ခရစ်ဒစ်
မနေ့ညက မန်ချက်စတာယူနိုက်တတ်အသင်းဟာ ပဲလေ့အသင်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲအပြီး အသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့သလို အနိုင်ဂိုးရှင် ဖရက်ဒ်ကိုလည်း နောက်ပြောင်စကားဆိုခဲ့ပါသေးတယ်။ ဒီပွဲမှာ ယူနိုက်တက်တို့ ဖရက်ဒ်ရဲ့တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး
ဒီဂိုးကို ဖရက်ဒ်က ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာပါ။ ပွဲအပြီးမှာ ဘရူနိုဖာနန်ဒက်စ်က “ကျနော်တို့ နောက်ဆုံး အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲကလို ဆက်သွားဖို့ လိုအပ်ခဲ့ပါတယ်။ အခုလည်း ပျော်ပါတယ်။ ဘာလို့လဲဆိုတော့ (၃) မှတ်ရခဲ့လို့ပါ။
ရလဒ်က အခုထက်တောင် ပိုကောင်းနိုင်ခဲ့ပါတယ် ဖရက်ဒ်ဆီမှာ ဒါမျိုး အခိုက်အတန့်တွေရှိပြီးသားပါ။ တနှစ်ကို တကြိမ်လောက် ဒါမျိုးကန်ပါတယ်။ လူတိုင်းက သူ့အတွက် ပျော်နေပါတယ်။ ဘာလို့လဲဆိုတော့ သူက လူကောင်းတယောက်မို့လို့ပါ။
သူက အလုပ်အများကြီးလုပ်နေပေမယ့် လူတွေက သူ့ဆိုရင် ဂုဏ်မပြုကြပါဘူး သူ့အတွက် ချီးကျူးဂုဏ်ပြုမှုတွေနဲ့ ထိုက်တန်ပါတယ်။ ဒါက ပွဲအပေါ်လည်း မူတည်ပါတယ်။ တခါတလေ ခင်ဗျားက အများကြီး ပိုဖိကစားရတယ်၊ တခါတလေတော့ နည်းတာပေါ့။
ဒါပေမယ့် အခုနည်းပြက ကျနော်တို့ကို အများကြီး Pressing လုပ်စေချင်တာပါ ပထမပိုင်း (၂၅) မိနစ်ကတော့ တကယ်ကို ထိပ်တန်းအရှိန်တခုနဲ့ ကစားခဲ့ပြီး ပထမပိုင်းမှာတင် ကျနော်တို့ ဂိုးတွေအများကြီး သွင်းနိုင်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ ပါတယ်။
ခရစ်ဒစ်