ေဒါ့မြန္ အမႈေဆာင္အရာရွိခ်ဳပ္ ေဝါ့ဇ္ကီ သူတို႔အသင္းရဲ့ တိုက္စစ္မႉးဟာလန္းဟာ ၿပီးခဲ့တဲ့ (၂၀၂၀) ဇန္နဝါရီမွာ ယူနိုက္တက္ကို ေရာက္ဖို႔ နီးစပ္ခဲ့တယ္လို႔ ဖြင့္ဟဝန္ခံလိုက္ပါတယ္။ အဆိုပါ ေနာ္ေဝတိုက္စစ္မႉးကို ဆဲလ္ဘာ့ဂ္ကေန ေခၚယူဖို႔

ယူနိုက္တက္တို႔ အပူတျပင္း ႀကိဳးစားခဲ့တာပါ။အဲ့ဒီအခ်ိန္က ယူနိုက္တက္နည္းျပေဟာင္း ဆိုးလ္ရွားဟာ ဟာလန္းနဲ႔ မိုလ္ဒီမွာ ရင္းႏွီးတဲ့ ဆက္ဆံေရးရွိခဲ့တာေၾကာင့္ ဒါကို အသုံးခ်ၿပီး ႀကိဳးစားခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ သတင္းေတြအရေတာ့ ယူနိုက္တက္ရဲ့ အမႈေဆာင္အရာရွိခ်ဳပ္ေဟာင္း အက္ဝုဒ္ဝက္က ဟာလန္းအတြက္

ေအးဂ်င့္ရြိဳင္အိုလာကို ေပးေခ်ရမယ့္ လုပ္ခကို ေပးေခ်လိုျခင္းမရွိပါဘူး။ အဲ့ဒါေၾကာင့္လည္း ကစားသမားက ေဒါ့မြန္ကိုသာ ေျပာင္းေရႊ႕ခဲ့ၿပီး အခုခ်ိန္မွာေတာ့ အေျပာင္းအေရႊ႕မွာ ေတာ္ေတာ္ေလးေဟာ့ျဖစ္ေနပါၿပီ။ ဒီကစားသမားကို မန္စီးတီးက လာမယ့္ေႏြရာသီမွာ စံခ်ိန္တင္လုပ္ခလစာနဲ႔ ေခၚယူဖို႔ သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ယူနိုက္တက္နဲ႔ဟာလန္း ဇာတ္လမ္းေဟာင္းအေပၚမွာ ေဝါ့ဇ္ကီက

“က်ေနာ္တို႔က ဟာလန္းရဲ့ စာခ်ဳပ္ဖ်က္သိမ္းေၾကးကို ေပးေခ်ခဲ့ပါတယ္။ အဲ့ဒီလိုမွမဟုတ္ရင္ေတာ့ သူ ယူနိုက္တက္ကို ေရာက္သြားမွာပါ” လို႔ အတည္ျပဳခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က ဟာလန္းရဲ့ စာခ်ဳပ္ေလ်ာ္ေၾကးကိုလည္း အက္ဝုဒ္ဝက္က ေပးေခ်လိုျခင္းမရွိခဲ့ပါဘူး။ အသက္ (၂၁) ႏွစ္အရြယ္ ဟာလန္းဟာ ေဒါ့မြန္မွာ (၂) ရာသီခြဲအၾကာ ျဖတ္သန္းၿပီးတဲ့ေနာက္မွာေတာ့ လာမယ့္ေႏြရာသီမွာ အသင္းကေန ေသခ်ာေပါက္ထြက္ခြာေတာ့မွာလည္းျဖစ္ပါ တယ္။

ခရစ္ဒစ္

ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီ သူတို့အသင်းရဲ့ တိုက်စစ်မှူးဟာလန်းဟာ ပြီးခဲ့တဲ့ (၂၀၂၀) ဇန်နဝါရီမှာ ယူနိုက်တက်ကို ရောက်ဖို့ နီးစပ်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ အဆိုပါ နော်ဝေတိုက်စစ်မှူးကို ဆဲလ်ဘာ့ဂ်ကနေ ခေါ်ယူဖို့

ယူနိုက်တက်တို့ အပူတပြင်း ကြိုးစားခဲ့တာပါ။အဲ့ဒီအချိန်က ယူနိုက်တက်နည်းပြဟောင်း ဆိုးလ်ရှားဟာ ဟာလန်းနဲ့ မိုလ်ဒီမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ဒါကို အသုံးချပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေအရတော့ ယူနိုက်တက်ရဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း အက်ဝုဒ်ဝက်က ဟာလန်းအတွက်

အေးဂျင့်ရွိုင်အိုလာကို ပေးချေရမယ့် လုပ်ခကို ပေးချေလိုခြင်းမရှိပါဘူး။ အဲ့ဒါကြောင့်လည်း ကစားသမားက ဒေါ့မွန်ကိုသာ ပြောင်းရွှေ့ခဲ့ပြီး အခုချိန်မှာတော့ အပြောင်းအရွှေ့မှာ တော်တော်လေးဟော့ဖြစ်နေပါပြီ။ ဒီကစားသမားကို မန်စီးတီးက လာမယ့်နွေရာသီမှာ စံချိန်တင်လုပ်ခလစာနဲ့ ခေါ်ယူဖို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ယူနိုက်တက်နဲ့ဟာလန်း ဇာတ်လမ်းဟောင်းအပေါ်မှာ ဝေါ့ဇ်ကီက

“ကျနော်တို့က ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေခဲ့ပါတယ်။ အဲ့ဒီလိုမှမဟုတ်ရင်တော့ သူ ယူနိုက်တက်ကို ရောက်သွားမှာပါ” လို့ အတည်ပြုခဲ့ပါတယ်။ အဲ့ဒီအချိန်က ဟာလန်းရဲ့ စာချုပ်လျော်ကြေးကိုလည်း အက်ဝုဒ်ဝက်က ပေးချေလိုခြင်းမရှိခဲ့ပါဘူး။ အသက် (၂၁) နှစ်အရွယ် ဟာလန်းဟာ ဒေါ့မွန်မှာ (၂) ရာသီခွဲအကြာ ဖြတ်သန်းပြီးတဲ့နောက်မှာတော့ လာမယ့်နွေရာသီမှာ အသင်းကနေ သေချာပေါက်ထွက်ခွာတော့မှာလည်းဖြစ်ပါ တယ်။

ခရစ်ဒစ်