ဂ်ာမဏီ လူမ်ိဳး နည္းၿပ ရန္းနစ္ သည္ အဂၤလန္ နိုင္ငံမွာ အလုပ္လုပ္ဖို့ အလုပ္ ပါမစ္ ရရွိ သြားခဲ့တာေၾကာင့္ မေန႔ညက ပြဲမွာ ယူနိုက္တက္ ကို စတင္ ကိုင္တြယ္ခဲ့တာ ေတြ့ရျပီး ရန္းနစ္ ရဲ့ ပထမဆုံး ပြဲမွာ ေတာ့ ၁ – ၀ ရလဒ္ နဲ႔ ၿပီးဆုံး ခဲ့ကာ ယူနိုက္တက္ ကြင္းလယ္ ကစားသမား ဖရက္ဒ္ က အနိုင္ဂိုးရွင္ ျဖစ္ခဲ့ ပါတယ္ ။ ယူနိုက္တက္ ဟာ ပြဲစကတည္းက

ရန္းနစ္ ရဲ့ ကစားဟန္ ျဖစ္တဲ့ ဖိအားေပး ကစားပုံကို ေဖာ္ေဆာင္ဖို႔ အားထုတ္ ခဲ့ၿပီး ပထမပိုင္းမွာ ပဲေလ့စ္ ကို ကစားကြက္ တည္လို႔ မရေအာင္ စြမ္းေဆာင္ ထားနိုင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပဲေလ့စ္ ဘက္ကလည္း ယူနိုက္တက္ တိုက္စစ္ တိုးမေပါက္ေအာင္ ကာကြယ္ ပိတ္ဆို႔ ထား နိုင္ခဲ့ၿပီး

အပိုင္အခြင့္ အေရးေတြကို ဖန္တီးခြင့္ မေပးခဲ့ ပါဘူး ။ ဒုတိယပိုင္း ၇၇ မိနစ္ မွာေတာ့ ဖရက္ဒ္ က ဧရိယာ အစပ္ကေန ညာေျခနဲ႔ လွမ္းကန္ကာ ယူနိုက္တက္ အတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပး သြားခဲ့ ပါတယ္ ။ ပဲေလ့စ္ ဟာ ဖရက္ဒ္ ရဲ့ ဂိုးမတိုင္ခင္ က ဂိုးရဖို႔ အရမ္းေကာင္းတဲ့ အခြင့္အေရးကို ပိုင္ဆိုင္ ခဲ့ ေပမယ့္

ေဂ်ာ္ဒန္ အယူး ပိတ္သြင္းဖို႔ လိုအပ္ ေနခဲ့တာေၾကာင့္ အေဝးကြင္းကေန လက္ဗလာ နဲ႔ အိမ္ျပန္ ခဲ့ရ ပါတယ္ ။ ပြဲ အၿပီးမွာေတာ့ ဗီယာရာ က ရပ္ဖ္ရန္းနစ္ ေၾကာင့္ ယူနိုက္တက္အသင္း ကို ရႈံးခဲ့ရတာပါလို႔ ဖြင့္ဟေျပာဆို လာခဲ့တာ ေတြ့ရဘာတယ္ ။ “ယူနိုက္တက္ က နည္းျပသစ္ နဲ႔ ျဖစ္သြားလို႔

သူတို႔ ဘယ္လို ကစားမလဲ ဆိုတာကို ကၽြန္ေတာ္တို႔ မသိနိုင္ခဲ့ ပါဘူး ။ ဒါေပမယ့္ ကၽြန္ေတာ္တို႔ ဘက္က အေကာင္းဆုံး ျပင္ဆင္ လာခဲ့ ပါတယ္ ။ ယူနိုက္တက္ ဘက္က အခြင့္အေရး နည္းနည္းပဲ ရခဲ့တာပါ ။ သေရ ျဖစ္ခဲ့သင့္တဲ့ ပြဲပါပဲ ။ နိုင္ပြဲ နဲ႔ေတာင္ ကၽြန္ေတာ္တို႔ နီးစပ္ ခဲ့တာပါ ။ ဒါေပမယ့္ ေဘာလုံးမွာက ဒီလို ပါပဲ ။ ကိုယ္ ဘာေတြ အားနည္း ခဲ့လဲ ဆိုတာကို ျပန္သုံးသပ္ၿပီး ပိုေကာင္းေအာင္ လုပ္ရမွာပါ ၂ သင္းစလုံး အခြင့္အေရးေတြ အမ်ားႀကီး မရခဲ့ ပါဘူး ။

ကၽြန္ေတာ္တု႔ိ ကေတာင္ အရင္ ဂိုးမယ့္ အခြင့္အေရး ကို ရခဲ့တာပါ ။ေဂ်ာ္ဒန္ အယူး ဒါကို အသုံးမခ် နိုင္ခဲ့ ပါဘူး ။ အသင္းႀကီးေတြနဲ႔ ရင္ဆိုင္ ရၿပီဆိုရင္ ဒီလို အခြင့္ အေရး လက္လႊတ္ရမႈမ်ိဳးက ကိုယ့္ကို ျပန္ၿပီး ဒဏ္ခတ္ တတ္ပါတယ္ ။ ဒီလိုပြဲမ်ိဳးမွာ အခြင့္အေရးက နည္းနည္းပဲ ရမွာပါ ၊ ဒါကို အသုံးခ်နိုင္ဖို႔ လိုပါတယ္” “ ေဂ်ာ္ဒန္ အယူး က အသင္းလိုက္ ကစားတတ္တဲ့သူပါ ၊ ဒါေပမယ့္ ေရွ႕တန္းလူေတြ ဆိုတာ သြင္းဂိုးေတြ နဲ႔ပဲ ဆုံးျဖတ္ ခံရပါတယ္ ။

ဒီေန႔ ပြဲမွာ သူ လြတ္သြားတဲ့ အခြင့္အေရး အတြက္ ကၽြန္ေတာ္ တကယ္ပဲ စိတ္ပ်က္ မိတာေတာ့ အမွန္ပါ ။ အသင္းလိုက္ ကစားပုံ မွာလည္း ေျပာစရာေတြ ရွိပါတယ္ ။ ေဘာလုံးကို ရဲရဲ ကိုင္ ကစားရတဲ့ သူေတြ သိပ္ မရွိခဲ့ ပါဘူး ။ ကိုယ့္ ေျခထဲမွာတင္ ေဘာလုံးကို ေကာင္းေကာင္း မထိန္းခ်ဳပ္ နိုင္ခဲ့တာပါ” လို႔ ဗီယာရာ က ေျပာဆို သြားခဲ့ ပါ တယ္ ။

ခရစ္ဒစ္

ဂျာမဏီ လူမျိုး နည်းပြ ရန်းနစ် သည် အင်္ဂလန် နိုင်ငံမှာ အလုပ်လုပ်ဖို့ အလုပ် ပါမစ် ရရှိ သွားခဲ့တာကြောင့် မနေ့ညက ပွဲမှာ ယူနိုက်တက် ကို စတင် ကိုင်တွယ်ခဲ့တာ တွေ့ရပြီး ရန်းနစ် ရဲ့ ပထမဆုံး ပွဲမှာ တော့ ၁ – ၀ ရလဒ် နဲ့ ပြီးဆုံး ခဲ့ကာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဖရက်ဒ် က အနိုင်ဂိုးရှင် ဖြစ်ခဲ့ ပါတယ် ။ ယူနိုက်တက် ဟာ ပွဲစကတည်းက

ရန်းနစ် ရဲ့ ကစားဟန် ဖြစ်တဲ့ ဖိအားပေး ကစားပုံကို ဖော်ဆောင်ဖို့ အားထုတ် ခဲ့ပြီး ပထမပိုင်းမှာ ပဲလေ့စ် ကို ကစားကွက် တည်လို့ မရအောင် စွမ်းဆောင် ထားနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပဲလေ့စ် ဘက်ကလည်း ယူနိုက်တက် တိုက်စစ် တိုးမပေါက်အောင် ကာကွယ် ပိတ်ဆို့ ထား နိုင်ခဲ့ပြီး

