ယူနိုက္တက္ဂႏၲဝင္ေနာက္ခံလူေဟာင္း ရီယိုဖာဒီနန္က လာမယ့္ ေဘာလုံးရာသီမွာ ေရာ္နယ္ဒိုအေနနဲ႔ ယူနိုက္တက္မွာ (၁၀၀) ရာခိုင္ႏႈန္းအျပည့္ ဆက္ရွိေနလိမ့္မယ္လို႔ ေဟာကိန္းထုတ္ ေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒိုဟာ ယူနိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း တႏွစ္က်န္ရွိေသးတဲ့ ကစားသမားပါ။လာမယ့္ရာသီမွာ ေရာ္နယ္ဒိုတေယာက္

အသင္းမွာဆက္ရွိ၊ မရွိ အားလုံးက ဒြိဟျဖစ္ခဲ့ပါတယ္။ အေၾကာင္းကေတာ့ ယူနိုက္တက္ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ပါ။ ေရာ္နယ္ဒိုအေနနဲ႔ ယူနိုက္တက္မွာသာ ဆက္ေနရင္ ႏွစ္ေပါင္း (၂၀) အတြင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ရပါလိမ့္မယ္။ဒါေပမယ့္ သူကိုယ္တိုင္က ယူနိုက္တက္ကို ျပန္လည္ေအာင္ျမင္တဲ့အသင္းျဖစ္လာေအာင္ ႀကိဳးစားဖို႔ ဆႏၵရွိေနပါတယ္။ ဒါ့အျပင္ နည္းျပသစ္

အဲရစ္တန္ဟက္ခ္ကလည္း ေရာ္နယ္ဒိုကို အသင္းမွာ ဆက္ထိန္းထားဖို႔အေၾကာင္း ဖြင့္ဟခဲ့ပါတယ္။အဲရစ္တန္ဟက္ခ္လက္ထက္မွာ လက္ရွိယူနိုက္တက္ ကစားသမားေတြထဲက ေရာ္နယ္ဒို၊ ဒါေလာ့၊ ဘ႐ူနိုဖာနန္ဒက္စ္တို႔ ေသခ်ာေပါက္ ေနရာရလိမ့္မယ္လို႔လည္း သတင္းေတြက ေဖာ္ျပထားပါတယ္။

ေရာ္နယ္ဒိုရဲ့ အနာဂတ္နဲ႔ပတ္သက္လို႔လည္း ဖာဒီနန္က အခုလိုပဲ ေျပာပါတယ္။ဖာဒီနန္က “ေရာ္နယ္ဒို လာမယ့္ရာသီ ယူနိုက္တက္မွာ ဆက္ရွိမယ္လို႔ က်ေနာ္ ရာႏႈန္းျပည့္ ယုံၾကည္ပါတယ္။ ဒီအသင္းအေပၚ သူထားတဲ့ ဆႏၵက အသင္းကို သူေမၽွာ္လင့္ထားတဲ့အတိုင္း ေျပာင္းလဲေပးနိုင္ဖို႔ပါ။

သူက လူငယ္ကစားသမားေတြအေပၚ လႊမ္းမိုးနိုင္ၿပီး အသင္းရဲ့ ရိုးရာကို ျပင္ဆင္ေပးပါလိမ့္မယ္ နည္းျပကလည္း ဒါကို ေျပာၿပီးသားျဖစ္ၿပီး သူ႔အတြက္လည္း အခ်ိန္လိုအပ္ပါတယ္။ သူ လိုအပ္တဲ့ပုံစံအတိုင္း ကစားေပးမယ့္ ကစားသမားေတြလည္း လိုအပ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

ခရစ္ဒစ္

ယူနိုက်တက်ဂန္တဝင်နောက်ခံလူဟောင်း ရီယိုဖာဒီနန်က လာမယ့် ဘောလုံးရာသီမှာ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာ (၁၀၀) ရာခိုင်နှုန်းအပြည့် ဆက်ရှိနေလိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တနှစ်ကျန်ရှိသေးတဲ့ ကစားသမားပါ။လာမယ့်ရာသီမှာ ရော်နယ်ဒိုတယောက်

အသင်းမှာဆက်ရှိ၊ မရှိ အားလုံးက ဒွိဟဖြစ်ခဲ့ပါတယ်။ အကြောင်းကတော့ ယူနိုက်တက် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့်ပါ။ ရော်နယ်ဒိုအနေနဲ့ ယူနိုက်တက်မှာသာ ဆက်နေရင် နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်ရပါလိမ့်မယ်။ဒါပေမယ့် သူကိုယ်တိုင်က ယူနိုက်တက်ကို ပြန်လည်အောင်မြင်တဲ့အသင်းဖြစ်လာအောင် ကြိုးစားဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် နည်းပြသစ်

အဲရစ်တန်ဟက်ခ်ကလည်း ရော်နယ်ဒိုကို အသင်းမှာ ဆက်ထိန်းထားဖို့အကြောင်း ဖွင့်ဟခဲ့ပါတယ်။အဲရစ်တန်ဟက်ခ်လက်ထက်မှာ လက်ရှိယူနိုက်တက် ကစားသမားတွေထဲက ရော်နယ်ဒို၊ ဒါလော့၊ ဘရူနိုဖာနန်ဒက်စ်တို့ သေချာပေါက် နေရာရလိမ့်မယ်လို့လည်း သတင်းတွေက ဖော်ပြထားပါတယ်။

ရော်နယ်ဒိုရဲ့ အနာဂတ်နဲ့ပတ်သက်လို့လည်း ဖာဒီနန်က အခုလိုပဲ ပြောပါတယ်။ဖာဒီနန်က “ရော်နယ်ဒို လာမယ့်ရာသီ ယူနိုက်တက်မှာ ဆက်ရှိမယ်လို့ ကျနော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။ ဒီအသင်းအပေါ် သူထားတဲ့ ဆန္ဒက အသင်းကို သူမျှော်လင့်ထားတဲ့အတိုင်း ပြောင်းလဲပေးနိုင်ဖို့ပါ။

သူက လူငယ်ကစားသမားတွေအပေါ် လွှမ်းမိုးနိုင်ပြီး အသင်းရဲ့ ရိုးရာကို ပြင်ဆင်ပေးပါလိမ့်မယ် နည်းပြကလည်း ဒါကို ပြောပြီးသားဖြစ်ပြီး သူ့အတွက်လည်း အချိန်လိုအပ်ပါတယ်။ သူ လိုအပ်တဲ့ပုံစံအတိုင်း ကစားပေးမယ့် ကစားသမားတွေလည်း လိုအပ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ခရစ်ဒစ်