Unicode
လူစားဝင် ကစားသမား ကစားသမားဘဝ မရောက်ချင်ဘူးလို့ ဂျက်စီ လင်ဂတ် က ဝန်ခံပြောကြားသွားခဲ့တာ တွေ့ရဘာတယ် ။ ဂျက်စီ လင်ဂတ် သည် အန်ဒိုရာ၊ ဟန်ဂေရီတို့နဲ့ ကစားမယ့် ၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် အင်္ဂလန်အသင်း
လူစာရင်းမှာရွေးချယ်ခံထားရပါတယ်။ ပြီးခဲ့တဲ့လက ဝက်စ်ဟမ်းအသင်းကို (၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာ လင်ဂတ်ဟာ ပွဲပြီးခါနီးမှ လူစားဝင် ကစားခွင့်ရ
ခဲ့ပေမယ့် အရေးပါတဲ့အနိုင်ဂိုးသွင်းယူခဲ့သလို ဗီလာရီးယဲလ်နဲ့ ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း သူ့ရဲ့ဖန်တီးပေးမှုကြောင့် စီရော်နယ်လ်ဒိုက အနိုင်ဂိုးသွင်းယူနိုင်ခဲ့ တာ
ပါ။ ဂျက်စီ လင်ဂတ် က “ကစားသမားတိုင်းဟာ ပွဲတိုင်းမှာပွဲထွက် ကစားသမားအဖြစ် ပါဝင် ကစားခွင့်ရချင်တဲ့သူတွေပါပဲ။ အရန်.အဖြစ်အသုံးပြုမယ်ဆိုရင်လည်း အဆင်သင့် ရှိနေအောင် ကျွန်တော်အမြဲတမ်းပြင်ဆင်ထားပါ တယ်။ အခုလောလောဆယ်
မှာ ကျွန်တော်ဟာ လူစားဝင်ကစားသမားအဖြစ်သာပါဝင်ကစားခွင့်ရနေပေမယ့်လည်း ကျွန်တော့်ရဲ့ခြေစွမ်းအရ လာမယ့်ရက်သတ္တပတ်တွေမှာတော့ ပွဲကစားခွင့် အပြောင်းအလဲဖြစ်မယ်လို့မျှော်လင့်ပါတယ်”ဆိုပြီးပြောကြားခဲ့တာဖြစ် ပါတယ်။
ခ ရက် ဒစ်