လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ဟာလန်းကို ချီးကျူးပြီး သူ့ကိုခေါ်လိုက်တဲ့ မန်စီးတီးက ပိုမို တောင့်တင်းသွားပြီလို့ ပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာ ဟာလန်းအတွက် ဒေါ့မွန်နဲ့ သဘောတူညီမှုရရှိခဲ့ပါပြီ။ ကစားသမားနဲ့ အသေးစိတ်ကိစ္စရပ်တွေ ဆွေးနွေးဖို့သာ ကျန်တော့တယ်လို့လည်း

မနေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ဟာလန်းဟာ ဥရောပထိပ်တန်းအသင်းတွေ လိုချင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ဒီကစားသမားနဲ့ပတ်သက်လို့ ကလော့ပ်က “ဟာလန်းက ဒေါ့မွန်မှာ ဒဏ်ရာရနေတဲ့အချိန်တွေရှိခဲ့ပေမယ့် ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာတော့ တကယ်ကို သားရဲတိရစ္ဆာန်လိုပါပဲ။ ကံမကောင်းပေမယ့်လည်း သူက မန်စီးတီးအတွက် တကယ် ကောင်းမွန်တဲ့ ခေါ်ယူမှုတခုပါ မန်စီးတီးအတွက်တင် မဟုတ်ပါဘူး။

ပရီးမီးယားလိဂ်အတွက်ရောပေါ့။ သူ ဘာတွေ လုပ်ပြမလဲ ကျနော်တို့ စောင့်ကြည့်ရတော့မှာပါ။ သူနဲ့ အမ်ဘာပေက ရော်နယ်ဒိုနဲ့မက်ဆီ ခေတ်လွန်မှာ ကြယ်ပွင့်ဖြစ်လာမယ်လို့ သတ်မှတ်ခံထားရပါတယ် ဒီတော့ သူ့ကို ပရီးမီးယားလိဂ်မှာ မြင်တွေ့ရတာက ဝမ်းသာစရာပါပဲ။

ဒီလိုကစားသမားမျိုးတွေက ရီးရဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာကိုပဲ ပြောင်းလေ့ရှိကြပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်က အသန်မာဆုံးလိဂ်လို့ ခံစားရပါတယ် ဒါပေမယ့် မန်စီးတီးအနေနဲ့ ဟာလန်းကိုခေါ်လိုက်လို့ ဆုဖလားတိုင်းကို ဆွတ်ခူးနိုင်မယ်လို့ အာမ,မခံနိုင်ပါဘူး။

သူတို့အနေနဲ့ နောက်ထပ် ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား ဒါမှမဟုတ် ပွဲကို ထိန်းချုပ်နိုင်တဲ့ ကစားသမားတယောက်ကို ဆုံးရှုံးလိုက်ရတာပါပဲ” လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ခရစ္ဒစ္






ခရစ်ဒစ်