ခရစ်ဒစ်
မန်ချက်စတာယူနိုက်တက် အသင်းက ဘရန်ဖိုဒ့် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရုပ်သံထုတ်လွှင့်တဲ့ ကင်မရာကို ကြည့်ပြီး မပြီးဆုံးသေးဘူးဆိုတဲ့ စကားကို သူမပြောခဲ့ပါဘူးလို့ ရော်နယ်ဒို က ငြင်းဆန်သွား ခဲ့ပါတယ်။အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ ဘရန်ဖိုဒ့် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ အခုနှစ်ရာသီ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲက တစ်ပွဲအဖြစ် ခြေစွမ်းပြသနိုင်ခဲ့တာပါ။ဘရန်ဖိုဒ့် အသင်းနဲ့ ပွဲဟာ ဒီရာသီ ယူနိုက်တက်ရဲ့ အိုးထရက်ဖိုဒ့်မှာ ကစားတဲ့ နောက်ဆုံးပွဲလည်းဖြစ်ပါ တယ်။ရော်နယ်ဒို ဟာ
ကော်နာ(၄)ခုလုံးမှာ ရှိတဲ့ ပရိသတ်တွေကို လက်ခုပ်တီးပြီး Stredford End ကို ဖြတ်ကျော်သွားချိန်မှာ ကွင်းအတွင်းမှာရှိတဲ့ ကင်မရာကို ကြည့်ပြီး “ကျွန်တော် မပြီးဆုံးသေးဘူး”လို့ ပြောခဲ့ကြောင်း သတင်းတွေမှာ ဖော်ပြခဲ့တာပါ။လက်ရှိအချိန်မှာ ရော်နယ်ဒို ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေတာဖြစ်ကာ နည်းပြသစ် တန်ဟတ်ရဲ့ ကစားပုံနဲ့ သူနဲ့ ကိုက်ညီမှုမရှိဘူး လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ ရော်နယ်ဒို နဲ့
မန်ချက်စတာယူနိုက်တက် တို့ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ထပ်တစ်ရာသီ ကျန်သေးတာပါ။ဒါ့အပြင် မန်ချက်စတာကလပ်ဟာ ရော်နယ်ဒိ်ု ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ရှိနေတာဖြစ်ပါတယ်။ရော်နယ်ဒို ဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်နေဖို့လည်း စ်ိတ်ပိုင်း ဖြတ်ထားတာပါ။ဒါပေမယ့် ရော်နယ်ဒို ဟာ ဘရန်ဖိုဒ့်နဲ့ ပွဲအပြီးမှာ အဆိုပါ မှတ်ချက်စကားကို သူမပြောခဲ့ပါဘူး လို့
အင်စတာဂရမ်မှာ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။နည်းပြသစ် တန်ဟတ် အနေနဲ့ ရော်နယ်ဒို ရဲ့ အနာဂတ်ထက် အသင်းမှာ ဖြေရှင်းရမယ့် အရာတွေလည်း အများကြီးရှိနေတာပါ။မန်ချက်စတာယူနိုက်တက် အနေနဲ့ ဗဟိုနောက်ခံလူ၊ဗဟိုကွင်းလယ်လူ(၂)ဦးနဲ့ အနည်းဆုံး တိုက်စစ်မှူး (၁)ဦးကို နွေရာသီမှာ ဝယ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။မာတစ်၊ပေါ့ဘာ၊မာတာ၊ကာဗာနီနဲ့ လင်ဂတ် တို့ဟာ အခုနွေရာသီမှာ အသင်းကနေ အလွတ်နဲ့ ထွက်ခွာတော့မှာဖြစ်ပါ တယ်။
ခရစ်ဒစ်