ဗီအဲရာရဲ့ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ တစ္ဂိုးတည္းနဲ႔ကပ္နိုင္တဲ့ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူနိုက္တတ္ယာယီနည္းျပသစ္ ရက္ဂ္နစ္က သရဲနီေတြရဲ့စြမ္းေဆာင္မႈအေပၚ မွတ္ခ်က္ေပးလိုက္ပါတယ္။ အဲဒါကေတာ့ သူေမၽွာ္မွန္းထားတာထက္ ပိုပါတယ္လို႔ ခ်ီးက်ဴးသြားခဲ့တာပါ။ ဂ်ာမန္သားႀကီးဟာ

မန္ခ်က္စတာယူနိုက္တတ္ယူနည္းျပဘဝပြဲဦးထြက္မွာ ဖရက္ဒ္ရဲ့တစ္လုံးတည္းေသာဂိုးနဲ႔ အမွတ္ျပည့္ယူၿပီး တာထြက္လွခဲ့ပါတယ္။ ပြဲစတာနဲ႔ တိုက္စစ္ဆင္နိုင္ခဲ့သလို အခြင့္အေရးေတြလည္းရခဲ့ေပမယ့္ မန္ယူဟာ ပထမပိုင္းကို ဂိုးမရွိသေရရလဒ္နဲ႔သာ ေက်နပ္ခဲ့ရတာပါ။ တနည္းအားျဖင့္ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းအထိရွိၿပီး ဂိုးကန္သြင္းခြင့္ ၁၂ ႀကိမ္ရခဲ့ေပမယ့္ ၂ ႀကိမ္သာ ဂိုးေပါက္တည့္ခဲ့တာပါ။

ဒါေပမဲ့ ဒုတိယပိုင္း ၇၇ မိနစ္မွာေတာ့ ဖရက္ဒ္က ဂိုးဧရိယာျပင္ပကေနကန္သြင္းၿပီး အနိုင္ဂိုးရယူေပးခဲ့တာျဖစ္ပါတယ္။ ရက္ဂ္နစ္ကေတာ့ အသင္းရဲ့ပထမပိုင္းေျခစြမ္းကို ေက်နပ္ေနသလို ဂိုးမေပးခဲ့ရတာဟာ အေရးအႀကီးဆုံးပဲလို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။ “ ဒီပြဲနဲ႔ပတ္သက္ၿပီး ကၽြန္ေတာ္ သိပ္ကိုေပ်ာ္ရႊင္ရပါတယ္။ အထူးသျဖင့္ ပထမပိုင္းပါ။

ျမင့္မားတဲ့အာ႐ုံစူးစိုက္မႈကို ကၽြန္ေတာ္တို႔ ထိန္းသိမ္းနိုင္ခဲ့တယ္။ ကစားႏႈန္းလည္း ေကာင္းတယ္။ ခံစစ္ကလည္း ပြဲတစ္ေလၽွာက္လုံး ေကာင္းမြန္စြာ ကာကြယ္ထိန္းခ်ဳပ္နိုင္ခဲ့တယ္။ ဒီအတြက္ ကၽြန္ေတာ္ သိပ္ေပ်ာ္ရပါတယ္။ ဂိုးမေပးခဲ့ရတာကေတာ့ အေရးအႀကီးဆုံးပါပဲ။

ကၽြန္ေတာ့္ရဲ့ပထမဆုံးအႀကိမ္ သတင္းစာရွင္းလင္းပြဲကတည္းက တိုးတက္ဖို႔လိုေနေသးတယ္လို႔ ေျပာခဲ့ၿပီးသားပါ။ ဂိုးမေပးရဖို႔နဲ႔ ပြဲကိုထိန္းခ်ဳပ္တဲ့ေနရာေတြမွာေပါ့။ ဒီေန႔ ကၽြန္ေတာ္တို႔ လုပ္နိုင္ခဲ့ပါတယ္။ ရိုးရိုးသားသားေျပာရရင္ ကၽြန္ေတာ္ ေမၽွာ္မွန္းတာထက္ အသင္းက ပိုလုပ္ျပနိုင္ခဲ့တာပါ ” လို႔ ရန္းနစ္က ပြဲအၿပီးသတင္းစာရွင္းလင္းပြဲမွာ ဖြင့္ဟသြားခဲ့ပါ တယ္။

