ပဲေလ့စ္ကိုအနိုင္ရတဲ့ပြဲစဥ္မွာ တိုက္စစ္မႉးေရာ္နယ္နယ္ဒိုရဲ့ ေျခေထာက္ထဲေဘာလုံးမရွိခ်ိန္ စြမ္းေဆာင္မႈအေပၚ ယာယီနည္းျပသစ္ရန္းနစ္က ေက်နပ္ေနပါတယ္။ ေပၚတူဂီၾကယ္ပြင့္ဟာ မန္ယူကိုျပန္လာတဲ့ေနာက္ အေရးပါတဲ့ဂိုးေတြသြင္းေပးေနေပမယ့္ အသင္းရဲ့ခံစစ္ကိုမကူညီနိုင္ဘူး၊ေဘာလုံးဆုံးရႈံးခ်ိန္မွာ လိုက္မကစားဘူးဆိုတဲ့ ေဝဖန္မႈေတြေတာ့ ခံခဲ့ရပါတယ္။ အိုးလ္ထရက္ဖို႔ဒ္ျပန္ေရာက္လာတဲ့ေနာက္

ေရာ္နယ္ဒိုဟာ ၁၆ ပြဲမွာ ၁၂ ဂိုး သြင္းေပးထားပါတယ္။ ဒါေပမဲ့ မန္ယူနည္းျပသစ္အျဖစ္ ပထမဆုံးတာဝန္ယူတဲ့ပြဲမွာ နိုင္ပြဲနဲ႔ဖြင့္လွစ္နိုင္ခဲ့တဲ့ေနာက္ ရန္းနစ္ကေတာ့ ေဘာလုံးဆုံးရႈံးခ်ိန္ ေရာ္နယ္ဒိုရဲ့စြမ္းေဆာင္မႈအေပၚ ခ်ီးက်ဴးလိုက္တာပါ။ “ ကၽြန္ေတာ္တို႔ တိုက္စစ္မႉးႏွစ္ေယာက္နဲ႔ကစားခ်င္ခဲ့ပါတယ္။ အထူးသျဖင့္ ဗဟိုတိုက္စစ္မႉးေနရာမွာပါ။ စကားမစပ္ .. ေဘာလုံးဆုံးရႈံးခ်ိန္မွာ

ခရစၥတီယာနိုေရာ္နယ္ဒိုရဲ့လုပ္ေဆာင္မႈကေတာ့ ခ်ာပီအိုပါပဲ ” လို႔ ပြဲအၿပီးမွာ ရန္းနစ္က ေျပာဆိုသြားခဲ့ပါတယ္။ ခ်ာပီအိုဆိုတာက ျပင္သစ္ဘာသာစကားျဖစ္ၿပီး ဦးထုပ္ ဒါမွမဟုတ္ ဦးေခါင္းကိုဖုံးအုပ္ကာကြယ္တဲ့အရာလို႔ အဓိပၸါယ္ရပါတယ္။ ဒါေပမဲ့ နိုင္ငံတကာမွာေတာ့ လူတစ္ေယာက္ရဲ့ ကိုယ္ရည္ကိုယ္ေသြးကိုခ်ီးက်ဴးရာမွာသုံးတဲ့ အာေမဋိတ္စကားျဖစ္ပါတယ္။ ဆိုလိုတာက

ရန္းနစ္ဟာ ေရာ္နယ္ဒိုရဲ့စြမ္းေဆာင္မႈကို တေလးတစားနဲ႔ အသိအမွတ္ျပဳသြားခဲ့တာပါ။ ဒါ့အျပင္ အခုလိုပြဲဦးထြက္နိုင္ပြဲရခဲ့တာေၾကာင့္ ေပ်ာ္ရႊင္မိေပမယ့္ ဂိုးမေပးခဲ့ရတာက အေရးအႀကီးဆုံးျဖစ္တယ္လို႔လည္း ဂ်ာမန္သားနည္းျပႀကီးက ဖြင့္ဟသြားခဲ့ပါတယ္။ မန္ယူဟာ ၇၇ မိနစ္မွာ ဘရာဇီးလ္သားဖရက္ဒ္သြင္းယူေပးတဲ့ တစ္လုံးတည္းေသာဂိုးနဲ႔ ပဲေလ့စ္ ကိုအနိုင္ရခဲ့တာပါ။

ခရစ္ဒစ္

ပဲလေ့စ်ကိုအနိုင်ရတဲ့ပွဲစဉ်မှာ တိုက်စစ်မှူးရော်နယ်နယ်ဒိုရဲ့ ခြေထောက်ထဲဘောလုံးမရှိချိန် စွမ်းဆောင်မှုအပေါ် ယာယီနည်းပြသစ်ရန်းနစ်က ကျေနပ်နေပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ မန်ယူကိုပြန်လာတဲ့နောက် အရေးပါတဲ့ဂိုးတွေသွင်းပေးနေပေမယ့် အသင်းရဲ့ခံစစ်ကိုမကူညီနိုင်ဘူး၊ဘောလုံးဆုံးရှုံးချိန်မှာ လိုက်မကစားဘူးဆိုတဲ့ ဝေဖန်မှုတွေတော့ ခံခဲ့ရပါတယ်။ အိုးလ်ထရက်ဖို့ဒ်ပြန်ရောက်လာတဲ့နောက်

ရော်နယ်ဒိုဟာ ၁၆ ပွဲမှာ ၁၂ ဂိုး သွင်းပေးထားပါတယ်။ ဒါပေမဲ့ မန်ယူနည်းပြသစ်အဖြစ် ပထမဆုံးတာဝန်ယူတဲ့ပွဲမှာ နိုင်ပွဲနဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့နောက် ရန်းနစ်ကတော့ ဘောလုံးဆုံးရှုံးချိန် ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုအပေါ် ချီးကျူးလိုက်တာပါ။ “ ကျွန်တော်တို့ တိုက်စစ်မှူးနှစ်ယောက်နဲ့ကစားချင်ခဲ့ပါတယ်။ အထူးသဖြင့် ဗဟိုတိုက်စစ်မှူးနေရာမှာပါ။ စကားမစပ် .. ဘောလုံးဆုံးရှုံးချိန်မှာ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လုပ်ဆောင်မှုကတော့ ချာပီအိုပါပဲ ” လို့ ပွဲအပြီးမှာ ရန်းနစ်က ပြောဆိုသွားခဲ့ပါတယ်။ ချာပီအိုဆိုတာက ပြင်သစ်ဘာသာစကားဖြစ်ပြီး ဦးထုပ် ဒါမှမဟုတ် ဦးခေါင်းကိုဖုံးအုပ်ကာကွယ်တဲ့အရာလို့ အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ နိုင်ငံတကာမှာတော့ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုချီးကျူးရာမှာသုံးတဲ့ အာမေဋိတ်စကားဖြစ်ပါတယ်။ ဆိုလိုတာက

ရန်းနစ်ဟာ ရော်နယ်ဒိုရဲ့စွမ်းဆောင်မှုကို တလေးတစားနဲ့ အသိအမှတ်ပြုသွားခဲ့တာပါ။ ဒါ့အပြင် အခုလိုပွဲဦးထွက်နိုင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်မိပေမယ့် ဂိုးမပေးခဲ့ရတာက အရေးအကြီးဆုံးဖြစ်တယ်လို့လည်း ဂျာမန်သားနည်းပြကြီးက ဖွင့်ဟသွားခဲ့ပါတယ်။ မန်ယူဟာ ၇၇ မိနစ်မှာ ဘရာဇီးလ်သားဖရက်ဒ်သွင်းယူပေးတဲ့ တစ်လုံးတည်းသောဂိုးနဲ့ ပဲလေ့စ် ကိုအနိုင်ရခဲ့တာပါ။

ခရစ်ဒစ်