







ခ ရက် ဒစ် Shwe Soccer

အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် စပါး အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ ဖြစ်သူ ဟိုဆေးမော်ရင်ဟိုက ဂါရတ်ဘေးလ် တစ်ယောက် ရီးရဲမက်ဒရစ်က နေ စွန့်ခွာခဲ့လို့ အသင်းရဲ့ နည်းပြဇီဒန်း ပျော်ရွှ င်နေလိမ့်မ ယ်လို့ ကျွန်တော်ယုံကြည်ဘာ တယ်။


ရီးရဲမက်ဒရစ် အသင်းရဲ့ ကြယ်ပွင့် ဘေးလ် သည် ပြီးခဲ့တဲ့ရာသီ အချိန်က တရုတ် ကလပ် အသင်း တစ်သင်း ကို အပြီးသတ်ပြောင်းရွှေ့ရန် အခွင့် အရေးရှိခဲ့ပေမယ့် ရီးရဲမက်ဒရစ် အသင်းရဲ့ ပိတ်ဆိုခြင်းခံခဲ့ရပြီးနောက် အသင်းမှာဘဲ ဆက်လက် နေထိုင်ခဲ့ကာ အဓိက ကစားသမား ဖြစ်လာရန် ရုန်းကန်ခဲ့ရတဲ့က စားသမားဖြ စ်ပါ တယ်။

“ကျွန်တော် ဇီဒန်းနဲ့ပတ်သက်ပြီး မပြောပါဘူး။ ဒါပေမယ့် ဇီဒန်းက သူ ထွက်သွားလို့ ပျော်နေမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဘေးလ်ကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ ပျော်ရွင်နေဘာတယ်။ ဘေးလ်က ကစားသမား ကောင်း တစ်ယောက် ဖြစ်တာကြောင့် သုံးတတ်ရင် ရွှေလို တန်ဘိုးရှိဘာတယ် ဆိုပြီး ဇီဒန်းကို ပြန်လည် ချေပခဲ့တာ ဖြစ်ဘာတယ်။ ဘေးလ်က လက်ရှိ အသင်းမှာ ပျော်ရွင် နေကြောင်းနဲ့ ရာသီကုန်မှာ ကျွန်တော်တို့ အသင်း အောင်မြင်မှု တစ်ခုအထိ ရအောင် ဘေးလ် က စွမ်း ဆောင်ပြမှာ ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါ တယ်။


ဂါရတ်ဘေးလ်ဟာ ပရီးမီးယားလိဂ်ကို တစ်ရာသီအငှားစာချုပ်နဲ့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ရီးရဲမက်ဒရစ်က ၎င်းရဲ့လစာတစ်ဝက်ကို ပေးချေဖို့ သဘောတူညီခဲ့ပေမယ့်လည်း ပရီးမီးယားလိဂ်မှာ လစာအများဆုံးကစားသမားဖြစ်လာခဲ့သူဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့ပေမယ့်လည်း နည်းပြဇီဒန်းနဲ့ ဆက်ဆံရေးမပြေလည်တာကြောင့် ပြီးခဲ့တဲ့ရာသီက ပွဲကစားချိန်မရှိသလောက်နည်းပါးခဲ့တာဖြ စ်ပါတ ယ်။


အသက် ၃၁ နှစ်အရွယ်တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ရာသီ လာလီဂါ ၁၂ ပွဲသာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရာကနေ ပြန်လည်စတင်ကစားချိန်မှာ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်နို င်ဖို့ ရုန်းကန်ခဲ့ရ တာဖြစ်ပါတ ယ်။

ခ ရက် ဒစ် Shwe Soccer