မန္ခ်က္စတာယူနိုက္တက္ ယာယီနည္းၿပ ရက္ဂ္နစ္ က လီဗာပူးလ္ ကို (၄)ဂိုး-ဂိုးမရွိနဲ႔ ဂိုးျပတ္အေရးနိမ့္တာဟာ အရွက္ရေစတယ္လို႔ ေျပာလိုက္ပါတယ္။ လီဗာပူးလ္ အသင္းဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းကို ဂိုးျပတ္အနိုင္ရၿပီးေနာက္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို တက္လွမ္းနိုင္ခဲ့တာပါ။

မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ ဒီရႈံးပြဲေၾကာင့္ အဆင့္(၄)ေနရာက စပါးနဲ႔ အမွတ္ကြာဟမႈေလၽွာ့ခ်ဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။ဒီပြဲရႈံးနိမ့္မႈေၾကာင့္ အဆင့္(၆)ေနရာကို က်ဆင္းသြားခဲ့တာပါ။ရက္ဂ္နစ္ က “ရွက္စရာေကာင္းၿပီး စိတ္ပ်က္စရာလည္းေကာင္းပါတယ္။ရွက္စရာေကာင္းတာေတာင္ ျဖစ္နိုင္တယ္”လို႔ ေျပာခဲ့ပါတယ္။ယူနိုက္တက္ အေနနဲ႔

လီဗာပူးလ္နဲ႔ ကြာဟခ်က္ကို ဘယ္လိုနီးစပ္နိုင္မလဲလို႔ ေမးခဲ့ရာမွာ ရက္ဂ္နစ္ က “အခု သူတို႔ဟာ ကၽြန္ေတာ္တို႔ (၆)ႏွစ္ေက်ာ္ေနၿပီဆိုတာကို ကၽြန္ေတာ္တို႔လက္ခံရပါမယ္။ကေလာပ့္ ေရာက္လာတဲ့ အခ်ိန္မွာ သူတို႔ဟာ ပုံစံေျပာင္းသြားခဲ့ပါတယ္ ဆုဖလားေတြ ေျမႇာက္နိုင္႐ုံတင္မကဘဲ ကလပ္နဲ႔ ၿမိဳ႕ကလည္း အဆင့္အသစ္ကို ေရာက္ရွိသြားပါတယ္။

ဒါေတြဟာ ေနာက္လာမယ့္ အေျပာင္းအေရႊ႕ေတြမွာ ကၽြန္ေတာ္တို႔နဲ႔ ပတ္သက္ရပါမယ္။ေသခ်ာတာကေတာ့ ျပန္လည္တည္ေဆာက္မႈတစ္ခုက ပထမ(၃)ပတ္ဒါမွမဟုတ္(၄)ပတ္အတြင္းမွာ သိသာထင္ရွားပါတယ္ နည္းၿပ အေနနဲ႔ ဒီမွာဒီလိုထိုင္ၿပီး သတင္းစာရွင္းလင္းပြဲလုပ္ရတာက အလြန္ရွက္စရာေကာင္းပါတယ္။သူတို႔က ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းတယ္ဆိုတာကို ကၽြန္ေတာ္တို႔ဝန္ခံရပါမယ္”လို႔

ဆိုခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ အာဆင္နယ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါ တယ္။

ခရစ္ဒစ္

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ် က လီဗာပူးလ် ကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်တာဟာ အရှက်ရစေတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးလ် အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက် အသင်းကတော့ ဒီရှုံးပွဲကြောင့် အဆင့်(၄)နေရာက စပါးနဲ့ အမှတ်ကွာဟမှုလျှော့ချဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ဒီပွဲရှုံးနိမ့်မှုကြောင့် အဆင့်(၆)နေရာကို ကျဆင်းသွားခဲ့တာပါ။ရက်ဂ်နစ် က “ရှက်စရာကောင်းပြီး စိတ်ပျက်စရာလည်းကောင်းပါတယ်။ရှက်စရာကောင်းတာတောင် ဖြစ်နိုင်တယ်”လို့ ပြောခဲ့ပါတယ်။ယူနိုက်တက် အနေနဲ့

လီဗာပူးလ်နဲ့ ကွာဟချက်ကို ဘယ်လိုနီးစပ်နိုင်မလဲလို့ မေးခဲ့ရာမှာ ရက်ဂ်နစ် က “အခု သူတို့ဟာ ကျွန်တော်တို့ (၆)နှစ်ကျော်နေပြီဆိုတာကို ကျွန်တော်တို့လက်ခံရပါမယ်။ကလောပ့် ရောက်လာတဲ့ အချိန်မှာ သူတို့ဟာ ပုံစံပြောင်းသွားခဲ့ပါတယ် ဆုဖလားတွေ မြှောက်နိုင်ရုံတင်မကဘဲ ကလပ်နဲ့ မြို့ကလည်း အဆင့်အသစ်ကို ရောက်ရှိသွားပါတယ်။

ဒါတွေဟာ နောက်လာမယ့် အပြောင်းအရွှေ့တွေမှာ ကျွန်တော်တို့နဲ့ ပတ်သက်ရပါမယ်။သေချာတာကတော့ ပြန်လည်တည်ဆောက်မှုတစ်ခုက ပထမ(၃)ပတ်ဒါမှမဟုတ်(၄)ပတ်အတွင်းမှာ သိသာထင်ရှားပါတယ် နည်းပြ အနေနဲ့ ဒီမှာဒီလိုထိုင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ရတာက အလွန်ရှက်စရာကောင်းပါတယ်။သူတို့က ကျွန်တော်တို့ထက် ပိုကောင်းတယ်ဆိုတာကို ကျွန်တော်တို့ဝန်ခံရပါမယ်”လို့

ဆိုခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။

ခရစ်ဒစ်