Credit:
မန်ချက်စတာယူတိုက်တတ်အသင်းရဲ့နည်းပြဆိုးလ်ရှားက အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာရှုံးနိမ့်ရတာဟာ နာကျင်စရာကောင်းပြီး VAR ကြောင့် မိမိတို့အသင်း နစ်နာခဲ့ရပြန်ပြီလို့လည်း ဖွင့်ဟလိုက်ပါတယ်။ မန်ယူ ဟာ
စီရော်နယ်ဒို၊ ဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာ၊ မက်ဂွိုင်းယားတိုနဲ့ လူစုံခဲ့ပေမယ့်လည်း ပွဲပြီးခါနီးမှာ ဗီလာနောက်ခံလူ ဟော့စ်ရဲ့ခေါင်းတိုက်ဂိုးကြောင့် ဒီရာသီ ပထမဆုံးသော လိဂ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ သရဲနီတွေဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးနိမ့်ထားသလို အိုးလ်ထရက်ဖို့ဒ် အိမ်ကွင်း ၂ ပွဲဆက်တိုက် အရေးနိမ့်ခဲ့ရတာလည်း ဖြစ်ပါ တယ်။
ဗီလာက ဦးဆောင်ဂိုးသွင်းပြီး မကြာခင်မှာပဲ မန်ယူဟာ ပင်နယ်တီကန်ခွင့်ရပေမယ့်လည်း ဖာနန်ဒက်စ်ကန်တာ ဂိုးဘားတန်းပေါ်ကျော်သွားခဲ့လို့ သရေတမှတ်ရဖို့ နစ်နာခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားက ဟော့စ်ခေါင်းမတိုက်ခင် ဗီလာတိုက်စစ်မှူး ဝက်ကင်ဟာ ဒီဂီယာရဲ့အရှေ့ဖက်ကပိတ်ရပ်ကာ အနှောင့်အယှက်ပေးခဲ့သလို လူလည်းကျွံနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လည်း
ဒိုင်လူကြီးက VAR ပြန်ကြည့် ဖို့ ပျက်ကွက်ခဲ့တာကြောင့် နော်ဝေသားက ပေါက်ကွဲနေတာပါ။ ” ကျွန်တော်တို့ VAR ကြောင့် နောက်တခေါက် ပေးဆပ်ခဲ့ရပါတယ်။ ကံမကောင်းပါဘူး။ ဝက်ကင်က ဒီဂီယာကိုကိုယ်နဲ့ထိထားပြီး အနှောင့်အယှက်ပေးနေတာ တွေ့ရမှာဖြစ်ပါတယ်။ VAR ဆုံးဖြတ်ချက်တွေက ဘယ်နေရာမှာမှ လိုက်လျောညီထွေဖြစ် တာမျိုး ကျွန်တော်မမြင်ဖူးပါဘူး ” လို့ ဆိုးလ်ရှားက ဖွင့်ဟပါတယ်။ ဒါပေမဲ့
ပင်နယ်တီလွဲချော်ခဲ့တဲ့ ဖာနန်ဒက်စ်ကိုတော့ ဆိုးလ်ရှားက ကာကွယ်ပေးခဲ့ပြီး ပေါ်တူဂီသားဟာ ကြံ့ခိုင်သန်မာသူတယောက်ဖြစ်တာကြောင့် လာမယ့်ပွဲတွေမှာ အကောင်းဆုံးပြန်လာမယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။
Credit: