



crd Shwe Soccer

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဝန်ဒေါစကီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် သူ့နေရာအစားထိုးဖို့ ရော်နယ်ဒိုကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။လီဝန်ဒေါစကီးဟာ အခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားတယ်လို့ အကြိမ်ကြိမ်ပြောနေခဲ့တာပါ။ဒါပေမယ့် စာချုပ်တစ်နှစ်ကျန်တဲ့သူ့ကို အသင်းက လက်မလွှတ်ချင်ပဲဖြစ်နေပါ တယ်။

ဒါပေမယ့် ဘာစီလိုနာအသင်းကသာ သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးပေးမယ်ဆိုရင်တော့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ လီဝန်ဒေါစကီးကို ထွက်ခွာခွင့်ပေးဖို့ ရှိနေတာပါ။ဘိုင်ယန်မြူးနစ်အသင်းဟာ မကြာသေးခင်က လီဗာပူးလ်တိုက်စစ်ကစားသမား မာနေးကို အားဖြည့်ထားပေမယ့် လီဝန်ဒေါစကီး ထွက်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အစားထိုးသွားဖို့ ရှိနေပါ တယ်။

ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်နေချင်ပေမယ့် အသင်းရဲ့အပြောင်းအရွှေ့အပေါ်မှာ စိတ်ပျက်နေတာပါ။အသင်းဟာာအခုအချိန်ထိ ကစားသမားသစ်ခေါ်ယူနိုင်ခြင်းမရှိသေးသလို လိုချင်တဲ့ကစားသမားတွေရဲ့ငြင်းပယ်ခြင်း ကိုခံနေရပါ တယ်။

အဲ့ဒါကြောင့် ရော်နယ်ဒိုဟာ အသင်းရဲ့လက်ရှိအခြေအနေတိုးတက်မှုမရှိဘူးဆိုရင် ထွက်ခွာဖို့ စဉ်းစားနိုင်ခြေရှိနေပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့်ရာသီမှာ နည်းပြသစ်တန်ဟတ်နဲ့အတူ ခရီးဆက်ရမှာပါ။လီဝန်ဒေါစကီးသာ ဘိုင်ယန်မြူးနစ်က ထွက်ခွာခဲ့မယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ ဂျာမန်ကလပ်ကို ရောက်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်းဖြစ်ပါ တယ်။

crd Shwe Soccer