ယူနိုက္တဒ္ ရဲ့ လူစာရင္းေရြးခ်ယ္မႈ႔အရ ဆိုးလ္ရွား အေနနဲ႔ ခံစစ္လုံျခဳံမႈ႔ထက္ တိုက္စစ္ကိုပိုမိုလိုက္ပါေစရန္ ေရြးခ်ယ္ခဲ့သလို သူ႔ရဲ့ အေကာင္းဆုံး တိုက္စစ္အခင္းအက်င္းကို အသုံးျပဳခဲ့ပါတယ္။ ေရွာ၊မက္ဂြိဳင္းယား နဲ႔ ဘစ္ဆာကာ တို႔မပါဝင္နိုင္တာေၾကာင့္ တဲလက္စ္၊လင္ဒီေလာဖ့္ နဲ႔ ဒါးေလာ့ကို ေျပာင္းလဲ အသုံးျပဳကာ ဗာရန္း နဲ႔ တြဲဖက္ေပးခဲ့သလို

ကြင္းလယ္မွာေတာ့ ေတာ္မေနး နဲ႔ ေပါဂ့္ဘာ ကို တြဲဖက္ ေစခဲ့ပါတယ္။ ဘ႐ူနို က နံပတ္ (၁၀) ေနရာကေနပါဝင္ခဲ့ၿပီး ေဂ်ဒန္ဆန္ခ်ိဳ ၊ဂရင္းဝုဒ္ တို႔နဲ႔အတူ ေရာ္နယ္ဒိုက ဦးေဆာင္လာပါတယ္။ ဗီလာရီးရဲလ္ အသင္းကေတာ့ အဓိက တိုက္စစ္မႈး မိုရီနို မပါနိုင္တာ ကလြဲလို႔ လူစုံတက္စုံပါဝင္လာသလို အူနိုင္းအမ္မရီ က ဒီေန႔ပြဲမွာ ခံစစ္ကိုပိုမိုက်စ္လစ္စြာ ကစားၿပီး တန္ျပန္တိုက္စစ္နဲ႔ သေရ သို႔မဟုတ္ အနိုင္ရလာဒ္ ရယူနိုင္ေရး ႀကိဳးပမ္းလာပါတယ္။

ဒီပြဲမတိုင္ခင္ ႏွစ္ပြဲဆက္အေရးနိမ့္ထားလို႔ ယူနိုက္တဒ္ က အေတာ္ေလး ဖိဖိစီးစီး ကစားလိုဟန္ရွိၿပီး ပြဲစတာနဲ႔ တိုက္စစ္ဆင္ေနေပမယ့္ တကယ္တမ္း ထိေရာက္ခဲ့တာကေတာ့ ဗီလာရီးရဲလ္ တိုက္စစ္ပဲ ျဖစ္ပါတယ္။ ပထမပိုင္းမွာ ဗီလာရီးရဲလ္ ရဲ့ ဘယ္ေတာင္ပံကစားသမား ဂရိုနီဗဲလ္ အေတာ္ေလး ေျခစြမ္းျပခဲ့ၿပီး ဒါးေလာ့တစ္ေယာက္ ေပၚတို ျပန္ေရာက္သြားသည္အထိ ေျခစြာျပခဲ့ပါတယ္။ ဒေဟးယား ေၾကာင့္သာမဟုတ္ရင္ ပထမပိုင္း မိနစ္(၃၀) အတြင္း ဂရိုနီဗဲလ္ ေၾကာင့္

ယူနိုက္တဒ္အေနနဲ႔ ေသခ်ာေပါက္ သုံးဂိုးခန႔္ေပးရနိင္ပါတယ္။ဗီလာရီးရဲလ္ အေနနဲ႔ ခံစစ္ကေန ဘယ္ေတာင္ပံကို ေဘာလုံးျဖတ္တင္ၿပီး တန္ျပန္တိုက္စစ္ ကစားတာကလြဲရင္ ထူးထူးျခားျခားနည္းဗ်ဴဟာမ်ိဳး ခ်မွတ္ခဲ့ျခင္း မရွိေပမယ့္ ယူနိုက္တဒ္ ကြင္းလယ္နဲ႔ေနာက္တန္းကေတာ့ အေတာ္ေလး႐ုန္းကန္ခဲ့ရၿပီး ဒေဟးယား ကယ္ေနလို႔သာ အိုးထရဒ့္ဖိုဒ့္ မွာ ႐ုပ္မေပါက္ပဲ အရႈံးမျပတ္ခဲ့တာ ျဖစ္ပါတယ္။ ဆိုးလ္ရွား ရဲ့အသင္းက တိက်တဲ့ကစားဟန္မရွိသလို ၿပိဳင္ဘက္ရဲ့ ကြင္းလယ္ နဲ႔ ခံစစ္ၾကားကို ေက်ာ္ျဖတ္ ေပးနိုင္မယ့္ ကြင္းလယ္လူတစ္ဦး မျဖစ္မေနလိုအပ္ ေနၿပီး ဒီျပသနာကို ေျဖရွင္း နိုင္ျခင္းမရွိရင္ ရာသီတေလၽွာက္ အေတာ္ေလးဒုကၡမ်ားမွာအေသခ်ာပါပဲ။

