ယူနုိက္တတ္အသင္း ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲနိုင္မလားဆိုတာ သိဖို႔ေစာလြန္းေနေသးတယ္လို႔ ယာယီနည္းျပသစ္ရန္းနစ္က ဖြင့္ဟလိုက္ပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္ကမွ ၆ လ စာခ်ဳပ္နဲ႔ မန္ယူကိုေရာက္လာတာျဖစ္ေပမယ့္ ဂ်ာမန္သားနည္းျပအေပၚ ေမၽွာ္လင့္ခ်က္ေတြက ျမင့္မားေနပါတယ္။ ဒါေၾကာင့္ ယန္းဘြိဳင္းစ္နဲ႔ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မတိုင္ခင္

သတင္းစာရွင္းလင္းပြဲမွာ ခ်ဲလ္ဆီးကိုစတင္ေရာက္ရွိတဲ့ရာသီမွာပဲ မယုံနိုင္စရာေကာင္းေလာက္ေအာင္ ခ်န္ပီယံလိဂ္ဖလားရယူေပးနိုင္ခဲ့တဲ့ နည္းျပတူခ်ယ္လို ပုံတူကူးနိုင္မလားဆိုတဲ့ေမးခြန္းမ်ိဳး ရန္းနစ္ အေမးခံခဲ့ရပါတယ္။ မန္ယူယာယီနည္းျပကေတာ့ ကာလတိုအတြင္းမွာ ဒီလိုႏွိုင္းယွဥ္မႈမ်ိဳးေတြကို မလိုလားပါဘူး။ “ ဒါက ေစာလြန္းေနပါေသးတယ္။ ကၽြန္ေတာ္ ဒီကိုေရာက္တာ တစ္ပတ္သာရွိပါေသးတယ္။ ေစာလြန္းပါတယ္ဗ်ာ။

ဒါေပမဲ့ မန္ယူနဲ႔အတူ ၿပိဳင္ပြဲတိုင္းမွာ ေအာင္ျမင္ခ်င္သလို ရည္မွန္းခ်က္လည္းထားပါတယ္ ” လို႔ ရန္းနစ္က ေျဖသြားခဲ့ပါတယ္။ မႏွစ္က လစၥဘြန္းမွာ တပည့္ေဟာင္းတူခ်ယ္ ေအာင္ပြဲခံနိုင္ခဲ့တဲ့အေပၚမွာေတာ့ ဂ်ာမန္သားနည္းျပႀကီးက ခ်ီးက်ဴးထားပါတယ္။

ဆက္လက္ၿပီး ယန္းဘြိဳင္းစ္နဲ႔ပြဲမွာ ကစားသမားအလွည့္က်စနစ္ အသုံးျပဳသြားမယ္လို႔ ရန္းနစ္က အတည္ျပဳလိုက္ပါတယ္။ ဒါ့အျပင္ ဘယ္သူေတြ ပြဲထြက္ခြင့္ရမယ္ဆိုတာေတာ့ အခုထိ မဆုံးျဖတ္ရေသးေပမယ့္ ဂိုးသမားဟန္ဒါဆန္နဲ႔ ကြင္းလယ္လူဗန္ဒီဘိခ္တို႔ကေတာ့ ေသခ်ာတယ္လို႔ဆိုပါတယ္။ “ ပြဲေတြက်ပ္ေနတာေၾကာင့္ ကစားသမားတခ်ိဳ႕ကို အနားေပးသြားမွာပါ။ ကစားသမားအခ်ိဳ႕ ျပန္လည္သက္သာဖို႔လိုသလို

အသင္းရဲ့အရွိန္တိုးတက္ဖို႔လည္းလိုေနပါတယ္။ ၿပီးေတာ့ အုပ္စုအဖြင့္ပြဲမွာ ကၽြန္ေတာ္တို႔ ယန္းဘြိဳင္းစ္ကိုရႈံးခဲ့တာပါ။ အဲဒီအတြက္ ျပင္ဆင္ဖို႔လိုပါတယ္။ ဟန္ဒါဆန္နဲ႔ဗန္ဒီဘိခ္ကေတာ့ ပြဲထြက္စာရင္းမွာ ပါဝင္လာမွာပါ ” လို႔ ရန္းနစ္က ေျပာဆိုသြားခဲ့ပါတယ္။

ခရစ္ဒစ္

ယူနိုက်တတ်အသင်း ချန်ပီယံလိဂ်မှာ ဗိုလ်စွဲနိုင်မလားဆိုတာ သိဖို့စောလွန်းနေသေးတယ်လို့ ယာယီနည်းပြသစ်ရန်းနစ်က ဖွင့်ဟလိုက်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကမှ ၆ လ စာချုပ်နဲ့ မန်ယူကိုရောက်လာတာဖြစ်ပေမယ့် ဂျာမန်သားနည်းပြအပေါ် မျှော်လင့်ချက်တွေက မြင့်မားနေပါတယ်။ ဒါကြောင့် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မတိုင်ခင်

သတင်းစာရှင်းလင်းပွဲမှာ ချဲလ်ဆီးကိုစတင်ရောက်ရှိတဲ့ရာသီမှာပဲ မယုံနိုင်စရာကောင်းလောက်အောင် ချန်ပီယံလိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ နည်းပြတူချယ်လို ပုံတူကူးနိုင်မလားဆိုတဲ့မေးခွန်းမျိုး ရန်းနစ် အမေးခံခဲ့ရပါတယ်။ မန်ယူယာယီနည်းပြကတော့ ကာလတိုအတွင်းမှာ ဒီလိုနှိုင်းယှဉ်မှုမျိုးတွေကို မလိုလားပါဘူး။ “ ဒါက စောလွန်းနေပါသေးတယ်။ ကျွန်တော် ဒီကိုရောက်တာ တစ်ပတ်သာရှိပါသေးတယ်။ စောလွန်းပါတယ်ဗျာ။

ဒါပေမဲ့ မန်ယူနဲ့အတူ ပြိုင်ပွဲတိုင်းမှာ အောင်မြင်ချင်သလို ရည်မှန်းချက်လည်းထားပါတယ် ” လို့ ရန်းနစ်က ဖြေသွားခဲ့ပါတယ်။ မနှစ်က လစ္စဘွန်းမှာ တပည့်ဟောင်းတူချယ် အောင်ပွဲခံနိုင်ခဲ့တဲ့အပေါ်မှာတော့ ဂျာမန်သားနည်းပြကြီးက ချီးကျူးထားပါတယ်။

ဆက်လက်ပြီး ယန်းဘွိုင်းစ်နဲ့ပွဲမှာ ကစားသမားအလှည့်ကျစနစ် အသုံးပြုသွားမယ်လို့ ရန်းနစ်က အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ဘယ်သူတွေ ပွဲထွက်ခွင့်ရမယ်ဆိုတာတော့ အခုထိ မဆုံးဖြတ်ရသေးပေမယ့် ဂိုးသမားဟန်ဒါဆန်နဲ့ ကွင်းလယ်လူဗန်ဒီဘိခ်တို့ကတော့ သေချာတယ်လို့ဆိုပါတယ်။ “ ပွဲတွေကျပ်နေတာကြောင့် ကစားသမားတချို့ကို အနားပေးသွားမှာပါ။ ကစားသမားအချို့ ပြန်လည်သက်သာဖို့လိုသလို

အသင်းရဲ့အရှိန်တိုးတက်ဖို့လည်းလိုနေပါတယ်။ ပြီးတော့ အုပ်စုအဖွင့်ပွဲမှာ ကျွန်တော်တို့ ယန်းဘွိုင်းစ်ကိုရှုံးခဲ့တာပါ။ အဲဒီအတွက် ပြင်ဆင်ဖို့လိုပါတယ်။ ဟန်ဒါဆန်နဲ့ဗန်ဒီဘိခ်ကတော့ ပွဲထွက်စာရင်းမှာ ပါဝင်လာမှာပါ ” လို့ ရန်းနစ်က ပြောဆိုသွားခဲ့ပါတယ်။

ခရစ်ဒစ်