မန္ယူနည္းျပသစ္တန္းဟတ္ဟာ ကစားသမားေတြဆီကေန သူ ဘာေတြေမၽွာ္လင့္ထားတယ္၊ သူ လိုခ်င္တဲ့အသင္းပုံစံနဲ႔ အနာဂတ္ရည္မွန္းခ်က္ေတြကို အီးေမးလ္ပို႔ၿပီး အသိေပးလိုက္တယ္လို႔ The Sun သတင္းစာက ေဖၚျပပါတယ္။ အထူးသျဖင့္ ေအဂ်က္ဇ္နည္းျပေဟာင္းဟာ
ဖာဂူဆန္ထြက္ခြာသြားၿပီးေနာက္ပိုင္း မွန္ကန္မႈမရွိေတာ့တဲ့အသင္းယဥ္ေက်းမႈကို ေျပာင္းလဲခ်င္ေနတာပါ။ “ ေဘာလုံးဆိုတာ အသင္းလိုက္ကစားနည္းျဖစ္ေၾကာင္း၊ ဘယ္သူကမွ တစ္ျခားသူေတြထက္ ပိုအေရးမႀကီးေၾကာင္းကို နည္းျပသစ္က
ပထမအသင္းသားေတြဆီ အီးေမးလ္ပို႔ခဲ့ပါတယ္။ မန္ယူဟာ ကမၻာ့အဆင့္ၾကယ္ပြင့္ေတြ ပိုင္ဆိုင္ထားေပမယ့္ သူ႔ရဲ့အာ႐ုံစိုက္မႈကေတာ့ တစ္သင္းလုံးအေပၚမွာပါ။ေလ့က်င့္ေရးတိုင္း ပြဲတစ္ပြဲလိုျဖစ္ေအာင္ ကစားသမားေတြကို ျပင္းျပင္းထန္ထန္လုပ္ေစခ်င္ေနတယ္။ ကစားသမားေတြဟာ သူတို႔ရဲ့ဘဝမွာ အေကာင္းဆုံးႀကံ့ခိုင္မႈအဆင့္ကို ရေစလိမ့္မယ္လို႔လည္း ေျပာထားတယ္။
ဒီလိုမွမဟုတ္ရင္ေတာ့ သူတို႔ တံခါးအျပင္ေရာက္သြားလိမ့္မယ္။ အေကာင္းဆုံးျဖစ္ေအာင္ သူတို႔ႀကိဳးစားၾကရလိမ့္မယ္။တကယ္လို႔ မလုပ္နိုင္ရင္ တန္းဟတ္ဟာ အလားအလာရွိတဲ့လူငယ္ေတြနဲ႔ အစားထိုးလိမ့္မယ္ ” လို႔ မန္ယူနဲ႔နီးစပ္တဲ့အသိုင္းအဝန္းက ေျပာဆိုထားေၾကာင္း
The Sun က ေရးသားထားပါတယ္။နယ္သာလန္သားဟာ သူ႔ရဲ့လက္ေထာက္နည္းျပႏွစ္ဦးျဖစ္တဲ့ မကၠလာရင္( မန္ယူနည္းျပေဟာင္း )၊ ဗန္ဒါဂက္( ေအဂ်က္ဇ္လက္ေထာက္နည္းျပေဟာင္း )တို႔နဲ႔အတူ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခဲ့တာျဖစ္ၿပီး စည္းကမ္းပိုင္းတင္းၾကပ္သြားဖို႔ရွိေနပါ တယ္။

ခရစ္ဒစ္
မန်ယူနည်းပြသစ်တန်းဟတ်ဟာ ကစားသမားတွေဆီကနေ သူ ဘာတွေမျှော်လင့်ထားတယ်၊ သူ လိုချင်တဲ့အသင်းပုံစံနဲ့ အနာဂတ်ရည်မှန်းချက်တွေကို အီးမေးလ်ပို့ပြီး အသိပေးလိုက်တယ်လို့ The Sun သတင်းစာက ဖေါ်ပြပါတယ်။ အထူးသဖြင့် အေဂျက်ဇ်နည်းပြဟောင်းဟာ
ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း မှန်ကန်မှုမရှိတော့တဲ့အသင်းယဉ်ကျေးမှုကို ပြောင်းလဲချင်နေတာပါ။ “ ဘောလုံးဆိုတာ အသင်းလိုက်ကစားနည်းဖြစ်ကြောင်း၊ ဘယ်သူကမှ တစ်ခြားသူတွေထက် ပိုအရေးမကြီးကြောင်းကို နည်းပြသစ်က
ပထမအသင်းသားတွေဆီ အီးမေးလ်ပို့ခဲ့ပါတယ်။ မန်ယူဟာ ကမ္ဘာ့အဆင့်ကြယ်ပွင့်တွေ ပိုင်ဆိုင်ထားပေမယ့် သူ့ရဲ့အာရုံစိုက်မှုကတော့ တစ်သင်းလုံးအပေါ်မှာပါ။လေ့ကျင့်ရေးတိုင်း ပွဲတစ်ပွဲလိုဖြစ်အောင် ကစားသမားတွေကို ပြင်းပြင်းထန်ထန်လုပ်စေချင်နေတယ်။ ကစားသမားတွေဟာ သူတို့ရဲ့ဘဝမှာ အကောင်းဆုံးကြံ့ခိုင်မှုအဆင့်ကို ရစေလိမ့်မယ်လို့လည်း ပြောထားတယ်။
ဒီလိုမှမဟုတ်ရင်တော့ သူတို့ တံခါးအပြင်ရောက်သွားလိမ့်မယ်။ အကောင်းဆုံးဖြစ်အောင် သူတို့ကြိုးစားကြရလိမ့်မယ်။တကယ်လို့ မလုပ်နိုင်ရင် တန်းဟတ်ဟာ အလားအလာရှိတဲ့လူငယ်တွေနဲ့ အစားထိုးလိမ့်မယ် ” လို့ မန်ယူနဲ့နီးစပ်တဲ့အသိုင်းအဝန်းက ပြောဆိုထားကြောင်း
The Sun က ရေးသားထားပါတယ်။နယ်သာလန်သားဟာ သူ့ရဲ့လက်ထောက်နည်းပြနှစ်ဦးဖြစ်တဲ့ မက္ကလာရင်( မန်ယူနည်းပြဟောင်း )၊ ဗန်ဒါဂက်( အေဂျက်ဇ်လက်ထောက်နည်းပြဟောင်း )တို့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာခဲ့တာဖြစ်ပြီး စည်းကမ်းပိုင်းတင်းကြပ်သွားဖို့ရှိနေပါ တယ်။
ခရစ်ဒစ်