မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ့ ယာယီနည္းျပရန္နစ္ခ္က အသင္းအတြက္ ေျခစြမ္းျပဂိုးေတြသြင္းေနတဲ့ ေပၚတူဂီ တိုက္စစ္ကစားသမားစီေရာ္နယ္လ္ဒို သည္ လာမယ့္နည္းျပသစ္အဲရစ္တန္ဟက္လက္ထက္မွာလည္း အဓိကအေရးပါတဲ့ ကစားသမား အျဖစ္

ဆက္ရွိေနဦးမွာျဖစ္တယ္လို႔ သုံးသပ္ခဲ့ပါတယ္ စီေရာ္နယ္လ္ဒိုဟာ ခ်ယ္လ္ဆီးနဲ႔(၁-၁)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ ေခ်ပဂိုးသြင္းယူခဲ့ၿပီး ဒါက ပရီးမီးယားလိဂ္မွာ ခ်ယ္လ္ဆီးအသင္းကို ပထမဆုံးအႀကိမ္ဂိုးသြင္းခဲ့တာျဖစ္သလို ဒီရာသီပရီးမီးယား လိဂ္မွာ

သူ႔ရဲ႕သြင္းဂိုးက(၁၇)ဂိုးအထိရွိလာပါၿပီ။ ခ်ယ္လ္ဆီးနဲ႔ပြဲအၿပီးမွာ ရန္နစ္ခ္က “အခု ပြဲမွာ စီေရာ္နယ္လ္ဒိုက အေရးပါတဲ့ေခ်ပဂိုးသြင္းယူခဲ့တဲ့အျပင္ တစ္ပြဲလုံးအေကာင္းဆုံးကစားႏိုင္ခဲ့ၿပီးကြင္းလယ္အထိဆင္းၿပီးေတာ့ ေနာက္တန္းကိုလည္း ကူညီေပးခဲ့ပါတယ္။ အသက္(၃၇)ႏွစ္အ႐ြယ္မွာ

ဒီေလာက္အထိကစားႏိုင္ဖို႔က မလြယ္ပါဘူး။ ဒီေျခစြမ္းအတိုင္း ဆက္ကစားႏိုင္မယ္ဆိုရင္ စီေရာ္နယ္လ္ဒိုဟာ အသင္းရဲ႕ အဓိက, ကစားသမားအျဖစ္ ဆက္လက္ရပ္တည္ေနႏိုင္မွာျဖစ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခရစ္ဒစ္

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြရန်နစ်ခ်က အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားစီရော်နယ်လ်ဒို သည် လာမယ့်နည်းပြသစ်အဲရစ်တန်ဟက်လက်ထက်မှာလည်း အဓိကအရေးပါတဲ့ ကစားသမား အဖြစ်

ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ် စီရော်နယ်လ်ဒိုဟာ ချယ်လ်ဆီးနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချေပဂိုးသွင်းယူခဲ့ပြီး ဒါက ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းကို ပထမဆုံးအကြိမ်ဂိုးသွင်းခဲ့တာဖြစ်သလို ဒီရာသီပရီးမီးယား လိဂ်မှာ

သူ့ရဲ့သွင်းဂိုးက(၁၇)ဂိုးအထိရှိလာပါပြီ။ ချယ်လ်ဆီးနဲ့ပွဲအပြီးမှာ ရန်နစ်ခ်က “အခု ပွဲမှာ စီရော်နယ်လ်ဒိုက အရေးပါတဲ့ချေပဂိုးသွင်းယူခဲ့တဲ့အပြင် တစ်ပွဲလုံးအကောင်းဆုံးကစားနိုင်ခဲ့ပြီး

ကွင်းလယ်အထိဆင်းပြီးတော့ နောက်တန်းကိုလည်း ကူညီပေးခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်မှာ ဒီလောက်အထိကစားနိုင်ဖို့က မလွယ်ပါဘူး။ ဒီခြေစွမ်းအတိုင်း ဆက်ကစားနိုင်မယ်ဆိုရင် စီရော်နယ်လ်ဒိုဟာ အသင်းရဲ့ အဓိက, ကစားသမားအဖြစ် ဆက်လက်ရပ်တည်နေနိုင်မှာဖြစ်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ခရစ်ဒစ်