ယူနုိက္တတ္ကို ေရာ္နယ္ဒိုေရာက္လာခဲ့ျခင္းအေပၚ သူ႔ရဲ႕ခံစားခ်က္ကို ေျပာျပလာတဲ့ ကာဗာနီ

ခရစၥတီယာႏို ‌ေရာ္နယ္ဒိုကိုေခၚယူမယ္ဆိုတာ ႀကိဳသိခဲ့ပါက သူ႔အေနနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို စြန႔္ခြာခဲ့လိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။ ေရာ္နယ္ဒိုက ေႏြရာသီအေျပာင္းအေ႐ြ႕

ေနာက္ဆုံးရက္မွာ မန္ခ်က္စတာ ယူႏိုက္တက္ထံ အံ့အားသင့္ဖြယ္ ေရာက္ရွိလာခဲ့တာေၾကာင့္ ကာဗာနီအတြက္ အသင္းသစ္ရွာေဖြဖို႔ အခ်ိန္မရ ျဖစ္သြားခဲ့ပါတယ္။ကာဗာနီက သူ႔ရဲ႕ နံပါတ္ ( ၇ ) ဂ်ာစီကိုလည္း အသင္းထံ ျပန္္လည္ေရာက္ရွိလာတဲ့စူပါစတားထံ လြဲေျပာင္းေပးခဲ့ၿပီး ဒဏ္ရာျပႆနာေတြနဲ႔အတူ သူ႔ရဲ႕ ပြဲကစားခ်ိန္ေတြကလည္း

သိသိသာသာ ေလ်ာ့နည္းသြားခဲ့ပါတယ္။ ဥ႐ုေဂြးတိုက္စစ္မႉးက သူ႔အ‌ေနနဲ႔ေရာ္နယ္ဒိုအေပၚ မေကာင္းတဲ့ခံစားခ်က္မရွိပဲ ယူႏိုက္တက္က သူ႔ကို ဘာေၾကာင့္ဝယ္ယူခဲ့တယ္ဆိုတာလည္း နားလည္ထားေပမယ့္ သူ႔အတြက္ေတာ့ဒါက အလုပ္မျဖစ္ေၾကာင္း သေဘာေပါက္ထားပါတယ္။

သူက “ ကြၽန္ေတာ္ကေတာ့ ျဖစ္သင့္တဲ့အတိုင္း အၿမဲတမ္း အမွန္တရားပဲေျပာေလ့ရွိပါတယ္။ ဒီလို ျဖစ္သြားတဲ့ အခိုက္အတန႔္မွာ မန္ခ်က္စတာယူႏိုက္တက္က ခရစၥတီယာႏိုကို ေခၚယူခဲ့တာ ေကာင္းတယ္လို႔ေတြးမိခဲ့ပါတယ္။”လို႔ ဆိုခဲ့ပါတယ္။ “ ယေန႔ေခတ္ ေဘာလုံးေလာကနဲ႔ ပတ္သက္လို႔

အနည္းငယ္သိထားတဲ့အတြက္ ကြၽန္ေတာ္ပထမဆုံးလုပ္ခဲ့တဲ့အရာကကြၽန္ေတာ့္အကိုကို ဖုန္းေခၚၿပီး “ ဖာနန္ဒိုေရ ၊ ဒါသာ လြန္ခဲ့တဲ့ တစ္ပတ္ေက်ာ္ကျ ဖစ္ပ်က္ခဲ့မယ္ဆိုရင္ ငါမင္းကို ေနာက္ထပ္အသင္းသစ္မွာ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ေတာင္းဆိုမိခဲ့ပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။”“ ဒါေပမယ့္ ကြၽန္ေတာ္ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ တြဲဖက္မကစားလိုတာေၾကာင့္မဟုတ္ပါဘူး ။ ကြၽန္‌ေတာ္ သူနဲ႔ ေတြ႕ဆုံခြင့္ရခဲ့တယ္။

သူက ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ကစားသမားတစ္ဦးပါ ။ သူ႔ရဲ႕ သြင္းဂိုးေတြက အားကစားသမားတစ္ဦးအတြက္အရမ္းကို ၿပီးျပည့္စုံပါတယ္။ ဒါေပမယ့္ ေဘာလုံးေလာကမွာ ႏွစ္ေပါင္းမ်ားစြာက်င္လည္ၿပီးေနာက္ ကြၽန္ေတာ့္အေနနဲ႔ ယေန႔ေခတ္ အျဖစ္အပ်က္ေတြကိုနားလည္သေဘာေပါက္လာပါတယ္။” အခုေႏြရာသီ အသင္းကေန ထြက္ခြာေတာ့မယ့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ( ၁၇ ) ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္ ယခုရာသီမွာေတာ့ၿပိဳင္ပြဲစုံ ( ၂ ) ဂိုးသာ သြင္းယူထားႏိုင္တာေတြ႕ရပါ တယ္။

crd

ယူနိုက်တတ်ကို ရော်နယ်ဒိုရောက်လာခဲ့ခြင်းအပေါ် သူ့ရဲ့ခံစားချက်ကို ပြောပြလာတဲ့ ကာဗာနီ