ယူနိုက္တဒ္ အေနနဲ႔ ဒီေန႔ပြဲမွာ ပထမပိုင္း မွာတင္ ဗီလာရီးရဲလ္ အသင္း ကိုေသခ်ာေပါက္ဂိုးဝင္နိုင္တဲ့ ကန္သြင္းခ်က္ (၅)ႀကိမ္အထိ ခြင့္ျပဳခဲ့ရသလို ဒေဟးယားကေလးႀကိမ္ကိုကာကြယ္ခဲ့ကာ တစ္ႀကိမ္ကေခ်ာ္ထြက္သြားလို႔ကံေကာင္းခဲ့ပါတယ္။

ဒုတိယပိုင္းမွာလည္း ယူနိုက္တဒ္က တိုက္စစ္ဆင္ေနေပမယ့္ တကယ္တမ္း ဦးေဆာင္ဂိုးရသြားခဲ့တာကေတာ့ ဗီလာရီးရဲလ္ အသင္းပဲ ျဖစ္ပါတယ္။ ပထမပိုင္းတစ္ပိုင္းလုံး ဒုကၡေပးေနတဲ့ ဘယ္ျခမ္းကေနပဲ ထြက္လာတဲ့ ေဘာလုံးကိူ အလ္ကာဆာ က ေခါင္းတိုက္သြင္းယူၿပီးေနာက္ ဒေဟးယား ရဲ့ အေကာင္းဆုံးကာကြယ္မႈ႔ေတြကိုေက်ာ္လႊားနိုင္ခဲ့ပါတယ္။

ယူနိုက္တဒ္ ဖက္ကေတာ့ ဖိအားေအာက္ က်ေရာက္သြားေပမယ့္ ေရာ္နယ္ဒို ရဲ့ စိတ္ဓာတ္ျမႇင့္တင္မႈ႔နဲ႔အတူ ခ်က္ခ်င္းဆိုသလို တည္ကန္ေဘာကေန ဘ႐ူနို ကန္တင္ေပးတာကို တဲလက္စ္ က အလွပဆုံး ေျမမက်ကန္ခ်က္နဲ႔ ေဝ့ဝိုက္အဆုံးသတ္ၿပီးေနာက္ ယူနိုက္တဒ္ အတြက္ ေခ်ပဂိုး စတင္ရရွိခဲ့ပါတယ္။ ဗီလာရီးရဲလ္ အသင္းကေတာ့ ဒီေန႔ ပြဲမွာ လူေပးရင္းျဖစ္ေစ၊ဂိုးကေန ျဖစ္ေစ အခ်ိန္ဆြဲေလ့ရွိၿပီး တန္ျပန္တိုက္စစ္ကို အဓိကထားကစားေစတာေၾကာင့္ ခံစစ္တန္း လူမစုံတဲ့ ယူနိုက္တဒ္ အေနနဲ႔ အေတာ္ေလး ဒုကၡမ်ားခဲ့ပါတယ္။

ဒေဟးယား ရဲ့ ကာကြယ္မႈ႔ေတြေနာက္ တဲလက္စ္ ရဲ့ ပိတ္ဆို႔မႈ႔အဆုံး ကာဗာနီဝင္ေရာက္လာတဲ့ေနာက္မွာေတာ့ ပြဲအေျခအေနကေျပာင္းလဲလာပါတယ္။ ကာဗာနီ ရဲ့႐ုန္းကန္မႈ႔ကေနပဲ ေဘာလုံးရခဲ့တဲ့ေနာက္ ဖရဒ္ ကန္တင္ေပးတာကို ေရာ္နယ္ဒို နဲ႔ လင္ဂါဒ့္ က စည္းအတြင္း အေကာင္းဆုံးခ်ိတ္ဆက္နိုင္ခဲ့ကာ ေရာ္နယ္ဒိူ က သူ႔အတြက္ (၁၃၇)ဂိုးေျမာက္ စံခ်ိန္တင္ဂိုးကိုရယူေပးခဲ့ကာ သုံးပြဲဆက္အိမ္ကြင္းရႈံးမယ့္ ေဘးကေန ကယ္တင္ေပးနိုင္ခဲ့တာလည္းျဖစ္ ပါတယ္။

