
















မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ လက်ရှိ အသင်းရဲ့ ကြယ်ပွင့် ဂရင်းဝုဒ်ဟာ. လက်ရှိတွင် အသင်းအတွက် အရေးပါတဲ့ အခန်း ကဏ္ဍ တစ်ရပ်မှာ ပါဝင်လာခဲ့ကာ ဂိုးတွေ တောက်လျောက်သွင်းယူကာ ဆိုးရှားကို စိတ် သက် သာရာ ရစေခဲ့ဘာ တယ်။


ဆိုးရှား က လက်ရှိအသင်းရဲ့ ကြယ်ပွင့်ကစားသမား ဂရင်းဝုဒ် ကို အသင်းရဲ့ ညာတောင်ပံ မှာ အဓိက ပွဲထုတ်နေခဲ့တာ ဖြစ်ပြီး ဂရင်းဝုဒ် ကလည်း ဆိုးရှား စိတ်တိုင်းကျ လောက်အောင် ဂိုးတွေ ဆက်တိုက် သွင်းနိုင်ခဲ့တာ တွေ့ရဘာတ ယ်။

ဂရင်းဝုဒ်ဟာ. တကယ်တမ်းမှာ တော့ သူ အားသန်တဲ့ နေရာက အထောင်တိုက်စစ်မှူး ဖြစ်ပြီးတော့ အသင်းလို အပ်တဲ့ အချိန်တွေမှာတော့ လိုအပ်ရင် လိုအပ်သလို ညာတောင်ပံမှာ ထွက်ကစားပေးနိုင်တဲ့ အရည်အချင်းတွေ ပိုင်ဆိုင်ထားခဲ့ပြီး အသင်းဖော်တွေကိုလည်း ဂိုးသွင်းနိုင်အောင် ဖန်တီးပေးပို့ မှုတွေ ပြုလုပ်နိုင်ခဲ့ တာ တွေ့ရဘာ တယ်။


ပြီးခဲ့တဲ့ရာသီက စပြီး စပါးအသင်းနဲ့ပွဲစဉ်မှာ အသင်းအတွက် ညာတောင်ပံဘက်ကို ထွက် ကစားခဲ့တဲ့ ဂရင်းဝုဒ် က နောက်ပိုင်းပွဲတွေ ညာတောင်ပံထက် သူအားသန်တဲ့ အလယ်တိုက်စစ်ပိုင်း မာရှယ်ရှိနေတဲ့ ဧရိယာကို ဝင် ဝင်လာတက်ပါတယ်။

ဂရင်းဝုဒ် ရဲ့ အားသာချက်က ဘယ်ခြေညာခြေမရွေးအသုံးပြုနိုင်ပြီး သူ့ရဲ့ကန်ချက်တွေက အမြဲတမ်းအားပါပြီး ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါတယ်။


ကန်သွင်းခွင့်ရအောင် တစ်ကိုယ်တော်ကျွမ်းကျင်မှုနဲ့ နောက်တန်းကို ခြေယောင်ပြပြီး ကန်ချက်ပြင်းပြင်းနဲ့ အဆုံးသတ်ဂိုးသွင်းယူတာက ဂရင်းဝုဒ် ရဲ့ အားသန်တဲ့ကစားပုံတစ်ခု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ လူတန်တောင်းအသင်းဘက်ကို ဂရင်းဝုဒ် ၁ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီလိုအသင်းသေးဘက်ကို ဂိုးသွင်းယူနိုင်တာမထူးဆန်းပေမဲ့ သူ့ရဲ့တိုက်စစ်စွမ်းရည်ကိုတော့ အသိအမှတ်ပြုရပါမယ်။ဂရင်းဝုဒ် က အခုဆိုရင် အရင်ကထက် ကြံ့ခိုင်မှုကောင်းလာပြီး တိုက်စစ်မှူးတစ်ယောက်ရှိသင့်တဲ့ ကျွမ်းကျင်မှု၊ အရပ်အမောင်းနဲ့ လုပ်အားနှုန်းတွေကို ပိုင်ဆိုင်ထားပါတယ်။ဆက်လက်ပြီး ဂရင်းဝုဒ် က အသင်းရဲ့ နံပါတ် ( 9 ) ဝတ်စုံ ကို မာရှယ်ဆီက လုယူမယ်ဆိုပြီး ဆက်လက် ကြုံးဝါး သွားခဲ့ ဘာတယ်။


အကယ်၍ ဂရင်းဝုဒ် သာ ဒေါ့မွန် လို အသင်းမှာရောက်နေခဲ့ရင် သူ့နေရာဖြစ်တဲ့ တိုက်စစ်မှူးနေရာမှာ ကစားခွင့်ရမှာဖြစ်သလို ခြေစွမ်းလည်းပိုထက်လာပြီး ဒီအချိန်မှာ ဆန်ချို၊ ဟာလန်း တို့လို ကစားသမားဖြစ်လာနိုင်သူပါ။

နည်းပြဆိုးရှားက လူငယ်ကစားသမား ဂရင်းဝုဒ် အနေနဲ့ အထောင်တိုက်စစ်မှူးနေရာမှာ ကစားခွင့်ရဖို့ အခွင့်အရေးတွေရှိနေဆဲဖြစ်တယ်လို့ ဆိုထ ားပါတယ်။

လက်ရှိအချိန်မှာ ဂရင်းဝုဒ် ကို ညာတောင်ပံတိုက်စစ်နေရာမှာ ကစားခိုင်းထားပေမဲ့ လိုအပ်လာခဲ့ရင် အတွင်းကိုဝင်ပြီး တိုက်စစ်ဆင်နိုင်ဖို့ ခွင့်ပြုပေးထားပြီးဖြစ်တ ယ်လို့ ဆိုပါတယ်။


နောက်ပြီး ဂရင်းဝုဒ် ကို အမြင့်ဘောတွေကတစ်ဆင့် ခေါင်းတိုက်ဂိုးသွင်းယူမှုတွေကို အခုထက်ပိုပြီး ပိုင်နိုင်အောင် လေ့ကျင့်ဖို့လိုအပ်ဦးမယ်လို့ မှတ်ချက်ပြုထာ းပါတယ်။

တစ်ချို့သုံးသပ်သူတွေက ဆိုးရှား အသုံးပြုလေ့ရှိတဲ့ တိုက်စစ် ၃ ယောက်တွဲမှာ ဂရင်းဝုဒ် ကို အထောင်တိုက်စစ်နေရာထားပြီး ရက်ဖို့ဒ်၊ မာရှယ် တို့ကို ဘယ်ညာတိုက်စစ်မှာထားပြီး အပြောင်းအလဲ ပြုလုပ်သင့်တယ်လို့ မှတ်ချက်ပြု ထားကြပ ါတယ်။