ခရစ္စတီယာနို ‌ရော်နယ်ဒိုကိုခေါ်ယူမယ်ဆိုတာ ကြိုသိခဲ့ပါက သူ့အနေနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာခဲ့လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ ရော်နယ်ဒိုက နွေရာသီအပြောင်းအရွေ့

နောက်ဆုံးရက်မှာ မန်ချက်စတာ ယူနိုက်တက်ထံ အံ့အားသင့်ဖွယ် ရောက်ရှိလာခဲ့တာကြောင့် ကာဗာနီအတွက် အသင်းသစ်ရှာဖွေဖို့ အချိန်မရ ဖြစ်သွားခဲ့ပါတယ်။ကာဗာနီက သူ့ရဲ့ နံပါတ် ( ၇ ) ဂျာစီကိုလည်း အသင်းထံ ပြန််လည်ရောက်ရှိလာတဲ့စူပါစတားထံ လွဲပြောင်းပေးခဲ့ပြီး ဒဏ်ရာပြဿနာတွေနဲ့အတူ သူ့ရဲ့ ပွဲကစားချိန်တွေကလည်း

သိသိသာသာ လျော့နည်းသွားခဲ့ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးက သူ့အ‌နေနဲ့ရော်နယ်ဒိုအပေါ် မကောင်းတဲ့ခံစားချက်မရှိပဲ ယူနိုက်တက်က သူ့ကို ဘာကြောင့်ဝယ်ယူခဲ့တယ်ဆိုတာလည်း နားလည်ထားပေမယ့် သူ့အတွက်တော့ဒါက အလုပ်မဖြစ်ကြောင်း သဘောပေါက်ထားပါတယ်။

သူက “ ကျွန်တော်ကတော့ ဖြစ်သင့်တဲ့အတိုင်း အမြဲတမ်း အမှန်တရားပဲပြောလေ့ရှိပါတယ်။ ဒီလို ဖြစ်သွားတဲ့ အခိုက်အတန့်မှာ မန်ချက်စတာယူနိုက်တက်က ခရစ္စတီယာနိုကို ခေါ်ယူခဲ့တာ ကောင်းတယ်လို့တွေးမိခဲ့ပါတယ်။”လို့ ဆိုခဲ့ပါတယ်။ “ ယနေ့ခေတ် ဘောလုံးလောကနဲ့ ပတ်သက်လို့

အနည်းငယ်သိထားတဲ့အတွက် ကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့အရာကကျွန်တော့်အကိုကို ဖုန်းခေါ်ပြီး “ ဖာနန်ဒိုရေ ၊ ဒါသာ လွန်ခဲ့တဲ့ တစ်ပတ်ကျော်ကြ ဖစ်ပျက်ခဲ့မယ်ဆိုရင် ငါမင်းကို နောက်ထပ်အသင်းသစ်မှာ စာချုပ်ချုပ်ဆိုဖို့တောင်းဆိုမိခဲ့ပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။”“ ဒါပေမယ့် ကျွန်တော် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တွဲဖက်မကစားလိုတာကြောင့်မဟုတ်ပါဘူး ။ ကျွန်‌တော် သူနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။

သူက ပရော်ဖက်ရှင်နယ်ဆန်တဲ့ကစားသမားတစ်ဦးပါ ။ သူ့ရဲ့ သွင်းဂိုးတွေက အားကစားသမားတစ်ဦးအတွက်အရမ်းကို ပြီးပြည့်စုံပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ နှစ်ပေါင်းများစွာကျင်လည်ပြီးနောက် ကျွန်တော့်အနေနဲ့ ယနေ့ခေတ် အဖြစ်အပျက်တွေကိုနားလည်သဘောပေါက်လာပါတယ်။” အခုနွေရာသီ အသင်းကနေ ထွက်ခွာတော့မယ့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ( ၁၇ ) ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ယခုရာသီမှာတော့ပြိုင်ပွဲစုံ ( ၂ ) ဂိုးသာ သွင်းယူထားနိုင်တာတွေ့ရပါ တယ်။

crd