Credit
ယူနိုက်တက် အသင်းသို့ ပြောင်းရွေ့ကစားချင်ကြောင်း အေစီမီလန် အသင်းမှ အိုင်ဗရီကို့စ် ကြယ်ပွင့် ကွင်းလယ် ကစားသမား ကတ်ဆီး က ဖွင့်ဟ ပြောကြားသွား ခဲ့တာ တွေ့ရဘာတယ် ။
ကတ်ဆီးဟာ အေစီမီလန်အသင်းနဲ့အခုရာသီကုန်ကျရင်စာချုပ်သက်တမ်း ပြည့်မှာဖြစ်ပေမယ့် သူက စာချုပ်သက်တမ်းတိုးဖို့ဆန္ဒမရှိဖြစ်နေတာပါ။ အဲဒါကြောင့် လာမယ့်ဇန်နဝါရီလ အပြောင်းအရွေ့ စျေးကွက်မှာ တခြား
အသင်းတစ်သင်းနဲ့ အပြောင်းအရွှေ့ကိစ္စအတွက် အကြိုသဘောတူညီမှုရယူခွင့်ရှိတွေ့ရပြီး ယူနိုက်တက် အသင်းက အခြအနေ ကောင်းနေတာ တွေ့ရကာ ကတ်ဆီးကလည်း သူ့ကစားဟန်အရ ယူနိုက်တက် အသင်း မှာအဆင်ပြေနိုင်မယ်လို့ ယူဆနေတာပါ။
ဒါပေမဲ့ အေစီမီလန်အသင်းကတော့ သူတို့ရဲ့အဓိက, ကွင်းလယ် ကစားသမား တစ်ဦးဖြစ်သူ ကတ်ဆီးကို လွယ်လွယ်နဲ့အဆုံးရှုံးခံသွားမှာ မဟုတ်ဘဲ စာချုပ်သက်တမ်းတိုးနိုင်ဖို့ကြိုးစားသွားမှာဖြစ်တယ်ဆိုပြီး
နည်းပြစတီဖာနိုပီအိုလီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ မီဒီယာတွေနဲ့တွေ့ဆုံခဲတုန်းက ဖွင့်ဟပြောဆိုခဲ့ပါတယ်။ ၂၀၁၇-၁၈ ရာသီတုန်းက အက်တလန်တာအသင်းကနေေ အစီမီလန်
အသင်းဆီအငှားနဲ့ပြောင်းရွှေ့ခဲ့ချိန်မှာ ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ကတ်ဆီးကို အေစီမီလန်အသင်းက အပြီးသတ်စာချုပ်ချုပ်ဆိုခဲ့ပြီး အခုအချိန်အထိ ကတ်ဆီးဟာ အသင်းအတွက်ပွဲပေါင်း(၁၉၀)ကစား၊ ဂိုး(၃၀)သွင်းယူခဲ့ပါတယ်။
Credit