



ခ ရက် ဒစ်

မန်ချက်စတာယူနိုက်တတ်အသင်းဟာ မက်ဂွိုင်းကို ထုတ်ပယ်ပြီး ဒီလိဂ်နဲ့အစားထိုးဖို့မြင်နေတယ်လို့သိရပါတယ်။နယ်သာလန်လက်ရွေးစင်ကစားသမားဒီလိဂ်ဟာ အေဂျက်စ်အသင်းမှာကစားခဲ့ချိန် ၂၀၁၉ ခုနှစ်တုန်းက

ယူနိုက်တက်အသင်းဆီပြောင်းရွှေ့မယ်လို့သတင်းထွက်ခဲ့ဖူးပေမယ့် နောက်ဆုံးမှာတော့ ဂျူဗင်တပ်စ်အသင်းဆီ ယူရို(၈၅)သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ဘာတယ် ။ ဒါပေမဲ့ ဒီလိဂ်ဟာ ဂျူဗင်တပ်စ်အသင်းကစားသမားဘဝ ပထမဆုံး(၂)ရာသီမှာ ပုံမှန်ခြေစွမ်း ပြနိုင်ဖို့ရုန်းကန်ခဲ့ရပြီး ဒီရာသီမှာ အသင်းအတွက်စုစုပေါင်း(၁၆)ပွဲပါဝင်ကစားခဲ့ပါတယ်။ မက်ဂွိုင်းယားရဲ့ေ နရာမှာအစားထိုးဖို့အတွက်

နောက်တန်း ကစားသမား တချို့မဖြစ်မနေခေါ်ရမှာပါ။ မက်ဂွိုင်းယားဟာ ကစားသမားကောင်း၊ ဆိုပေမယ့် သူ ခြေစွမ်းမပြနိုင်တဲ့ပွဲတွေက ပိုများလာပြီး လျင်မြန်တဲ့ပြိုင်ဘက်နဲ့တစ်ယောက်ချင်းရင်ဆိုင်ရတာမျိုးဆိုရင် မက်ဂွိုင်းယား ဒုက္ခရောက်ပါပြီ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြေးအားကောင်းပြီး အမြင့်ဘောအားသာတဲ့ နောက်တန်း ကစားသမား တစ်ဦးလိုအပ်နေပြီး ဒီလိဂ်ကိုခေါ်ယူဖို့ မျက်စိကျနေတာ တွေ့ရပါတယ် ။

ခ ရက် ဒစ်