Credit:

ယူနိုက်တဒ် ရဲ့ လူစာရင်းရွေးချယ်မှု့အရ ဆိုးလ်ရှား အနေနဲ့ ခံစစ်လုံခြုံမှု့ထက် တိုက်စစ်ကိုပိုမိုလိုက်ပါစေရန် ရွေးချယ်ခဲ့သလို သူ့ရဲ့ အကောင်းဆုံး တိုက်စစ်အခင်းအကျင်းကို အသုံးပြုခဲ့ပါတယ်။ ရှော၊မက်ဂွိုင်းယား နဲ့ ဘစ်ဆာကာ တို့မပါဝင်နိုင်တာကြောင့် တဲလက်စ်၊လင်ဒီလောဖ့် နဲ့ ဒါးလော့ကို ပြောင်းလဲ အသုံးပြုကာ ဗာရန်း နဲ့ တွဲဖက်ပေးခဲ့သလို

ကွင်းလယ်မှာတော့ တော်မနေး နဲ့ ပေါဂ့်ဘာ ကို တွဲဖက် စေခဲ့ပါတယ်။ ဘရူနို က နံပတ် (၁၀) နေရာကနေပါဝင်ခဲ့ပြီး ဂျေဒန်ဆန်ချို ၊ဂရင်းဝုဒ် တို့နဲ့အတူ ရော်နယ်ဒိုက ဦးဆောင်လာပါတယ်။ ဗီလာရီးရဲလ် အသင်းကတော့ အဓိက တိုက်စစ်မှုး မိုရီနို မပါနိုင်တာ ကလွဲလို့ လူစုံတက်စုံပါဝင်လာသလို အူနိုင်းအမ်မရီ က ဒီနေ့ပွဲမှာ ခံစစ်ကိုပိုမိုကျစ်လစ်စွာ ကစားပြီး တန်ပြန်တိုက်စစ်နဲ့ သရေ သို့မဟုတ် အနိုင်ရလာဒ် ရယူနိုင်ရေး ကြိုးပမ်းလာပါတယ်။

ဒီပွဲမတိုင်ခင် နှစ်ပွဲဆက်အရေးနိမ့်ထားလို့ ယူနိုက်တဒ် က အတော်လေး ဖိဖိစီးစီး ကစားလိုဟန်ရှိပြီး ပွဲစတာနဲ့ တိုက်စစ်ဆင်နေပေမယ့် တကယ်တမ်း ထိရောက်ခဲ့တာကတော့ ဗီလာရီးရဲလ် တိုက်စစ်ပဲ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ဗီလာရီးရဲလ် ရဲ့ ဘယ်တောင်ပံကစားသမား ဂရိုနီဗဲလ် အတော်လေး ခြေစွမ်းပြခဲ့ပြီး ဒါးလော့တစ်ယောက် ပေါ်တို ပြန်ရောက်သွားသည်အထိ ခြေစွာပြခဲ့ပါတယ်။ ဒဟေးယား ကြောင့်သာမဟုတ်ရင် ပထမပိုင်း မိနစ်(၃၀) အတွင်း ဂရိုနီဗဲလ် ကြောင့်

ယူနိုက်တဒ်အနေနဲ့ သေချာပေါက် သုံးဂိုးခန့်ပေးရနိင်ပါတယ်။ဗီလာရီးရဲလ် အနေနဲ့ ခံစစ်ကနေ ဘယ်တောင်ပံကို ဘောလုံးဖြတ်တင်ပြီး တန်ပြန်တိုက်စစ် ကစားတာကလွဲရင် ထူးထူးခြားခြားနည်းဗျူဟာမျိုး ချမှတ်ခဲ့ခြင်း မရှိပေမယ့် ယူနိုက်တဒ် ကွင်းလယ်နဲ့နောက်တန်းကတော့ အတော်လေးရုန်းကန်ခဲ့ရပြီး ဒဟေးယား ကယ်နေလို့သာ အိုးထရဒ့်ဖိုဒ့် မှာ ရုပ်မပေါက်ပဲ အရှုံးမပြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှား ရဲ့အသင်းက တိကျတဲ့ကစားဟန်မရှိသလို ပြိုင်ဘက်ရဲ့ ကွင်းလယ် နဲ့ ခံစစ်ကြားကို ကျော်ဖြတ် ပေးနိုင်မယ့် ကွင်းလယ်လူတစ်ဦး မဖြစ်မနေလိုအပ် နေပြီး ဒီပြသနာကို ဖြေရှင်း နိုင်ခြင်းမရှိရင် ရာသီတလျှောက် အတော်လေးဒုက္ခများမှာအသေချာပါပဲ။

ယူနိုက်တဒ် အနေနဲ့ ဒီနေ့ပွဲမှာ ပထမပိုင်း မှာတင် ဗီလာရီးရဲလ် အသင်း ကိုသေချာပေါက်ဂိုးဝင်နိုင်တဲ့ ကန်သွင်းချက် (၅)ကြိမ်အထိ ခွင့်ပြုခဲ့ရသလို ဒဟေးယားကလေးကြိမ်ကိုကာကွယ်ခဲ့ကာ တစ်ကြိမ်ကချော်ထွက်သွားလို့ကံကောင်းခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း ယူနိုက်တဒ်က တိုက်စစ်ဆင်နေပေမယ့် တကယ်တမ်း ဦးဆောင်ဂိုးရသွားခဲ့တာကတော့ ဗီလာရီးရဲလ် အသင်းပဲ ဖြစ်ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံး ဒုက္ခပေးနေတဲ့ ဘယ်ခြမ်းကနေပဲ ထွက်လာတဲ့ ဘောလုံးကိူ အလ်ကာဆာ က ခေါင်းတိုက်သွင်းယူပြီးနောက် ဒဟေးယား ရဲ့ အကောင်းဆုံးကာကွယ်မှု့တွေကိုကျော်လွှားနိုင်ခဲ့ပါတယ်။

ယူနိုက်တဒ် ဖက်ကတော့ ဖိအားအောက် ကျရောက်သွားပေမယ့် ရော်နယ်ဒို ရဲ့ စိတ်ဓာတ်မြှင့်တင်မှု့နဲ့အတူ ချက်ချင်းဆိုသလို တည်ကန်ဘောကနေ ဘရူနို ကန်တင်ပေးတာကို တဲလက်စ် က အလှပဆုံး မြေမကျကန်ချက်နဲ့ ဝေ့ဝိုက်အဆုံးသတ်ပြီးနောက် ယူနိုက်တဒ် အတွက် ချေပဂိုး စတင်ရရှိခဲ့ပါတယ်။ ဗီလာရီးရဲလ် အသင်းကတော့ ဒီနေ့ ပွဲမှာ လူပေးရင်းဖြစ်စေ၊ဂိုးကနေ ဖြစ်စေ အချိန်ဆွဲလေ့ရှိပြီး တန်ပြန်တိုက်စစ်ကို အဓိကထားကစားစေတာကြောင့် ခံစစ်တန်း လူမစုံတဲ့ ယူနိုက်တဒ် အနေနဲ့ အတော်လေး ဒုက္ခများခဲ့ပါတယ်။

ဒဟေးယား ရဲ့ ကာကွယ်မှု့တွေနောက် တဲလက်စ် ရဲ့ ပိတ်ဆို့မှု့အဆုံး ကာဗာနီဝင်ရောက်လာတဲ့နောက်မှာတော့ ပွဲအခြေအနေကပြောင်းလဲလာပါတယ်။ ကာဗာနီ ရဲ့ရုန်းကန်မှု့ကနေပဲ ဘောလုံးရခဲ့တဲ့နောက် ဖရဒ် ကန်တင်ပေးတာကို ရော်နယ်ဒို နဲ့ လင်ဂါဒ့် က စည်းအတွင်း အကောင်းဆုံးချိတ်ဆက်နိုင်ခဲ့ကာ ရော်နယ်ဒိူ က သူ့အတွက် (၁၃၇)ဂိုးမြောက် စံချိန်တင်ဂိုးကိုရယူပေးခဲ့ကာ သုံးပွဲဆက်အိမ်ကွင်းရှုံးမယ့် ဘေးကနေ ကယ်တင်ပေးနိုင်ခဲ့တာလည်းဖြစ် ပါတယ်။

Credit