မန္ခ်က္စတာယူနုိက္တတ္အသင္းဟာ ဒီကေန႔နံနက္ပိုင္းမွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ ယန္းဘြိဳင္းအသင္းနဲ႔ ယွဥ္ျပိဳင္ကစားခဲ့ၾကရာမွာေတာ့ ယူနုိက္တတ္အသင္းရဲ႕ဦးေဆာင္ဂိုးကို ပြဲစဥ္ခ်ိန္ (၉)မိနစ္မွာ ဂရင္း၀ုဒ္က သြင္းယူခဲ့ျပီး ယန္းဘြိဳင္းအသင္းရဲ႕ ျပန္လည္ေခ်ပဂိုးကိုေတာ့ ပြဲစဥ္ခ်ိန္(၄၄)မိနစ္မွာ ေဖဘီယန္ရိုင္ဒါ ကသြင္းယူေပးခဲ့ျပီး ေနာက္ဆံုးပြဲစဥ္ခ်ိန္ထိ ၁-၁ ဂိုးသေရရလဒ္နဲ႔သာျပီးဆံုးခဲ့ၾကပါတယ္။

ဒီပြဲစဥ္မွာေတာ့ နည္းျပသစ္ ရန္းဂ္နစ္ဟာ အရန္ကစားသမားေတြကိုသာ ဦးစားေပးပြဲထုတ္ခဲ့တာကိုလည္းေတြ႔ခဲ့ရျပီး ေျခစြမ္းေကာင္းေတြကိုလည္းေတြ႔ျမင္ခဲ့ရပါတယ္။

နည္းျပရန္းနစ္ကေတာ့ “၃ရက္အတြင္းေနာဝွစ္ခ်္နဲ႔ ထပ္ကန္ရဦးမွာမို႔ လြန္ခဲ့တဲ့(၂)ရက္ကတည္းက က်ေနာ္ဆုံးျဖတ္လိုက္တယ္။ ဒီကစားသမားေတြအကုန္လုံးကို တတ္နိုင္သမၽွအခြင့္အေရး ကိုယ္စီေပးၿပီး တစ္ခ်ိဳ႕ကိုလည္းအနားေပးမယ္ဆိုၿပီးေတာ့ေပါ့။ ခ်န္ပီယံလိဂ္လိုပြဲတစ္ပြဲမွာ ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့အေနအထားမ်ိဳးနဲ႔သူတို႔ကိုျမင္ခ်င္ပါတယ္ေရွ႕မွာပြဲေတြအမ်ားႀကီးလာေနၿပီ။ ၾကပ္ညႇပ္ေနတာပဲ။ ”

“ ဒီေတာ့ လူတိုင္းရယ္ဒီျဖစ္တာမ်ိဳးကို လိုခ်င္တယ္။ သူတို႔အစြမ္းသူတို႔ျပဖို႔ ေဟာဒီပြဲၾကပ္ကာလက အေကာင္းဆုံးအခြင့္အေရးတစ္ခုပါပဲ ဒီလူငယ္ေလးေတြက မေန႔ကက်​ေနာ္တို႔နဲ႔အတူတူထရိန္နင္ဆင္းခဲ့ပါတယ္။ ဒီခ်ာတိတ္ေလးေတြ ေပ်ာ္ေပ်ာ္ႀကီးကစားသင့္တယ္။ အေၾကာက္အလန္႔မရွိဘဲ တိုက္စစ္ဆင္ကစားမယ္၊ အခြင့္ အေရးေတြဖန္တီးယူမယ္။ တကယ္လို႔မ်ားအမွားလုပ္ခဲ့မိတယ္ဆိုရင္ေတာင္ ကိစၥမရွိပါဘူး”လို႔ဆိုခဲ့ပါတယ္။

ခရစ္ဒစ္

မန်ချက်စတာယူနိုက်တတ်အသင်းဟာ ဒီကနေ့နံနက်ပိုင်းမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ယန်းဘွိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ကြရာမှာတော့ ယူနိုက်တတ်အသင်းရဲ့ဦးဆောင်ဂိုးကို ပွဲစဉ်ချိန် (၉)မိနစ်မှာ ဂရင်းဝုဒ်က သွင်းယူခဲ့ပြီး ယန်းဘွိုင်းအသင်းရဲ့ ပြန်လည်ချေပဂိုးကိုတော့ ပွဲစဉ်ချိန်(၄၄)မိနစ်မှာ ဖေဘီယန်ရိုင်ဒါ ကသွင်းယူပေးခဲ့ပြီး နောက်ဆုံးပွဲစဉ်ချိန်ထိ ၁-၁ ဂိုးသရေရလဒ်နဲ့သာပြီးဆုံးခဲ့ကြပါတယ်။

ဒီပွဲစဉ်မှာတော့ နည်းပြသစ် ရန်းဂ်နစ်ဟာ အရန်ကစားသမားတွေကိုသာ ဦးစားပေးပွဲထုတ်ခဲ့တာကိုလည်းတွေ့ခဲ့ရပြီး ခြေစွမ်းကောင်းတွေကိုလည်းတွေ့မြင်ခဲ့ရပါတယ်။

နည်းပြရန်းနစ်ကတော့ “၃ရက်အတွင်းနောဝှစ်ချ်နဲ့ ထပ်ကန်ရဦးမှာမို့ လွန်ခဲ့တဲ့(၂)ရက်ကတည်းက ကျနော်ဆုံးဖြတ်လိုက်တယ်။ ဒီကစားသမားတွေအကုန်လုံးကို တတ်နိုင်သမျှအခွင့်အရေး ကိုယ်စီပေးပြီး တစ်ချို့ကိုလည်းအနားပေးမယ်ဆိုပြီးတော့ပေါ့။ ချန်ပီယံလိဂ်လိုပွဲတစ်ပွဲမှာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့အနေအထားမျိုးနဲ့သူတို့ကိုမြင်ချင်ပါတယ်ရှေ့မှာပွဲတွေအများကြီးလာနေပြီ။ ကြပ်ညှပ်နေတာပဲ။ ”

“ ဒီတော့ လူတိုင်းရယ်ဒီဖြစ်တာမျိုးကို လိုချင်တယ်။ သူတို့အစွမ်းသူတို့ပြဖို့ ဟောဒီပွဲကြပ်ကာလက အကောင်းဆုံးအခွင့်အရေးတစ်ခုပါပဲ ဒီလူငယ်လေးတွေက မနေ့ကကျ​နော်တို့နဲ့အတူတူထရိန်နင်ဆင်းခဲ့ပါတယ်။ ဒီချာတိတ်လေးတွေ ပျော်ပျော်ကြီးကစားသင့်တယ်။ အကြောက်အလန့်မရှိဘဲ တိုက်စစ်ဆင်ကစားမယ်၊ အခွင့် အရေးတွေဖန်တီးယူမယ်။ တကယ်လို့များအမှားလုပ်ခဲ့မိတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး”လို့ဆိုခဲ့ပါတယ်။

ခရစ်ဒစ်