ႐ူနိုကလည္း ကန္သြင္းရာမွာ အလြန္ေကာင္းမြန္ၿပီး ေရာ္နယ္ဒို ကေတာ့ ပင္နယ္တီကန္သြင္းမႈအမ်ားဆုံးကစားသမားပါ”လို႔ ဆိုးလ္ရွားက ဆိုခဲ့တာပါ။ ေရာ္နယ္ဒို ဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ ပထမအႀကိမ္ကစားခဲ့တုန္းက ဗီလာ နဲ႔ ေတြ႕ခဲ့ရာမွာ ရလဒ္ေတြေကာင္းမြန္ခဲ့ၿပီး သြင္းဂိုးေတြအမ်ားအျပားရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ဒုတိယအႀကိမ္ေျမာက္ ျပန္ကစားတဲ့ အခ်ိန္မွာ သူ႔ရဲ့ကစားသမားဘဝမွာ ဗီလာ အသင္းကို ပထမဆုံးအႀကိမ္အေရးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ၾကားရက္က ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ပြဲစဥ္မွာလည္း ဝက္စ္ဟမ္း ကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တဲ့ အတြက္ (၂)ပြဲဆက္ အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တာလည္းျဖစ္ ပါတယ္။

Credit: Shwe Soccer

မန်ချက်စတာယူနိုက်တက် အသင်းက‌တော့ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာပဲ (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်သွားခဲ့ပါတယ်။ဒီပွဲရဲ့နာကျင်အချိန်ပိုမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ချေပဂိုးရနိုင်မယ့် ပင်နယ်တီ အခွင့်အရေးကန်သွင်းခွင့်ရရှိခဲ့တာဖြစ် ပါတယ်။ ဒီပင်နယ်တီ ကို

ဘရူနိုဖာနန်ဒတ်စ် ကန်သွင်းရာမှာ တော်တော်လေးကို ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာဖြစ်ပါတယ်။ဒီအချိန်မှာ စိတ်ပျက်နေတဲ့ ဘရူနိုဖာနန်ဒတ်စ် ကို ပထမဆုံးလာရောက်နှစ်သိမ့်ပေးခဲ့တဲ့သူကတော့ မန်ချက်စတာယူနိုက်တက် ကစားသမား ရော်နယ်ဒို ပဲဖြစ်ပါတယ်။ ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့က

မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်ရောက်ရှိလာခဲ့တာကြောင့် အသင်းပင်နယ်တီရရှိရာမှာ ဘယ်သူကန်မလည်းဆိုတာနဲ့ ပတ်သက်ပြီး အမြဲတမ်းငြင်းခုံမှုတွေရှိခဲ့ကြတာဖြစ်ပါတယ်။ အက်စတွန်ဗီလာ နဲ့ ပွဲမှာ ပင်နယ်တီရခဲ့ချိန်မှာတော့ ဘယ်သူကန်မလည်းဆိုတာ စိတ်ဝင်စားနေတာဖြစ်ပြီး ဒီအချိန်မှာ ဘရူနိုဖာနန်ဒတ်စ် က ဘောလုံးကိုင်ပြီး ကန်သွင်းဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒတ်စ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ထဲက ပင်နယ်တီကန်ရာမှာ အလွန်ကောင်းမွန်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ‌ဒီတကြိမ်ကန်သွင်းရာမှာတော့ ဂိုးဘားပေါ်ထောင်တက်သွားခဲ့တာလည်းဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဒီလိုအချိန်မှာ ရော်နယ်ဒို သာကန်သွင်းမယ်ဆိုရင် သရေတမှတ်တော့ရယူနိုင်မယ်လို့ ထင်မြင်နေတာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားကတော့ ပွဲမတိုင်ခင်ထဲက ပင်နယ်တီ ဘယ်သူကန်ရမလည်းဆိုတာ သတ်မှတ်ထားပြီးဖြစ်တယ်လို့ ပွဲအပြီးမှာဆိုခဲ့ပါတယ်။”

နောက်ပွဲ ပင်နယ်တီဘယ်သူကန်မလည်းဆိုတာနဲ့ ပတ်သက်ပြီး သတင်းခေါင်းစီးတွေဖြစ်လာနိုင်ပါတယ်။ဘရူနိုကလည်း ကန်သွင်းရာမှာ အလွန်ကောင်းမွန်ပြီး ရော်နယ်ဒို ကတော့ ပင်နယ်တီကန်သွင်းမှုအများဆုံးကစားသမားပါ”လို့ ဆိုးလ်ရှားက ဆိုခဲ့တာပါ။ ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ပထမအကြိမ်ကစားခဲ့တုန်းက ဗီလာ နဲ့ တွေ့ခဲ့ရာမှာ ရလဒ်တွေကောင်းမွန်ခဲ့ပြီး သွင်းဂိုးတွေအများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယအကြိမ်မြောက် ပြန်ကစားတဲ့ အချိန်မှာ သူ့ရဲ့ကစားသမားဘဝမှာ ဗီလာ အသင်းကို ပထမဆုံးအကြိမ်အရေးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းကတော့ ကြားရက်က ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာလည်း ဝက်စ်ဟမ်း ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တဲ့ အတွက် (၂)ပွဲဆက် အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာလည်းဖြစ် ပါတယ်။

Credit: Shwe Soccer