















ဘိုင်လီဟာ ယူနိုက်တက်ခံစစ်အတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ စုစုပေါင်း မိနစ်၈၇၀မှာ ခွင့်ပြုခဲ့ရတဲ့ဂိုးက ၃ ဂိုးသာရှိခဲ့တာပါ






ခ ရက် ဒစ် GG Man United

အိုင်ဗရီကိုစ့်နိုင်ငံသားကို ခံယူထားတဲ့ အဲရစ်ဘိုင်လီသည် ၂၀၁၆ခုနှစ် ဇွန်လ ၈ရက်နေ့မှာ လာလီဂါကလပ် ဗီလာရီးရဲလ် အသင်းကနေ ပြောင်းရွှေ့ကြေးပေါင်သန်း၃ဝနဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွေ့ ရောက်ရှိလာခဲ့တာ ဖြစ်ဘာတယ်။ တစ်ချိန်က ရဲရဲတောက် တပ်သားတွေ ဖြစ်ခဲ့တဲ့ ဗီဒစ်နဲ့ ဖာဒီနန်တို့ရဲ့ ခေတ်လွန်တွင် နောက်တန်း ကစားသမားတွေ ဖြစ်တဲ့ စမောလင်း ဖီးလ်ဂျုံးတို့ဟာ ယူနိုက်တက် အသင်း နောက်တန်းမှာ ရှိသင့် ရှိထိုက်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိခဲ့ဘဲ အသင်းရဲ့ နောက်တန်းဟာ. လည်း ဖရိုဖရဲဖြစ်ခဲ့ကာ လက်ရှိအချိန်အထိ အဆိုဘာ နေရာကို မဖြည့်တင်းနိုင်ခဲ့တာ တွေ့ရဘာ တယ်။


ခံစစ်ကို အသားပေးလွန်းတဲ့ နာမည်ကြီး နည်းပြ မော်ရင်ညို ယူနိုက်တက်ကို ရောက်ရှိပြီးတဲ့အချိန်မှာ ပထမဆုံး ခေါ်ယူမှုအဖြစ် ဗီလာရီးရဲလ်အသင်းကနေဘိုင်လီကို ပြောင်းရွှေ့ကြေးပေါင်သန်း၃၀ စတင် ခေါ်ယူခဲ့တာ ဖြစ်ဘာတယ်။

ခံစစ်ကို အသားပေးလွန်းတဲ့ နာမည်ကြီး နည်းပြ မော်ရင်ညို ခေါ်ယူခဲ့တဲ့ ကစားသမား ဖြစ်တာကြောင့် ဘိုင်လီကို ယူနိုက်တက်ပရိသတ်တွေက မျှော်လင့်တကြီးရှိခဲ့ကြဘာတယ်။

ပရိသတ်တွေမျှော်လင့်တဲ့ ဆန္ဒနဲ့ ထပ်တူကျအောင်လည်း ကစားခွင့်ရရခြင်မှာဘဲ ယူနိုက်တက် အသင်းအတွက် ဘိုင်လီက အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ ပါတယ်။


သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းလုပွဲ့ ဖြစ်တဲ့ လက်စတာ အသင်းနဲ့ ပွဲစဉ်မှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ကာ ၂ဂိုး ၁ဂိုးနဲ့ ယူနိုက်တက်အသင်းတို့ အနိုင်ရလဒ်ကို ရရှိခဲ့ဘာတယ်။ အဆိုဘာပွဲစဉ် အတွက် အကောင်းဆုံး ကစားသမားဆုကို ဘိုင်လီက ရရှိခဲ့ဘာ တယ်။


ဒါတင်မက နောက်တစ်ပတ်အကြာ ပရီးမီးယားလိဂ်ရာသီအဖွင့် ဘုန်းမောက်နဲ့ပွဲစဉ်မှာလည်း အသင်းကိုအနိုင်ရလဒ် ရယူပေးခဲ့တဲ့အပြင် သူက ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အထိ ခြေစွမ်းပြနိုင် ခဲ့တာ ပါ။

ရောက်ရောက်ချင်းရာသီရဲ့ ပထမဦးဆုံးလမှာပဲ တစ်လတာ အကောင်းဆုံး ယူနိုက်တက်ကစားသမားဆုကို ရရှိခဲ့သူပါ။

သူ့ရဲ့ယူနိုက်တက်ကစားသမားဘဝ ပထမဆုံးရာသီမှာ ဘိုင်လီဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ပွဲ ပါဝင်ကစားပေးခဲ့ပြီး ပရိသတ်တွေမျှော်လင့်ထားတဲ့ ခြေစွမ်းကောင်းကိုပြသနိုင် ခဲ့သူပါ

ပထမရာသီက ခြေစွမ်းကောင်းတွေထက်ပိုကောင်းတဲ့ ဘိုင်လီကို ပရိသတ်တွေက မျှော်လင့်ခဲ့ကြ ပေမယ့် ကံသိပ်မကောင်းခဲ့တဲ့ အိုင်ဗရီကို့စ်နောက် တန်း ကစားသမား ဟာ နောက်ရာသီတွေမှာ ဒဏ်ရာပြဿနာတွေနဲ့ လုံးပမ်းခဲ့ရပြီး ပွဲထွက်ကစားနိုင်ဖို့ကို ရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်


နောက်ဆုံး၃ရာသီမှာ ပွဲထွက်ကစားခွင့်ရတဲ့ ပွဲအရေအတွက်ဟာ ပထမရာသီက စံချိန်ကိုမမှီတော့ပဲ အလွန်နည်းပါးခဲ့တာပါ

ဒါပေမယ့် အစွမ်းမသေးတဲ့ ဒီအိုင်ဗရီကိုစ့်သားဟာ အထင်ကြီးစရာကောင်းလွန်းတဲ့ ခံစစ်မှတ်တမ်းကို ယူနိုက်တက်အသင်းမှာ ပိုင်ဆိုင်ထားသူပါ

ယခုနှစ် ဖေဖော်ဝါရီလ ဒဏ်ရာပြဿနာကနေ ပြန်ကောင်းလာပြီးတဲ့ နောက်ပိုင်း သူပါဝင်ကစားခဲ့တဲ့ ပွဲတွေမှာ
ယူနိုက်တက်အသင်းခံစစ်ကို ပြိုင်ဘက်အသင်း ကျော်ဖြတ်ဖို့ အရမ်းပဲ ခက်ခဲစေခဲ့ပါတယ်

ဘိုင်လီဟာ ယူနိုက်တက်ခံစစ်အတွက် ပြန်ကစားပေးနိုင်ခဲ့တဲ့ စုစုပေါင်း မိနစ်၈ရဝမှာ ခွင့်ပြုခဲ့ရတဲ့ဂိုးက ၃ ဂိုးသာရှိခဲ့တာပါ

ပြည်တွင်းပြိုင်ဘက် နောဝှစ် ဘုန်းမောက်တို့နဲ့ပွဲရယ် ယူရိုပါလိဂ် LASKနဲ့ပွဲစဉ် ၃ပွဲမှာသာ တစ်ဂိုးစီခွင့်ပြုခဲ့ရတာဖြစ်ပြီး
ကျန်တဲ့သူပါဝင်ကစားတဲ့ ပွဲစဉ်တိုင်းမှာ ယူနိုက်တက် အသင်းက ပေးဂိုးမရှိခဲ့ပဲ Clean sheet တွေ ရယူနို င်ခဲ့ပါတယ်

ဒါဟာပြီးခဲ့တဲ့ ပဲလေစ့်နဲ့ပွဲက မိနစ်၉ဝအတွင်း လင်ဒီလောဖ့်ခွင့်ပြုခဲ့ရတဲ့ ဂိုးအရေအတွက်နဲ့ အတူတူပဲဖြစ်နေ ပါတယ်


ဒါကြောင့်အခုအခါမှာ ဘောလုံးအားကစားကျွမ်းကျင်သူတွေက ယူနိုက်တက်နည်းပြ ဆိုးလ်ရှား အနေနဲ့
ဆွီဒင်သား လင်ဒီလောဖ့်ထက် ဘိုင်လီကို ပွဲထွက်ကစားခွင့်ပြုဖို့ အချိန်ကောင်းရောက်လာပြီလို့ သုံးသပ်နေကြတာပဲဖြစ်ပါတယ်

နောက်တန်းမှာ လျှင်မြန်မာကျောပြီး ဖြတ်ထိုးညဏ်ကောင်းတဲ့ ဘိုင်လီဟာ မက်ဂွိုင်းယားနဲ့ တွဲဖက်ပြီးယူနိုက်တက်ပရိသတ်တွေမျှော်လင့်နေတဲ့ တစ်ခေတ်တခါက စတိဗ်ဘရုနဲ့ ပယ်လစ္စတာအတွဲမျိုး ဖာဒီနန်နဲ့ ဗီဒစ်တို့လို ခံစစ်အတွဲမျိုး ဖြစ်လာနိုင်မလားဆိုတာကတော့ ယူနိုက်တက် ပရိတ်သတ်တွေအတွက်တော့ စိတ်ဝင်တစား စောင့်ကြည့်ချင်စရာကောင်းေ နခေဲ့ပြီဘဲ ဖြစ်ဘာတယ်။

ခ ရက် ဒစ် GG Man United