



crd

မန်ချက်စတာယူနိုက်တက် အသင်းသို့ ဖရန်ကီဒီ‌ဂျောင် ဟာ ပြောင်း ရွှေ့ ကစားရန် မီးစိမ်းပြ ပီးတဲ့ နောက်မှာ တော့ မန်ချက်စတာယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်းတို့ ကြားမှာပြောင်း ရွှေ့ ကြေးနဲ့ ပါတ်သတ်ပြီး ဆွေးနွေးမှု တွေ အနေအထားတစ်ခု ကို ရောက်နေပီ ပဲ ဖြစ်ပါတယ်။ဘာကာ ဘက်က ဒီဂျောင် အ တွက်

ယူရို သန်း ၁၀၀ နီးပါး လိုချင် နေပြီး ဘာစီလိုနာ ရဲ့ ဘဏ္ဌာရေးအခြေအနေ နဲ့ ပျော့ ကွက်ကို သိနေတဲ့ မန်ချက်စတာယူနိုက်တက် ကလည်း ယူရို သန်း ၇၀ ဝန်းကျင် သာ ပေးချေဖို့ ကို ဆန္ဒရှိနေတာကြောင့် အပြောင်း အရွှေ့ ဟာ အနည်း ငယ် ကြန့်ကြာနေတယ်လို့ သိရပါတယ်။သို့ပေမယ့် ကစားသမား ဘက်က တော့

မန်ချက်စတာယူနိုက်တက်ကို ပြောင်း ရွှေ့ ကစားဖို့ အလုံးစုံ သဘောတူညီ မှု ရရှိခဲ့ ပီးတဲ့ အခါမှာ တော့ ၎င်းဝတ်ဆင်လိုတဲ့ ကျောနံပါတ်ကို တစ်ပါတည်းတောင်းဆိုထားတယ်လို့ သိရပါတယ်။အဆိုပါ နံပါတ်ကတော့ တိုက်စစ်မှုး ကာဗာနီ ထွက်ခွာမှု ကြောင့် လစ်လပ် သွားမယ့် ကျောနံပါတ် ၂၁ ဖြစ်‌တယ်လို့ သိရပါ တယ်။

အဆိုပါ နံပါတ်ကို ဒီဂျောင် ဟာ ဘာကာ မှာရော အေဂျက်မှာပါစုစုပေါင်း ၆ နှစ်ကြာ ဝတ်ဆင်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် မှာလည်း ကျောနံပါတ် ၂၁ ကိုသာ တောင်းဆိုခဲ့တယ်လို့ သိရပါတ ယ်။

crd