ေအဂ်က္စ္ဟာ မေန႔ညက ကစားခဲ့တဲ့ နယ္သာလန္ဖလား ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့ၿပီး ဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ယူနိုက္တက္နည္းျပသစ္ျဖစ္လာဖို႔ ေသခ်ာသေလာက္ရွိေနတဲ့ အဲရစ္တန္ဟက္ခ္အတြက္လည္း ဒီအရႈံးက မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရပါတယ္။ေအဂ်က္စ္နဲ႔ပီအက္စ္ဗြီတို႔ရဲ့ ဒီဗိုလ္လုပြဲမွာ ေအဂ်က္စ္က

ဂရာဗင္ဘတ္ခ်္ရဲ့ သြင္းဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့တာပါ။ ဒါေပမယ့္လည္း ပီအက္စ္ဗြီရဲ့ ေခ်ပဂိုးနဲ႔အနိုင္ဂိုးေတြကို ခြင့္ျပဳခဲ့ရတာေၾကာင့္ ၂-၁ ဂိုးနဲ႔ ရႈံးနိမ့္ၿပီး ဆုဖလားနဲ႔ လြဲေခ်ာ္ခဲ့ရပါတယ္။ ဗိုလ္လုပြဲရႈံးနိမ့္အၿပီး အဲရစ္တန္ဟက္ခ္နဲ႔ ေအဂ်က္စ္ ကစားသမားေတြက လာေရာက္အားေပးတဲ့ ေအဂ်က္စ္ပရိသတ္ေတြကို ကြင္းအတြင္း လိုက္လံႏႈတ္ဆက္ခဲ့ပါ တယ္။

ဒါေပမယ့္ အမာခံပရိသတ္အခ်ိဳ႕သာ ကြင္းထဲ က်န္ရစ္ပါေတာ့တယ္။ က်န္တဲ့ပရိသတ္ေတြကေတာ့ အိမ္ျပန္သြားခဲ့ၾကၿပီး ေအဂ်က္စ္ပရိသတ္ေတြအားေပးခဲ့တဲ့ေနရာမွာ ထိုင္ခုံလြတ္ေပါင္းမ်ားစြာကိုသာ ျမင္ေတြ႕ခဲ့ရပါတယ္။ ေအဂ်က္စ္ဟာ အမွတ္ေပးခ်န္ပီယံဆုအတြက္ေတာ့ အေျခအေနေကာင္းေနဆဲပါ။ လက္က်န္ပြဲ (၅) ပြဲ ကစားဖို႔က်န္ရွိေနခ်ိန္ မွာ

ေအဂ်က္စ္က ဒုတိယေနရာက အသင္းကို (၄) မွတ္ျဖတ္ထားၿပီး ကိုယ့္ၾကမၼာကိုယ္ ဖန္တီးနိုင္ခြင့္ရွိပါတယ္။ အမွတ္ေပးဖလားသာ ရခဲ့ရင္ေတာ့ ဒါဟာ အဲရစ္တန္ဟက္ခ္အတြက္ ေအဂ်က္စ္နဲ႔အတူ ဆြတ္ခူးနိုင္တဲ့ (၃) ႀကိမ္ေျမာက္ အမွတ္ေပးဖလား ျဖစ္လာပါလိမ့္မယ္။အဲရစ္တန္ဟက္ခ္က ယူနိုက္တက္ကို (၄) ႏွစ္ စာခ်ဳပ္နဲ႔ ကိုင္တြယ္ဖို႔ သေဘာတူညီမႈရရွိထားၿပီးသား ပါ။

ဒါေပမယ့္လည္း လက္ရွိအခ်ိန္ထိ ယူနိုက္တက္အေၾကာင္းကို ႏႈတ္ဆိတ္ေနဆဲျဖစ္ၿပီး ေအဂ်က္စ္အတြက္သာ အျပည့္အဝ အာ႐ုံစိုက္ထားတယ္လို႔ ဆိုထားပါတယ္။

ခရစ္ဒစ္

အေဂျက်စ်ဟာ မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ အဲရစ်တန်ဟက်ခ်အတွက်လည်း ဒီအရှုံးက မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။အေဂျက်စ်နဲ့ပီအက်စ်ဗွီတို့ရဲ့ ဒီဗိုလ်လုပွဲမှာ အေဂျက်စ်က

ဂရာဗင်ဘတ်ချ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ပီအက်စ်ဗွီရဲ့ ချေပဂိုးနဲ့အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ဗိုလ်လုပွဲရှုံးနိမ့်အပြီး အဲရစ်တန်ဟက်ခ်နဲ့ အေဂျက်စ် ကစားသမားတွေက လာရောက်အားပေးတဲ့ အေဂျက်စ်ပရိသတ်တွေကို ကွင်းအတွင်း လိုက်လံနှုတ်ဆက်ခဲ့ပါ တယ်။

ဒါပေမယ့် အမာခံပရိသတ်အချို့သာ ကွင်းထဲ ကျန်ရစ်ပါတော့တယ်။ ကျန်တဲ့ပရိသတ်တွေကတော့ အိမ်ပြန်သွားခဲ့ကြပြီး အေဂျက်စ်ပရိသတ်တွေအားပေးခဲ့တဲ့နေရာမှာ ထိုင်ခုံလွတ်ပေါင်းများစွာကိုသာ မြင်တွေ့ခဲ့ရပါတယ်။ အေဂျက်စ်ဟာ အမှတ်ပေးချန်ပီယံဆုအတွက်တော့ အခြေအနေကောင်းနေဆဲပါ။ လက်ကျန်ပွဲ (၅) ပွဲ ကစားဖို့ကျန်ရှိနေချိန် မှာ

အေဂျက်စ်က ဒုတိယနေရာက အသင်းကို (၄) မှတ်ဖြတ်ထားပြီး ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိပါတယ်။ အမှတ်ပေးဖလားသာ ရခဲ့ရင်တော့ ဒါဟာ အဲရစ်တန်ဟက်ခ်အတွက် အေဂျက်စ်နဲ့အတူ ဆွတ်ခူးနိုင်တဲ့ (၃) ကြိမ်မြောက် အမှတ်ပေးဖလား ဖြစ်လာပါလိမ့်မယ်။အဲရစ်တန်ဟက်ခ်က ယူနိုက်တက်ကို (၄) နှစ် စာချုပ်နဲ့ ကိုင်တွယ်ဖို့ သဘောတူညီမှုရရှိထားပြီးသား ပါ။

ဒါပေမယ့်လည်း လက်ရှိအချိန်ထိ ယူနိုက်တက်အကြောင်းကို နှုတ်ဆိတ်နေဆဲဖြစ်ပြီး အေဂျက်စ်အတွက်သာ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ဆိုထားပါတယ်။

ခရစ်ဒစ်