ယူနိုက္တက္ အသင္းနဲ႔အတူ ဂရင္းဝုဒ္ ေလ့က်င့္ခန္းျပန္ဆင္းေတာ့မယ္လို့ သတင္းေတြ ထြက္ေပၚေနတဲ့အေေပၚ ယူႏိုက္တက္ အသင္း တာဝန္ရွိသူ 1 ေယာက္ကဂရင္းဝုဒ္ သတင္းနဲ့ ပက္သက္ျပီးဘာမွ ေသခ်ာမေျပာခ်င္ေသးေျကာင္းနဲ့ လက္ရွိအခ်ိန္မွာေတာ့ ကစားသမား အတြက္

အေကာင္းဆံုး ျဖစ္ဘာေစလို့ဘဲ ဆုေတာင္း ေပးရမွာ ျဖစ္ေျကာင္း ေျဖျကားသြားခဲ့တာ ေတြ့ရဘာတယ္ ။ အသက္(၂၀)အ႐ြယ္သာရွိေသးတဲ့ဂရင္းဝုဒ္ဟာ သူ႔ရဲ႕ခ်စ္သူကို လိင္ပိုင္းဆိုင္ရာေစာ္ကားခဲ့မႈ၊ ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့မႈေတြေၾကာင့္ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလတုန္းက အဖမ္းခံခဲ့ရၿပီး ေနာက္ပိုင္းမွာေတာ့ အာမခံနဲ႔ျပန္လြတ္လာတာျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြက

ဒီအျဖစ္အပ်က္ကို စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနၿပီး ဂရင္းဝုဒ္ရဲ႕အာမခံကာလက ဧၿပီလ(၃၀)ရက္က်ရင္ၿပီးဆုံးမွာျဖစ္ေပမယ့္ ရဲတပ္ဖြဲ႕က ထပ္ၿပီးေတာ့တိုးေပးမယ့္အေနအထားရွိေနပါတယ္။ ဂရင္းဝုဒ္ရဲ႕လုပ္ရပ္အတြက္ ယူႏိုက္တက္အသင္းက သူ႔ကို အကန႔္အသတ္မရွိပြဲပယ္ျပစ္ဒဏ္ခ်မွတ္ထားၿပီး ဂရင္းဝုဒ္နာမည္ပါတဲ့ဂ်ာစီအပါအဝင္ ကုန္ပစၥည္းေတြေရာင္းခ်တာကိုလည္း ရပ္ဆိုင္းခဲ့ပါတယ္။

ဒါ့အျပင္ နာမည္ေက်ာ္ Nike ကုမၸဏီက ဂရင္းဝုဒ္နဲ႔ခ်ဳပ္ဆိုထားတဲ့ စပြန္ဆာစာခ်ဳပ္ကို ဖ်က္သိမ္းခဲ့သလို FIFA 2022 ဂိမ္းေခြထဲကလည္း အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။ အခုလပိုင္းအၾကာမွာ ဂရင္းဝုဒ္ဟာ ယူႏိုက္တက္အသင္းနဲ႔အတူေလ့က်င့္ခန္းျပန္ဆင္းေတာ့မယ္ဆိုၿပီး အြန္လိုင္းေပၚမွာ သတင္းေတြထြက္ေပၚေနေပမယ့္ ယူႏိုက္တက္အသင္းကေတာ့ ဂရင္းဝုဒ္ကို ျပန္ေခၚဦးမွာမဟုတ္ဘူးလို႔

ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။ယူႏိုက္တက္အသင္းဟာ ရဲတပ္ဖြဲ႕က စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ၿပီးတဲ့အခ်ိန္ကိုေ စာင့္ဆိုင္းသြားမွာျဖစ္သလို ဂရင္းဝုဒ္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး အလ်င္အျမန္ဆုံးျဖတ္ခ်က္ခ်သြား ဖို႔ မရွိပါဘူး။

ခရစ္ဒစ္

ယူနိုက်တက် အသင်းနဲ့အတူ ဂရင်းဝုဒ် လေ့ကျင့်ခန်းပြန်ဆင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အေပေါ် ယူနိုက်တက် အသင်း တာဝန်ရှိသူ 1 ယောက်ကဂရင်းဝုဒ် သတင်းနဲ့ ပက်သက်ပြီးဘာမှ သေချာမပြောချင်သေးကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ကစားသမား အတွက်

အကောင်းဆုံး ဖြစ်ဘာစေလို့ဘဲ ဆုတောင်း ပေးရမှာ ဖြစ်ကြောင်း ဖြေကြားသွားခဲ့တာ တွေ့ရဘာတယ် ။ အသက်(၂၀)အရွယ်သာရှိသေးတဲ့ဂရင်းဝုဒ်ဟာ သူ့ရဲ့ချစ်သူကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့မှု၊ ကိုယ်ထိလက်ရောက်ရိုက်နှက်ခဲ့မှုတွေကြောင့် ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက အဖမ်းခံခဲ့ရပြီး နောက်ပိုင်းမှာတော့ အာမခံနဲ့ပြန်လွတ်လာတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေက

ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး ဂရင်းဝုဒ်ရဲ့အာမခံကာလက ဧပြီလ(၃၀)ရက်ကျရင်ပြီးဆုံးမှာဖြစ်ပေမယ့် ရဲတပ်ဖွဲ့က ထပ်ပြီးတော့တိုးပေးမယ့်အနေအထားရှိနေပါတယ်။ ဂရင်းဝုဒ်ရဲ့လုပ်ရပ်အတွက် ယူနိုက်တက်အသင်းက သူ့ကို အကန့်အသတ်မရှိပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပြီး ဂရင်းဝုဒ်နာမည်ပါတဲ့ဂျာစီအပါအဝင် ကုန်ပစ္စည်းတွေရောင်းချတာကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။

ဒါ့အပြင် နာမည်ကျော် Nike ကုမ္ပဏီက ဂရင်းဝုဒ်နဲ့ချုပ်ဆိုထားတဲ့ စပွန်ဆာစာချုပ်ကို ဖျက်သိမ်းခဲ့သလို FIFA 2022 ဂိမ်းခွေထဲကလည်း အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အခုလပိုင်းအကြာမှာ ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းတော့မယ်ဆိုပြီး အွန်လိုင်းပေါ်မှာ သတင်းတွေထွက်ပေါ်နေပေမယ့် ယူနိုက်တက်အသင်းကတော့ ဂရင်းဝုဒ်ကို ပြန်ခေါ်ဦးမှာမဟုတ်ဘူးလို့

ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အချိန်ကိုေ စာင့်ဆိုင်းသွားမှာဖြစ်သလို ဂရင်းဝုဒ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး အလျင်အမြန်ဆုံးဖြတ်ချက်ချသွား ဖို့ မရှိပါဘူး။

ခရစ်ဒစ်