ယာယီနည္းျပရန္းနစ္ခ္ရဲ႕ မွတ္ခ်က္ေၾကာင့္ မန္ယူအသင္းသားေတြၾကားမွာ စိတ္ဝမ္းကြဲမႈေတြရွိေနတယ္လို႔ သတင္းထြက္လာပါတယ္။ သရဲနီေတြဟာ ပရီးမီးယားလိဂ္သမိုင္းတစ္ေလွ်ာက္မွာ

အဆိုး႐ြားဆုံးရာသီနဲ႔ရင္ဆိုင္ခဲ့ရၿပီး ၅၈ မွတ္နဲ႔ အဆင့္ ၆ ေနရာမွာရပ္တည္ခဲ့ရသလို ခ်န္ပီယံမန္စီးတီးနဲ႔ ၃၅ မွတ္အထိျပတ္က်န္ခဲ့တာပါ။ ဒီလိုအေျခအေနဆိုးနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ ေရာ္နယ္ဒို၊ အသင္းေခါင္းေဆာင္မက္ဂြိဳင္းယား၊ ရက္ရွ္ဖို႔ဒ္နဲ႔ ကာဗာနီအပါအဝင္

ကစားသမားေတြနဲ႔ပတ္သက္ၿပီး ရန္းနစ္ခ္ရဲ႕မွတ္ခ်က္ေၾကာင့္ စိတ္ဝမ္းကြဲမႈေတြရွိေနတာလို႔ ESPN သတင္းစာက ေဖၚျပပါတယ္။ “ ျပည္ပကစားသမား အေတာ္မ်ားမ်ားကို ေရာ္နယ္ဒိုက ဦးေဆာင္ေနခ်ိန္မွာ ၿဗိတိန္ကစားသမားေတြကေတာ့ စုစုစည္းစည္းရွိေနၾကတယ္။ မက္ဂြိဳင္းယား အသင္းေခါင္းေဆာင္ျဖစ္ေနတာကို ကစားသမားအခ်ိဳ႕ မေပ်ာ္႐ႊင္ၾကဘူးဆိုတဲ့သတင္းထြက္လာတာ အေတာ္ေလးစိတ္မေကာင္းစရာျဖစ္ေ ပမယ့္

ဒါဟာ တကယ့္အေျခအေနမွန္ပါပဲ ” လို႔ ေရးသားထားပါတယ္။ ေဖေဖၚဝါရီလတုန္းက အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မတိုင္ခင္ မန္ယူကစားသမားေတြဟာ အုပ္စုႏွစ္ခုကြဲေနၿပီး မက္ဒရစ္မွာ အမုန္းပြားခဲ့ၾကတယ္ဆိုတဲ့သတင္းေတြထြက္ေပၚခဲ့ဖူးသလို ဆိုး႐ြားလွတဲ့ခံစားခ်က္ေတြဟာ ကစားသမားမိသားစုေတြနဲ႔ ကိုယ္စားလွယ္ေတြဆီကိုပါ ကူးစက္ျခင္းနဲ႔အတူ စတင္လာခဲ့ပါတ ယ္။

ဒါ့အျပင္ ကာရင္တန္ေလ့က်င့္ကြင္းမွာ စီနီယာကစားသမားႏွစ္ဦး အခ်င္းမ်ားခဲ့တယ္ဆိုတဲ့သတင္းကလည္း မန္ယူအတြင္းပိုင္းသ႐ုပ္မွန္ကို ေဖၚျပသလိုျဖစ္ခဲ့ပါတယ္။

ခရစ္ဒစ္

ယာယီနည်းပြရန်းနစ်ခ်ရဲ့မှတ်ချက်ကြောင့် မန်ယူအသင်းသားတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေရှိနေတယ်လို့ သတင်းထွက်လာပါတယ်။ သရဲနီတွေဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်မှာ

အဆိုးရွားဆုံးရာသီနဲ့ရင်ဆိုင်ခဲ့ရပြီး ၅၈ မှတ်နဲ့ အဆင့် ၆ နေရာမှာရပ်တည်ခဲ့ရသလို ချန်ပီယံမန်စီးတီးနဲ့ ၃၅ မှတ်အထိပြတ်ကျန်ခဲ့တာပါ။ ဒီလိုအခြေအနေဆိုးနဲ့ ရင်ဆိုင်နေရချိန်မှာ ရော်နယ်ဒို၊ အသင်းခေါင်းဆောင်မက်ဂွိုင်းယား၊ ရက်ရှ်ဖို့ဒ်နဲ့ ကာဗာနီအပါအဝင်

ကစားသမားတွေနဲ့ပတ်သက်ပြီး ရန်းနစ်ခ်ရဲ့မှတ်ချက်ကြောင့် စိတ်ဝမ်းကွဲမှုတွေရှိနေတာလို့ ESPN သတင်းစာက ဖေါ်ပြပါတယ်။ “ ပြည်ပကစားသမား အတော်များများကို ရော်နယ်ဒိုက ဦးဆောင်နေချိန်မှာ ဗြိတိန်ကစားသမားတွေကတော့ စုစုစည်းစည်းရှိနေကြတယ်။ မက်ဂွိုင်းယား အသင်းခေါင်းဆောင်ဖြစ်နေတာကို ကစားသမားအချို့ မပျော်ရွှင်ကြဘူးဆိုတဲ့သတင်းထွက်လာတာ အတော်လေးစိတ်မကောင်းစရာဖြစ်ေ ပမယ့်

ဒါဟာ တကယ့်အခြေအနေမှန်ပါပဲ ” လို့ ရေးသားထားပါတယ်။ ဖေဖေါ်ဝါရီလတုန်းက အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မတိုင်ခင် မန်ယူကစားသမားတွေဟာ အုပ်စုနှစ်ခုကွဲနေပြီး မက်ဒရစ်မှာ အမုန်းပွားခဲ့ကြတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ဖူးသလို ဆိုးရွားလှတဲ့ခံစားချက်တွေဟာ ကစားသမားမိသားစုတွေနဲ့ ကိုယ်စားလှယ်တွေဆီကိုပါ ကူးစက်ခြင်းနဲ့အတူ စတင်လာခဲ့ပါတ ယ်။

ဒါ့အပြင် ကာရင်တန်လေ့ကျင့်ကွင်းမှာ စီနီယာကစားသမားနှစ်ဦး အချင်းများခဲ့တယ်ဆိုတဲ့သတင်းကလည်း မန်ယူအတွင်းပိုင်းသရုပ်မှန်ကို ဖေါ်ပြသလိုဖြစ်ခဲ့ပါတယ်။

ခရစ်ဒစ်