








Credit:

ယူနိုက်တက် အသင်းသည် အက်စ်တွန်ဗီလာလိုအသင်းနဲ့ ကစားခဲ့ရပေမယ့်လည်း ခြေစွမ်းက တော်တော်လေးကို ဆိုးရွားခဲ့ပြီး အမှားတွေလည်း အများကြီး ကျူးလွန်ခဲ့တာ တွေ့ရကာ တပွဲလုံးမှာ အပိုင် ဂိုး ကန်သွင်းခွင့်

အမြောက်အများရခဲ့ပေမယ့် ဂရင်းဝုဒ်ရဲ့ တကိုယ်ကောင်းဆန်မှုကြောင့် နစ်နာခဲ့ရပြီး ဗီလာရဲ့ တိုက်စစ်ကိုလည်း ဒီပွဲမှာ အမှားများနေတဲ့ မက်ဂွိုင်းယားဦးဆောင်တဲ့ ခံစစ်က အသည်းအသန် ခုခံခဲ့ရ ပါတယ်။

ဒီပွဲမှာ ကြားရက်မှာ အနားရထားတဲ့ ရော်နယ်ဒို၊ ပေါ့ဘာ၊ ဗာရန်းနဲ့ မက်ဂွိုင်းယားတို့ ပုံစံကောင်းမပြသနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဖာနန်ဒက်စ်ကလည်း အပိုင်ဂိုးသွင်းခွင့်တွေ ဖြုန်းတီးခဲ့ သလို သရေတမှတ်ရမယ့် ပင်နယ်တီကိုလည်း လွဲချော်အောင် ကန်ခဲ့တဲ့အထိ အခြေအနေ ဆိုးရွားခဲ့ပါတယ်။

ဗီလာအတွက် တလုံးတည်းသောဂိုးကို ၈၈ မိနစ်မှာ နောက်တန်း ကစားသမား ဟောက်စ်က ထောင့်ကန်ဘောကနေ ခေါင်းတိုက်သွင်းယူသွားတာ ဖြစ်ပါတယ်။ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၃ မိနစ်မှာ

ယူနိုက်တက် ကပင်နယ်တီရရှိခဲ့ပေမယ့် ဘရူနိုရဲ့ ကန်ချက် မိုးပေါ်ထောင်သွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဗီလာက ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး မန်ယူနိုက်တက်ကတော့ ဒီနှစ်ရာသီ ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ တိုးသွားခဲ့ရပါ တယ်။

ဗီလာနဲ ရှုံးပွဲ နဲ့ပတ်သတ်ပြီး ယူနိုက်တက်ရဲ့ ဂိုးသမား ဖြစ်တဲ့ ဒေးဗစ်ဒီဂီယာ ကအခုလိုရင်ဖွင့်လာတာ တွေ့ရဘာတယ် ။

“ပရီးမီးယားလိဂ်လိုဖလားမျိုးကိုလိုချင်ရင် ဒီလိုပွဲတွေတော့အနိုင်ကန်ရမှာပေါ့”

“တော်တော်စိတ်ပျက်ဖို့ကောင်းတဲ့နေ့တစ်နေ့ပါ။ ဒါပေမယ့် ဒီနေ့ရှုံးပွဲအတွက် ဘာအကြောင်းပြချက်မှပေးစရာမရှိဘူးလို့ကျနော်ထင်တယ်။ ပရီးမီးယားလိဂ်လိုဖလားမျိုးကိုလိုချင်ရင် ဒီလိုပွဲတွေတော့နိုင်အောင်ကန် ရမှာပေါ့”

“ကျနော်တို့ Set-Piece ကနေ ဂိုးပေးခဲ့ရပြီ။ ရုပ်သံ အနှေးပြကွက်ကိုပြန်ကြည့်တဲ့အခါ သူတို့သွင်းတဲ့ဂိုးကလူကျွံနေတာလည်းဖြစ်ချင်ဖြစ်နိုင်တာပဲ။ နောက်ပြီး Ollie Watkins နေရာယူထားတာ ကျနော်နဲ့တော်တော်ကပ် လွန်း တယ်”

Credit: