ခ်န္ပီယံလိဂ္အုပ္စုပြဲစဥ္ (၂)အျဖစ္ မန္ခ်က္စတာယူနုိက္တတ္အသင္း နဲ႕ ဗီလာရီးရဲလ္အသင္းတို႔ဟာ အိုးထရတ္ဖိုဒ့္ကြင္းထဲမွာ ယွဥ္ျပိဳင္ကစားခဲ့ရာမွာေတာ့ မန္ခ်က္စတာယူနိုက္တတ္အသင္းက ဗီလာရီးရဲလ္အသင္းကို ၂-၁ ဂိုးရလဒ္နဲ႕ အနိုင္ရရွိခဲ့ပါတယ္။ ပြဲြစဥ္ရဲ့ ပထမပိုင္းမွာေတာ့ သြင္းဂိုးေတြ မျမင္ခဲ့ရေပမဲ့ ပြဲခ်ိန္ ဒုတိယပိုင္း ၅၃ မိနစ္မွာ အယ္လ္ကာဆာ ၊ ၆၀ မိနစ္မွာ အဲလက္စ္ တဲလက္စ္ ၊ နာက်င္္ခ်ိန္ပို ေနာက္ဆုံးမိနစ္မွာ လင္ဂတ္ရဲ့ ဖန္တီးေပးမႈက တစ္ဆင့္ ေရာ္နယ္ဒို ဂိုးသြင္းယူ နိုင္ခဲ့ျခင္းက

အိမ္ရွင္တို႔ကို အဖိုးတန္ နိုင္ပြဲ ရရွိသြားေစခဲ့တာပဲ ျဖစ္ပါတယ္ ။ ဒီနိုင္ပြဲေၾကာင့္ ၿပီးခဲ့တဲ့ ပြဲစဥ္ 4 ပြဲမွာ 3 ပြဲ အထိ ရႈံးနိမ့္ခဲ့တဲ့ အတြက္ ဖိအားေတြေအာက္ က်ေရာက္ခဲ့ရတဲ့ ဆိုးလ္ရွား စိတ္သက္သာရာ ရရွိသြားခဲ့ရပါတယ္ ။ အဆိုပါ ပြဲစဥ္မွ ေျပာစရာ ျဖစ္ခဲ့ရတဲ့ အခ်က္ 5 ခ်က္ကို ေဖာ္ျပေပးလိုက္္ပါတယ္ ။

ယူနိုက္တက္ အသင္းရဲ့ နံပါတ္တစ္ ဂိုးသမား ေဒးဗစ္ ဒီဂီယာဟာ ၿပီးခဲ့တဲ့ ရာသီက ဗီလာရီးယဲ အသင္းကို ယူရိုပါလိဂ္ ဖိုင္နယ္မွာ ရင္ဆိုင္ခဲ့ရခ်ိန္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူရာမွာ တစ္ႀကိမ္မွ မဖမ္းနိုင္ခဲ့တဲ့အျပင္ ပင္နယ္တီ ကန္္သြင္းမႈပါ လြဲေခ်ာ္ခဲ့ၿပီး ဗီလိန္ ျဖစ္ခဲ့ပါေသးတယ္ ။ ဒါေပမဲ့ ဒီေန႔ပြဲမွာေတာ့

ဒီဂီယာဟာ စပိန္သားေတြရဲ့ ဂိုးျဖစ္နိုင္တဲ့ ကန္ခ်က္ 3 ႀကိမ္ေလာက္ကို အထူး လက္စြမ္းၿပ ကာကြယ္နိုင္ခဲ့တဲ့ အျပင္ ဂိုးေပါက္ ကာကြယ္မႈ 6 ႀကိမ္ အထိ လုပ္ျပကာ ပြဲစဥ္ရဲ့ ဟီးရိုး ျဖစ္သြားနိုင္ခဲ့ပါတယ္ ။ တကယ့္ကို စိတ္ေက်နပ္စရာ စြမ္းေဆာင္ရည္ပါပဲ ။ ဒီႏွစ္ ဒီဂီယာ ျပသေနခဲ့တဲ့ ၊

တည္ၿငိမ္တဲ့ လက္စြမ္းေတြက ပြဲထြက္ခြင္ ရရွိနိုင္ဖို႔ ေစာင့္ေမၽွာ္ေနခဲ့တဲ့ ဂိုးသမားေလး ဒင္းန္ ဟန္ဒါဆန္ အတြက္ေတာ့ စိတ္မေကာင္းစရာျဖစ္ေနမွာ အေသအခ်ာပါပဲ ။

ဒီေန႔ပြဲမွာေတာ့ ႏွစ္ဖက္အသင္း ပရိသတ္ေတြရဲ့ အာ႐ုံကို ဖမ္းစားသြားနိုင္ခဲ့တဲ့ ကစားသမားကေတာ့ ဘုန္းေမာက္မွ ဗီလာ ရီးယဲ အသင္းဆီ ေျပာင္းေရႊ႕သြားခဲ့တဲ့ အသက္ 24 ႏွစ္အရြယ္ ေတာင္ပံတိုက္စစ္ ကစားသမားျဖစ္သူ ဒန္ဂ်ဴးမားပဲ ျဖစ္ပါတယ္ ။ ဒီေန႔ပြဲမွာေတာ့ ဒန္ဂ်ဴးမားဟာ ဘစ္ဆာကာ မပါတဲ့

ယူနိုက္တက္ ခံစစ္ကို အေတာ္ေလး ဒုကၡေပးနိုင္ခဲ့ၿပီး ဒါးေလာ့ ၊ လင္ဒီေလာ့ တို႔ကို စိတ္ပ်က္ဖြယ္ ပြဲစဥ္ တစ္ပြဲ ေပးသြားနိုင္ခဲ့ပါတယ္ ။ ဒါ့အျပင္ သူ႔ရဲ့ ဂိုးေပါက္ ကန္ခ်က္ေတြက ဒီဂီယာကိုလည္း အလုပ္မ်ားသြားေစခဲ့ပါတယ္ ။ ဒီပြဲမွာေတာ့ ဗီလာ ရီးယဲရဲ့

တစ္လုံးတည္းေသာ သြင္းဂိုးကိုလည္း ဒန္ဂ်ဴးမား ကပဲ ဖန္တီးေပးသြားနိုင္ခဲ့တာပဲ ျဖစ္ပါတယ္ ။ နယ္သာလန္ လက္ေရြးစင္ဟာ ဒီႏွစ္ေတာ့ ထိပ္္သီးကလပ္ေတြ ေစာင့္ၾကည့္သင့္တဲ့ ကစားသမားမ်ိဳး ျဖစ္ေနခဲ့ပါၿပီ ။

အာရြန္ ဝမ္ ဘစ္ဆာကာလို ခံစစ္ ကစားပုံ ေကာင္းလြန္းတဲ့ ကစားသမားမ်ိဳး ရွိေနတဲ့ အသင္းမွာ ပြဲထြက္ခြင့္ ရနိုင္ဖို႔ ဆိုတာက ဒါးေလာ့ အတြက္ေတာ့ တကယ့္ကို ခက္ခဲတဲ့ စိန္ေခၚမႈ တစ္ခုပါပဲ ။ အခုေတာ့ ဘစ္ဆာကာ

အနီကဒ္ထိၿပီး မပါဝင္နိုင္ခ်ိန္မွာ ဒါးေလာ့ဟာ ရွားရွားပါးပါး ပြဲထြက္ခြင့္ ရရွိနိုင္ခဲ့ပါတယ္ ။ ဒါေပမဲ့ ဒီပြဲမွာေတာ့ သူဟာ ဒန္ဂ်ဴးမား ကို ထိန္းျပနိုင္ဖို႔ အေတာ္ေလး ႐ုန္းကန္ေနခဲ့ရတဲ့ အျပင္ တိုက္စစ္ ကစားပုံ ​ေကာင္းမြန္တဲ့ ကစားသမား ျဖစ္သူဟာ တိုက္စစ္ပိုင္းကိုလည္း ေမၽွာ္လင့္ထားသေလာက္ ပံ့ပိုး ကူညီေပးနိုင္ျခင္း မရွိခဲ့ပါဘူး ။ ယခင္ကေတာ့

ယူနိုက္တက္ ပရိသတ္ေတြက အငွားခ်ည္္းပဲ ထြက္ေနခဲ့ရတဲ့ ကစားသမားဟာ ဒီေႏြမွာ အသင္းေျပာင္းလိမ့္မယ္လို႔ ထင္မွတ္ခဲ့ၾကပါေသးတယ္ ။ ဒါေပမဲ့ အသင္းမွာပဲ ဆက္ရွိခဲ့တဲ့ ဒါးေလာ့ဟာ အခြင့္အေရး ရရွိခဲ့ခ်ိန္ ဒန္ဂ်ဴးမားလို ၿပိဳင္ဖက္ေၾကာင့္ အစြမ္းျပခြင့္ ကင္းမဲ့သြားခဲ့ရပါတယ္ ။

ဒါးေလာ့နဲ႔ တူညီတဲ့ အျဖစ္အပ်က္မ်ိဳး ပိုင္ဆိုင္ထားတဲ့ ေနာက္္ထပ္ ကစားသမား တစ္ဦးကေတာ့ အဲလက္စ္ တဲလက္စ္ပဲ ျဖစ္ပါတယ္ ။ သူဟာလည္း လုခ္ေရွာကို ​ေက်ာ္ၿပီး ပြဲထြက္ ကစားခြင့္ ရရွိနိုင္ဖို႔ ႐ုန္းကန္ ေနခဲ့ရတဲ့

ကစား သမား တစ္ဦး ျဖစ္ေနခဲ့ရပါတယ္ ။ ဒါေပမဲ့ ေရွာ ဒဏ္ရာ ရရွိခ်ိန္ ပြဲထြက္ခြင့္ ရရွိခဲ့တဲ့ တဲလက္စ္ဟာ ခံစစ္ ကစားပုံေရာ တိုက္စစ္ ကစားပုံပါ ထိုက္သင့္တာထက္ ပိုေကာင္းေအာင္ ကစားျပနိုင္ခဲ့ၿပီး အဖိုးတန္ ေျခပဂိုးကိုလည္း ေျမမက် ကန္ခ်က္နဲ႔ အတူ ရယူေပးနိုင္ခဲ့ပါတယ္ ။ ဘရာဇီးသား အတြက္ေတာ့ အမွတ္တရပြဲစဥ္ ၊ အမွတ္တရ သြင္းဂိုး ျဖစ္ေနမွာ အေသအခ်ာပါပဲ ။

ေဂ်ဒန္ ဆန္ခ်ိဳ ဆိုတာ ယူနိုက္တက္ ပရိသတ္ေတြေရာ ၊ အသင္းကပါ အရမ္း လိုခ်င္ေနခဲ့တဲ့ ကစားသမား တစ္ဦး ျဖစ္ခဲ့ပါတယ္ ။ အဲ့လို ျဖစ္ေအာင္လည္း ေဒါ့မြန္ အသင္းမွာ ျပသခဲ့တဲ့ သူ႔ရဲ့ ေျခစြမ္း ၊ စြမ္းေဆာင္ရည္ေတြက ထူးကဲလြန္းေနခဲ့ ပါတယ္ ။ ဒါေပမဲ့ ယူနိုက္တက္မွာေတာ့ သူ႔ရဲ့ ​အမိုက္စား ​ေျခစြမ္းေတြက အခုထိ ထြက္ေပၚ မလာေသးပါဘူး ။

ဒါ့ေၾကာင့္လည္း သူ႔ရဲ့ ပြဲကစားခြင့္ မိနစ္ေတြဟာ ရရွိသင့္တာထက္ နည္းပါး ေနခဲ့ရတာပဲ ျဖစ္ပါတယ္ ။ ဒီပြဲမွာလည္း သူဟာ ပြဲထြက္ ကစားခြင့္ ရရွိခဲ့ျပန္ၿပီး ပရိသတ္ေတြရဲ့ ေမၽွာ္လင့္္ခ်က္ မ်ားစြာ ထားရွိမႈကို ခံခဲ့ရပါတယ္ ။ ဒါေပမဲ့ သူဟာ အခုထိ ေျခးစြမ္းေကာင္းေတြ ျပသနိုင္ဖို႔ ႐ုန္းကန္ေနရဆဲ ပါပဲ ။

Credit:

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၂)အဖြစ် မန်ချက်စတာယူနိုက်တတ်အသင်း နဲ့ ဗီလာရီးရဲလ်အသင်းတို့ဟာ အိုးထရတ်ဖိုဒ့်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ မန်ချက်စတာယူနိုက်တတ်အသင်းက ဗီလာရီးရဲလ်အသင်းကို ၂-၁ ဂိုးရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲွစဉ်ရဲ့ ပထမပိုင်းမှာတော့ သွင်းဂိုးတွေ မမြင်ခဲ့ရပေမဲ့ ပွဲချိန် ဒုတိယပိုင်း ၅၃ မိနစ်မှာ အယ်လ်ကာဆာ ၊ ၆၀ မိနစ်မှာ အဲလက်စ် တဲလက်စ် ၊ နာကျင််ချိန်ပို နောက်ဆုံးမိနစ်မှာ လင်ဂတ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ရော်နယ်ဒို ဂိုးသွင်းယူ နိုင်ခဲ့ခြင်းက

အိမ်ရှင်တို့ကို အဖိုးတန် နိုင်ပွဲ ရရှိသွားစေခဲ့တာပဲ ဖြစ်ပါတယ် ။ ဒီနိုင်ပွဲကြောင့် ပြီးခဲ့တဲ့ ပွဲစဉ် 4 ပွဲမှာ 3 ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ အတွက် ဖိအားတွေအောက် ကျရောက်ခဲ့ရတဲ့ ဆိုးလ်ရှား စိတ်သက်သာရာ ရရှိသွားခဲ့ရပါတယ် ။ အဆိုပါ ပွဲစဉ်မှ ပြောစရာ ဖြစ်ခဲ့ရတဲ့ အချက် 5 ချက်ကို ဖော်ပြပေးလိုက််ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ ပြီးခဲ့တဲ့ ရာသီက ဗီလာရီးယဲ အသင်းကို ယူရိုပါလိဂ် ဖိုင်နယ်မှာ ရင်ဆိုင်ခဲ့ရချိန် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ တစ်ကြိမ်မှ မဖမ်းနိုင်ခဲ့တဲ့အပြင် ပင်နယ်တီ ကန််သွင်းမှုပါ လွဲချော်ခဲ့ပြီး ဗီလိန် ဖြစ်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဒီနေ့ပွဲမှာတော့

ဒီဂီယာဟာ စပိန်သားတွေရဲ့ ဂိုးဖြစ်နိုင်တဲ့ ကန်ချက် 3 ကြိမ်လောက်ကို အထူး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တဲ့ အပြင် ဂိုးပေါက် ကာကွယ်မှု 6 ကြိမ် အထိ လုပ်ပြကာ ပွဲစဉ်ရဲ့ ဟီးရိုး ဖြစ်သွားနိုင်ခဲ့ပါတယ် ။ တကယ့်ကို စိတ်ကျေနပ်စရာ စွမ်းဆောင်ရည်ပါပဲ ။ ဒီနှစ် ဒီဂီယာ ပြသနေခဲ့တဲ့ ၊

တည်ငြိမ်တဲ့ လက်စွမ်းတွေက ပွဲထွက်ခွင် ရရှိနိုင်ဖို့ စောင့်မျှော်နေခဲ့တဲ့ ဂိုးသမားလေး ဒင်းန် ဟန်ဒါဆန် အတွက်တော့ စိတ်မကောင်းစရာဖြစ်နေမှာ အသေအချာပါပဲ ။

ဒီနေ့ပွဲမှာတော့ နှစ်ဖက်အသင်း ပရိသတ်တွေရဲ့ အာရုံကို ဖမ်းစားသွားနိုင်ခဲ့တဲ့ ကစားသမားကတော့ ဘုန်းမောက်မှ ဗီလာ ရီးယဲ အသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ အသက် 24 နှစ်အရွယ် တောင်ပံတိုက်စစ် ကစားသမားဖြစ်သူ ဒန်ဂျူးမားပဲ ဖြစ်ပါတယ် ။ ဒီနေ့ပွဲမှာတော့ ဒန်ဂျူးမားဟာ ဘစ်ဆာကာ မပါတဲ့

ယူနိုက်တက် ခံစစ်ကို အတော်လေး ဒုက္ခပေးနိုင်ခဲ့ပြီး ဒါးလော့ ၊ လင်ဒီလော့ တို့ကို စိတ်ပျက်ဖွယ် ပွဲစဉ် တစ်ပွဲ ပေးသွားနိုင်ခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ဂိုးပေါက် ကန်ချက်တွေက ဒီဂီယာကိုလည်း အလုပ်များသွားစေခဲ့ပါတယ် ။ ဒီပွဲမှာတော့ ဗီလာ ရီးယဲရဲ့

တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ဒန်ဂျူးမား ကပဲ ဖန်တီးပေးသွားနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ နယ်သာလန် လက်ရွေးစင်ဟာ ဒီနှစ်တော့ ထိပ််သီးကလပ်တွေ စောင့်ကြည့်သင့်တဲ့ ကစားသမားမျိုး ဖြစ်နေခဲ့ပါပြီ ။

အာရွန် ဝမ် ဘစ်ဆာကာလို ခံစစ် ကစားပုံ ကောင်းလွန်းတဲ့ ကစားသမားမျိုး ရှိနေတဲ့ အသင်းမှာ ပွဲထွက်ခွင့် ရနိုင်ဖို့ ဆိုတာက ဒါးလော့ အတွက်တော့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှု တစ်ခုပါပဲ ။ အခုတော့ ဘစ်ဆာကာ

အနီကဒ်ထိပြီး မပါဝင်နိုင်ချိန်မှာ ဒါးလော့ဟာ ရှားရှားပါးပါး ပွဲထွက်ခွင့် ရရှိနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ဒီပွဲမှာတော့ သူဟာ ဒန်ဂျူးမား ကို ထိန်းပြနိုင်ဖို့ အတော်လေး ရုန်းကန်နေခဲ့ရတဲ့ အပြင် တိုက်စစ် ကစားပုံ ​ကောင်းမွန်တဲ့ ကစားသမား ဖြစ်သူဟာ တိုက်စစ်ပိုင်းကိုလည်း မျှော်လင့်ထားသလောက် ပံ့ပိုး ကူညီပေးနိုင်ခြင်း မရှိခဲ့ပါဘူး ။ ယခင်ကတော့

ယူနိုက်တက် ပရိသတ်တွေက အငှားချည််းပဲ ထွက်နေခဲ့ရတဲ့ ကစားသမားဟာ ဒီနွေမှာ အသင်းပြောင်းလိမ့်မယ်လို့ ထင်မှတ်ခဲ့ကြပါသေးတယ် ။ ဒါပေမဲ့ အသင်းမှာပဲ ဆက်ရှိခဲ့တဲ့ ဒါးလော့ဟာ အခွင့်အရေး ရရှိခဲ့ချိန် ဒန်ဂျူးမားလို ပြိုင်ဖက်ကြောင့် အစွမ်းပြခွင့် ကင်းမဲ့သွားခဲ့ရပါတယ် ။

ဒါးလော့နဲ့ တူညီတဲ့ အဖြစ်အပျက်မျိုး ပိုင်ဆိုင်ထားတဲ့ နောက််ထပ် ကစားသမား တစ်ဦးကတော့ အဲလက်စ် တဲလက်စ်ပဲ ဖြစ်ပါတယ် ။ သူဟာလည်း လုခ်ရှောကို ​ကျော်ပြီး ပွဲထွက် ကစားခွင့် ရရှိနိုင်ဖို့ ရုန်းကန် နေခဲ့ရတဲ့

ကစား သမား တစ်ဦး ဖြစ်နေခဲ့ရပါတယ် ။ ဒါပေမဲ့ ရှော ဒဏ်ရာ ရရှိချိန် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ တဲလက်စ်ဟာ ခံစစ် ကစားပုံရော တိုက်စစ် ကစားပုံပါ ထိုက်သင့်တာထက် ပိုကောင်းအောင် ကစားပြနိုင်ခဲ့ပြီး အဖိုးတန် ခြေပဂိုးကိုလည်း မြေမကျ ကန်ချက်နဲ့ အတူ ရယူပေးနိုင်ခဲ့ပါတယ် ။ ဘရာဇီးသား အတွက်တော့ အမှတ်တရပွဲစဉ် ၊ အမှတ်တရ သွင်းဂိုး ဖြစ်နေမှာ အသေအချာပါပဲ ။

ဂျေဒန် ဆန်ချို ဆိုတာ ယူနိုက်တက် ပရိသတ်တွေရော ၊ အသင်းကပါ အရမ်း လိုချင်နေခဲ့တဲ့ ကစားသမား တစ်ဦး ဖြစ်ခဲ့ပါတယ် ။ အဲ့လို ဖြစ်အောင်လည်း ဒေါ့မွန် အသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ခြေစွမ်း ၊ စွမ်းဆောင်ရည်တွေက ထူးကဲလွန်းနေခဲ့ ပါတယ် ။ ဒါပေမဲ့ ယူနိုက်တက်မှာတော့ သူ့ရဲ့ ​အမိုက်စား ​ခြေစွမ်းတွေက အခုထိ ထွက်ပေါ် မလာသေးပါဘူး ။

ဒါ့ကြောင့်လည်း သူ့ရဲ့ ပွဲကစားခွင့် မိနစ်တွေဟာ ရရှိသင့်တာထက် နည်းပါး နေခဲ့ရတာပဲ ဖြစ်ပါတယ် ။ ဒီပွဲမှာလည်း သူဟာ ပွဲထွက် ကစားခွင့် ရရှိခဲ့ပြန်ပြီး ပရိသတ်တွေရဲ့ မျှော်လင့််ချက် များစွာ ထားရှိမှုကို ခံခဲ့ရပါတယ် ။ ဒါပေမဲ့ သူဟာ အခုထိ ခြေးစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရဆဲ ပါပဲ ။

Credit: