


crd

ဒီကနေ့ညယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တတ်အသင်းဟာ ခရစ်စတယ်ပဲလေ့အသင်းကို 1-0 နဲ့အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တတ်တို့ရဲ့ အနိုင်ဂိုးကိုတော့ ပွဲစဉ်ချိန် ၇၇ မိနစ်အချိန်မှာ ဂရင်းဝုဒ်ရဲ့ ပေးဘောကို ဖရက်ဒ်က ဂိုးအဖြစ်သွင်းယူပေးခဲ့တာပါ။ နည်းပြသစ်ကလည်း ယူနိုက်တတ်အသင်းရဲ့ နည်းစနစ်ပိုင်းတစ်ချို့ကိုပြန်လည်ပြင်ဆင်ထားကာ အသင်းလိုက်ကစားအားလဲတိုးတတ်လာတာကိုတွေ့ရပါတယ်။

ဒီပွဲဟာဆိုရင် ယူနိုက်တတ်နည်းပြသစ် ရန်းဂ်နက်စ်ရဲ့ ပထမဆုံးပွဲဦးထွက်ဖြစ်တာကြောင့် တန်ဖိုးရှိလှတဲ့ပွဲဖြစ်ပြီး ယူနိုက်တတ်တပ်သား တို့ရဲ့ နည်းပြသစ်ကို ၃ မှတ်အပြည့်နဲ့ကြိုဆိုခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။

crd