အပိုင်အခွင့် အရေးတွေကို ဖန်တီးခွင့် မပေးခဲ့ ပါဘူး ။ ဒုတိယပိုင်း ၇၇ မိနစ် မှာတော့ ဖရက်ဒ် က ဧရိယာ အစပ်ကနေ ညာခြေနဲ့ လှမ်းကန်ကာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေး သွားခဲ့ ပါတယ် ။ ပဲလေ့စ် ဟာ ဖရက်ဒ် ရဲ့ ဂိုးမတိုင်ခင် က ဂိုးရဖို့ အရမ်းကောင်းတဲ့ အခွင့်အရေးကို ပိုင်ဆိုင် ခဲ့ ပေမယ့်

ဂျော်ဒန် အယူး ပိတ်သွင်းဖို့ လိုအပ် နေခဲ့တာကြောင့် အဝေးကွင်းကနေ လက်ဗလာ နဲ့ အိမ်ပြန် ခဲ့ရ ပါတယ် ။ ပွဲ အပြီးမှာတော့ ဗီယာရာ က ရပ်ဖ်ရန်းနစ် ကြောင့် ယူနိုက်တက်အသင်း ကို ရှုံးခဲ့ရတာပါလို့ ဖွင့်ဟပြောဆို လာခဲ့တာ တွေ့ရဘာတယ် ။ “ယူနိုက်တက် က နည်းပြသစ် နဲ့ ဖြစ်သွားလို့

သူတို့ ဘယ်လို ကစားမလဲ ဆိုတာကို ကျွန်တော်တို့ မသိနိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် ကျွန်တော်တို့ ဘက်က အကောင်းဆုံး ပြင်ဆင် လာခဲ့ ပါတယ် ။ ယူနိုက်တက် ဘက်က အခွင့်အရေး နည်းနည်းပဲ ရခဲ့တာပါ ။ သရေ ဖြစ်ခဲ့သင့်တဲ့ ပွဲပါပဲ ။ နိုင်ပွဲ နဲ့တောင် ကျွန်တော်တို့ နီးစပ် ခဲ့တာပါ ။ ဒါပေမယ့် ဘောလုံးမှာက ဒီလို ပါပဲ ။ ကိုယ် ဘာတွေ အားနည်း ခဲ့လဲ ဆိုတာကို ပြန်သုံးသပ်ပြီး ပိုကောင်းအောင် လုပ်ရမှာပါ ၂ သင်းစလုံး အခွင့်အရေးတွေ အများကြီး မရခဲ့ ပါဘူး ။

ကျွန်တော်တို့ ကတောင် အရင် ဂိုးမယ့် အခွင့်အရေး ကို ရခဲ့တာပါ ။ဂျော်ဒန် အယူး ဒါကို အသုံးမချ နိုင်ခဲ့ ပါဘူး ။ အသင်းကြီးတွေနဲ့ ရင်ဆိုင် ရပြီဆိုရင် ဒီလို အခွင့် အရေး လက်လွှတ်ရမှုမျိုးက ကိုယ့်ကို ပြန်ပြီး ဒဏ်ခတ် တတ်ပါတယ် ။ ဒီလိုပွဲမျိုးမှာ အခွင့်အရေးက နည်းနည်းပဲ ရမှာပါ ၊ ဒါကို အသုံးချနိုင်ဖို့ လိုပါတယ်” “ ဂျော်ဒန် အယူး က အသင်းလိုက် ကစားတတ်တဲ့သူပါ ၊ ဒါပေမယ့် ရှေ့တန်းလူတွေ ဆိုတာ သွင်းဂိုးတွေ နဲ့ပဲ ဆုံးဖြတ် ခံရပါတယ် ။

ဒီနေ့ ပွဲမှာ သူ လွတ်သွားတဲ့ အခွင့်အရေး အတွက် ကျွန်တော် တကယ်ပဲ စိတ်ပျက် မိတာတော့ အမှန်ပါ ။ အသင်းလိုက် ကစားပုံ မှာလည်း ပြောစရာတွေ ရှိပါတယ် ။ ဘောလုံးကို ရဲရဲ ကိုင် ကစားရတဲ့ သူတွေ သိပ် မရှိခဲ့ ပါဘူး ။ ကိုယ့် ခြေထဲမှာတင် ဘောလုံးကို ကောင်းကောင်း မထိန်းချုပ် နိုင်ခဲ့တာပါ” လို့ ဗီယာရာ က ပြောဆို သွားခဲ့ ပါ တယ် ။

ခရစ်ဒစ်