မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ နိုင္ပြဲေတြ ေပ်ာက္ဆုံးေနတာေၾကာင့္ ဒီပြဲကို အနိုင္ရဖို႔ အားထည့္လာခဲ့တာကို ေတြ႕ရပါတယ္။ပထမပိုင္းမွာ ေရာ္နယ္ဒို ရဲ့သြင္းဂိုး(၂)ဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္

ၿပီးခါနီးမွာ ေနာ္ဝစ္ခ္် ကစားသမား ဒိုဝဲလ္ က ေခ်ပဂိုးျပန္သြင္းသြားခဲ့တာပါ။ ဒုတိယပိုင္းမွာ မန္ခ်က္စတာယူနိုက္တက္ အသင္း က သြင္းဂိုးေတြရဖို႔ ထပ္ဖိကစားရင္းနဲ႔ ေနာ္ဝစ္ခ္် အသင္းကို ေခ်ပဂိုးေပးလိုက္ရပါတယ္။ဒီဂိုးကို ပြတ္ကီ က သြင္းယူသြားခဲ့တာပါ။အဲ့ဒါေၾကာင့္

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ အနိုင္ဂိုးရဖို႔ ပိုမိုတိုက္စစ္ဆင္ခဲ့တာျဖစ္ပါတယ္။ လင္ဂတ္၊ေပါ့ဘာနဲ႔ တယ္လက္စ္ တို႔ကို လူစားလဲၿပီး မာတာ၊မာတစ္နဲ႔ ရက္ရွ္ဖိုဒ့္ တို႔ကို ထည့္သြင္းခဲ့တာပါ။ဒီအခ်ိန္မွာ အီလန္ဂါ ေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္း ျပစ္ဒဏ္ေဘာကန္သြင္းခြင့္ရခဲ့ၿပီး

ေရာ္နယ္ဒို က လွလွပပ ကန္သြင္းသြားခဲ့ပါတယ္။အဲ့ဒီေနာက္ပိုင္းမွာ ေနာ္ဝစ္ခ္် အသင္းက ေခ်ပဂိုးေတြရဖို႔ ႀကိဳးစားလာခဲ့ေပမယ့္ မန္ခ်က္စတာယူနိုက္တက္ အသင္းက အေကာင္းဆုံးထိန္းကစားခဲ့တာေၾကာင့္ (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရခဲ့တာျဖစ္ပါ တယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အဓိက ၿပိဳင္ဘက္ေတြျဖစ္တဲ့

စပါးနဲ႔ အာဆင္နယ္ တို႔ ရႈံးခဲ့တာေၾကာင့္ ဒီနိုင္ပြဲဟာ ခ်ိဳၿမိန္တဲ့ နိုင္ပြဲလည္း ျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ေမၽွာ္လင့္ခ်က္ကို အသက္ဆက္နိုင္ခဲ့တာျဖစ္ပါတယ္။ေ ရာ္နယ္ဒို ကေတာ့ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ဒုတိယအႀကိမ္ေျမာက္ ဟတ္ထရစ္သြင္းဂိုး ကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

Credit: Shwe Soccer

မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ပွဲတွေ ပျောက်ဆုံးနေတာကြောင့် ဒီပွဲကို အနိုင်ရဖို့ အားထည့်လာခဲ့တာကို တွေ့ရပါတယ်။ပထမပိုင်းမှာ ရော်နယ်ဒို ရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်

ပြီးခါနီးမှာ နော်ဝစ်ခ်ျ ကစားသမား ဒိုဝဲလ် က ချေပဂိုးပြန်သွင်းသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်း က သွင်းဂိုးတွေရဖို့ ထပ်ဖိကစားရင်းနဲ့ နော်ဝစ်ခ်ျ အသင်းကို ချေပဂိုးပေးလိုက်ရပါတယ်။ဒီဂိုးကို ပွတ်ကီ က သွင်းယူသွားခဲ့တာပါ။အဲ့ဒါကြောင့်

မန်ချက်စတာယူနိုက်တက် အသင်းဟာ အနိုင်ဂိုးရဖို့ ပိုမိုတိုက်စစ်ဆင်ခဲ့တာဖြစ်ပါတယ်။ လင်ဂတ်၊ပေါ့ဘာနဲ့ တယ်လက်စ် တို့ကို လူစားလဲပြီး မာတာ၊မာတစ်နဲ့ ရက်ရှ်ဖိုဒ့် တို့ကို ထည့်သွင်းခဲ့တာပါ။ဒီအချိန်မှာ အီလန်ဂါ ကြောင့် မန်ချက်စတာယူနိုက်တက် အသင်း ပြစ်ဒဏ်ဘောကန်သွင်းခွင့်ရခဲ့ပြီး

ရော်နယ်ဒို က လှလှပပ ကန်သွင်းသွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာ နော်ဝစ်ခ်ျ အသင်းက ချေပဂိုးတွေရဖို့ ကြိုးစားလာခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက အကောင်းဆုံးထိန်းကစားခဲ့တာကြောင့် (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါ တယ်။မန်ချက်စတာယူနိုက်တက် အသင်းရဲ့အဓိက ပြိုင်ဘက်တွေဖြစ်တဲ့

စပါးနဲ့ အာဆင်နယ် တို့ ရှုံးခဲ့တာကြောင့် ဒီနိုင်ပွဲဟာ ချိုမြိန်တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အသက်ဆက်နိုင်ခဲ့တာဖြစ်ပါတယ်။ေ ရာ်နယ်ဒို ကတော့ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက် ဟတ်ထရစ်သွင်းဂိုး ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

Credit: Shwe Soccer