အီတလီ စူပါအေးဂျင့် ရော်ဘတ်တို ဒေ ဖန်တီကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းသည် လာမယ့် နွေရာသီ အပြောင်းအရွေ့ ဈေးကွက် အတွက် အင်အားဖြည့်တင်းမှုတရပ်အနေနဲ့ လာဇီယို ကွင်းလယ် ကစားသမား မီလင်ကိုဗစ် ဆာဗစ်ကို ခေါ်ယူဘို့. တရားဝင် စဆင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ

ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ယခု နွေရာသီ အပြောင်းအရွေ့ ဈေးကွက် အတွင်းမှာ အသင်းရဲ့ ကွင်းလယ် ကစားသမား တွေ ဖြစ်ကြတဲ့ ပေါ့ဘာ ၊ မာတစ် ၊ လင်ဂတ်နဲ့ မာတာတို့လို ကစားသမားတွေကိုအလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပြုထားတာကြောင့် အသင်းရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် ကမ္ဘ့ အဆင့် ကွင်းလယ် ကစားသမား 2 ယောက်ကို ပြန်လည် ခေါ်ယူ ဖို့ စီစဉ်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အသက် ၂၇နှစ် အရွယ် ဆားဘီးယားကြယ်ပွင့် ကွင်းလယ် ကစားသမား မီလင်ကိုဗစ် ဆာဗစ်ဟာ လာဇီယိုနဲ့အတူ တောက်ပနေတဲ့ ကွင်းလယ် ကစားသမာ 1 ယောက် ဖြစ်ပြီး လာဇီယိုအတွက်ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ မီလင်ကိုဗစ် ဆာဗစ် သည် အီတလီ မှာ အကောင်းဆုံး ဗဟိုကွင်း လယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး

မန်ချက်စတာ ယူနိုက်တက် အပါအဝင် အခြားသော အင်အားကြီး အသင်း အများစုက ဆာဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ နာမည်ကြီး အီတလီ စူပါအေးဂျင့် တဦး ဖြစ်သူ ဒေ ဖန်တီကတော့ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဆာဗစ်တို့ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ထားခြင်း မရှိပေမယ့် မန်ချက်စတာ ယူနိုက်တက် ဆာဗစ်ကို ခေါ်ယူ ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေသလို ခေါ်ယူနိုင်ဖို့လည်း နီးစပ်နေကြောင်း ဆိုပါတယ်။

ဖန်တီက – “ကျွန်တော် ခင်ဗျားတို့ကို ပြောနိုင်တာ တခုက အခုချိန်မှာ ဆာဗစ် တယောက် အိုးထရက်ဖို့ဒ်ဆီ ရောက်ဖို့ လမ်းစများနေတယ် ဆိုတာပါပဲ။ သူနဲ့ နီးစပ်တဲ့ လူတချို့ကတော့ ဆာဗစ်ဟာ အိုးထရက်ဖို့ဒ်ဆီ သွားဖို့ စဉ်းစားနေပြီလို့ ဝန်ခံထားကြပါတယ်” လို့ ပြောကြားသွားခဲ့ တာပါ။

ခရစ်ဒစ်