LIVERPOOL, ENGLAND – APRIL 19: Luis Diaz of Liverpool challenges Marcus Rashford of Manchester United during the Premier League match between Liverpool and Manchester United at Anfield on April 19, 2022 in Liverpool, England. (Photo by Clive Brunskill/Getty Images)
ခရစ္ဒစ်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကတော့ လီဗာပူးလ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရက်ရှ်ဖိုဒ့် အပါအဝင် အသင်းရဲ့ကစားသမား(၃)ဦးကို ပြင်းထန်စွာ ပြစ်တင်လိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အန်ဖီးလ် ကွင်းမှာ ဆာလတ်ရဲ့(၂)ဂိုး၊ဒီယက်ဇ်နဲ့ မာနေး တို့ရဲ့ဂိုးတွေကြောင့် အခုလို ဂိုးပြတ်အရေးနိမ့်သွားခဲ့ တာပါ။
ဒီလိုဆိုးရွားတဲ့ ရှုံးပွဲအပြီးမှာ ရွိုင်ကိန်း ဟာ ရက်ရှ်ဖိုဒ့်၊လင်ဂတ်နဲ့မက်ဂွဲယား တို့ကို ပြစ်တင်သွားခဲ့တာဖြစ်ပါတယ်။ ရွိုင်ကိန်းက “လင်ဂတ် ဝင်ရောက်လာခဲ့တယ်။လင်ဂတ် ဟာ ယူနိုက်တက် ကို ကယ်တင်ဖို့ ကြိုးစားလာခဲ့တာပါ။လင်ဂတ် အနေနဲ့ လွန်ခဲ့တဲ့ (၂)နှစ်တည်းက ယူနိုက်တက် ကနေ ထွက်ခွာသွားသင့်တာပါ။သူဟာ ယူနိုက်တက် အတွက် မလုံလောက်ပါဘူး”
“ရက်ရှ်ဖို့်ဒ် ဆိုရင် ရှေ့တန်းမှာ ကလေးတစ်ယောက်လို ကစားခဲ့ပါတယ်။ဒါက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုးတော့ မဟုတ်ပေမယ့် သူဟာ ဂိုးပေါက်တဲ့ နီးတဲ့နေရာမှာ ဘောလုံးထိန်းသိမ်းပုံက အစ အလွန်ညံ့ဖျင်းခဲ့တာပါမက်ဂွဲယား ကို ပွဲမစခင်မှာ ကူညီဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးသွင်းဂိုးကတော့ သူ့ရဲ့ပေးပို့မှုနဲ့ ခံစစ်စွမ်းဆောင်ရည်က လုံးဝလက်ခံနိုင်စရာမရှိပါဘူး။ဒါဟာ ယူနိုက်တက် အတွက် လုံးဝမလုံလောက်ဘူး”လို့
ပြောခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ လီဗာပူးလ် အသင်းကို အိမ်ကွင်းမှာ ကစားခဲ့တုန်းက (၅)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။ရွိုင်ကိန်း က “ရလဒ်တွေက အံဩစရာမရှိပါဘူး။လီ‌ဗာပူးလ် အသင်းက ဒီရာသီ (၉)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါယူနိုက်တက် အသင်းမှာ ခေါင်းဆောင်မရှိဘူး။စရိုက်လက္ခဏာတွေလည်းမရှိဘူး။တိုက်ခိုက်လိုစိတ်လည်းမရှ်ိဘူး။ဒီကလပ်နဲ့ ဒါတွေက ဝေးကွာသွားပါပြီ”လို့ ဆိုခဲ့ပါတ ယ်။
ခရစ္ဒစ္