နည္းျပအဲရစ္တန္းဟတ္ဟာ မန္ယူအသင္းကိုတာဝန္ယူဖို႔ ႏႈတ္အားျဖင့္သေဘာတူညီမႈ ရရွိခဲ့ၿပီလို႔ သိရပါတယ္။ အသက္ ၅၂ ႏွစ္အရြယ္ နယ္သာလန္သားနည္းျပဟာ မန္ယူဆီက ႐ူးေလာက္စရာကမ္းလွမ္းမႈရရွိထားတယ္လို႔ ေအဂ်က္ဇ္အသင္းကထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ေနာက္ အဂၤါေန႔မနက္ပိုင္းမွာသေဘာတူညီမႈရခဲ့ေၾကာင္း Daily Mail သတင္းစာက ေဖၚျပပါ တယ္။

ဒါ့အျပင္ မန္ယူဟာ တန္းဟက္ကို တစ္ႏွစ္သက္တမ္းတိုးခြင့္ရွိတဲ့ ၃ ႏွစ္စာခ်ဳပ္နဲ႔ကမ္းလွမ္းခဲ့တယ္လို႔လည္း ေရးသားထားပါတယ္။ သရဲနီေတြဟာ ဆိုးလ္ရွားေနရာမွာဆက္ခံမယ့္ အျမဲတမ္းနည္းျပတစ္ေယာက္ကိုရွာေဖြေနတာ ၂ လ နီးပါးရွိခဲ့ပါၿပီ။ ဒီေနရာမွာ ပီအက္စ္ဂ်ီရဲ့ပိုခ်က္တီနို၊ စပိန္လက္ေရြးစင္အသင္းနည္းၿပ လူးဝစၥအင္းနရစ္နဲ႔ ဆီဗီလာရဲ့လိုပီတီဂူရီတို႔ကိုလည္း ထည့္သြင္းစဥ္းစားခဲ့ပါ တယ္။ ဒါေပမဲ့

လက္ရွိအခ်ိန္မွာေတာ့ ေအဂ်က္ဇ္နဲ႔အတူ နယ္သာလန္အမွတ္ေပးဖလားကို တတိယေျမာက္ရယူဖို႔ ႀကိဳးစားေနတဲ့ အဲရစ္တန္းဟတ္ကိုေခၚယူဖို႔ ေသခ်ာသေလာက္ရွိသြားခဲ့ပါၿပီ။ မန္ယူအသင္းတာဝန္ရွိသူေတြဟာ လာမယ့္ရက္ အနည္းငယ္မွာ ေအဂ်က္ဇ္ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံမွာျဖစ္ၿပီး

တန္းဟတ္အတြက္ နစ္နာေၾကး ေပါင္ ၁.၇ သန္းေပးဖို႔ ေဆြးေႏြးမယ္လို႔သိရပါတယ္။ ဒါ့အျပင္ တန္းဟတ္ရဲ့နံပါတ္ ၂ လက္ေထာက္နည္းျပျဖစ္သူ မားသားဝဲလ္ဗဟိုေနာက္ခံလူေဟာင္း မစ္ခ်ယ္ဗန္ဒါဂါ့ဂ္လည္း အိုးလ္ထရက္ဖို႔ဒ္ ကို လိုက္ပါလာဖြယ္ရွိတယ္လို႔ ေရးသားထားပါတယ္။

ေအဂ်က္ဇ္ဟာ တန္းဟတ္ေနရာမွာ တိုက္စစ္မႉးေဟာင္းဗန္ပါစီနဲ႔ အစားထိုးလိမ့္မယ္လို႔ သတင္းေတြထြက္ေနေပမယ့္ အာဆင္နယ္နဲ႔မန္ယူတိုက္စစ္မႉးေဟာင္းဟာ အလုပ္ပါမစ္ျပႆနာေတြ ရွိေနတယ္လို႔သိရပါ တယ္။

credit: Soccer Predictions

နည်းပြအဲရစ်တန်းဟတ်ဟာ မန်ယူအသင်းကိုတာဝန်ယူဖို့ နှုတ်အားဖြင့်သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၅၂ နှစ်အရွယ် နယ်သာလန်သားနည်းပြဟာ မန်ယူဆီက ရူးလောက်စရာကမ်းလှမ်းမှုရရှိထားတယ်လို့ အေဂျက်ဇ်အသင်းကထုတ်ဖော်ပြောကြားခဲ့တဲ့နောက် အင်္ဂါနေ့မနက်ပိုင်းမှာသဘောတူညီမှုရခဲ့ကြောင်း Daily Mail သတင်းစာက ဖေါ်ပြပါ တယ်။

ဒါ့အပြင် မန်ယူဟာ တန်းဟက်ကို တစ်နှစ်သက်တမ်းတိုးခွင့်ရှိတဲ့ ၃ နှစ်စာချုပ်နဲ့ကမ်းလှမ်းခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ သရဲနီတွေဟာ ဆိုးလ်ရှားနေရာမှာဆက်ခံမယ့် အမြဲတမ်းနည်းပြတစ်ယောက်ကိုရှာဖွေနေတာ ၂ လ နီးပါးရှိခဲ့ပါပြီ။ ဒီနေရာမှာ ပီအက်စ်ဂျီရဲ့ပိုချက်တီနို၊ စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ္စအင်းနရစ်နဲ့ ဆီဗီလာရဲ့လိုပီတီဂူရီတို့ကိုလည်း ထည့်သွင်းစဉ်းစားခဲ့ပါ တယ်။ ဒါပေမဲ့

လက်ရှိအချိန်မှာတော့ အေဂျက်ဇ်နဲ့အတူ နယ်သာလန်အမှတ်ပေးဖလားကို တတိယမြောက်ရယူဖို့ ကြိုးစားနေတဲ့ အဲရစ်တန်းဟတ်ကိုခေါ်ယူဖို့ သေချာသလောက်ရှိသွားခဲ့ပါပြီ။ မန်ယူအသင်းတာဝန်ရှိသူတွေဟာ လာမယ့်ရက် အနည်းငယ်မှာ အေဂျက်ဇ်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး

တန်းဟတ်အတွက် နစ်နာကြေး ပေါင် ၁.၇ သန်းပေးဖို့ ဆွေးနွေးမယ်လို့သိရပါတယ်။ ဒါ့အပြင် တန်းဟတ်ရဲ့နံပါတ် ၂ လက်ထောက်နည်းပြဖြစ်သူ မားသားဝဲလ်ဗဟိုနောက်ခံလူဟောင်း မစ်ချယ်ဗန်ဒါဂါ့ဂ်လည်း အိုးလ်ထရက်ဖို့ဒ် ကို လိုက်ပါလာဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။

အေဂျက်ဇ်ဟာ တန်းဟတ်နေရာမှာ တိုက်စစ်မှူးဟောင်းဗန်ပါစီနဲ့ အစားထိုးလိမ့်မယ်လို့ သတင်းတွေထွက်နေပေမယ့် အာဆင်နယ်နဲ့မန်ယူတိုက်စစ်မှူးဟောင်းဟာ အလုပ်ပါမစ်ပြဿနာတွေ ရှိနေတယ်လို့သိရပါ တယ်။

credit: Soccer Predictions