ခရစ္ဒစ္

ဗီအဲရာရဲ့ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ တစ်ဂိုးတည်းနဲ့ကပ်နိုင်တဲ့ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တတ်ယာယီနည်းပြသစ် ရက်ဂ်နစ်က သရဲနီတွေရဲ့စွမ်းဆောင်မှုအပေါ် မှတ်ချက်ပေးလိုက်ပါတယ်။ အဲဒါကတော့ သူမျှော်မှန်းထားတာထက် ပိုပါတယ်လို့ ချီးကျူးသွားခဲ့တာပါ။ ဂျာမန်သားကြီးဟာ

မန်ချက်စတာယူနိုက်တတ်ယူနည်းပြဘဝပွဲဦးထွက်မှာ ဖရက်ဒ်ရဲ့တစ်လုံးတည်းသောဂိုးနဲ့ အမှတ်ပြည့်ယူပြီး တာထွက်လှခဲ့ပါတယ်။ ပွဲစတာနဲ့ တိုက်စစ်ဆင်နိုင်ခဲ့သလို အခွင့်အရေးတွေလည်းရခဲ့ပေမယ့် မန်ယူဟာ ပထမပိုင်းကို ဂိုးမရှိသရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ တနည်းအားဖြင့် ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းအထိရှိပြီး ဂိုးကန်သွင်းခွင့် ၁၂ ကြိမ်ရခဲ့ပေမယ့် ၂ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့တာပါ။

ဒါပေမဲ့ ဒုတိယပိုင်း ၇၇ မိနစ်မှာတော့ ဖရက်ဒ်က ဂိုးဧရိယာပြင်ပကနေကန်သွင်းပြီး အနိုင်ဂိုးရယူပေးခဲ့တာဖြစ်ပါတယ်။ ရက်ဂ်နစ်ကတော့ အသင်းရဲ့ပထမပိုင်းခြေစွမ်းကို ကျေနပ်နေသလို ဂိုးမပေးခဲ့ရတာဟာ အရေးအကြီးဆုံးပဲလို့ ချီးကျူးသွားခဲ့ပါတယ်။ “ ဒီပွဲနဲ့ပတ်သက်ပြီး ကျွန်တော် သိပ်ကိုပျော်ရွှင်ရပါတယ်။ အထူးသဖြင့် ပထမပိုင်းပါ။

မြင့်မားတဲ့အာရုံစူးစိုက်မှုကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်ခဲ့တယ်။ ကစားနှုန်းလည်း ကောင်းတယ်။ ခံစစ်ကလည်း ပွဲတစ်လျှောက်လုံး ကောင်းမွန်စွာ ကာကွယ်ထိန်းချုပ်နိုင်ခဲ့တယ်။ ဒီအတွက် ကျွန်တော် သိပ်ပျော်ရပါတယ်။ ဂိုးမပေးခဲ့ရတာကတော့ အရေးအကြီးဆုံးပါပဲ။

ကျွန်တော့်ရဲ့ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကတည်းက တိုးတက်ဖို့လိုနေသေးတယ်လို့ ပြောခဲ့ပြီးသားပါ။ ဂိုးမပေးရဖို့နဲ့ ပွဲကိုထိန်းချုပ်တဲ့နေရာတွေမှာပေါ့။ ဒီနေ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် မျှော်မှန်းတာထက် အသင်းက ပိုလုပ်ပြနိုင်ခဲ့တာပါ ” လို့ ရန်းနစ်က ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟသွားခဲ့ပါ တယ်။

ခရစ်ဒစ်