ဘရိုက်တန်အသင်းနဲ့ ပြီးခဲ့တဲ့ ရာသီက အထူးခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ အသင်းရဲ့ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့ ဒေးလ် စတီဖင်စ်ကို ပြိုင်ဘက် ဘန်လေအသင်းက ပြောင်းရွှေ့ကြေး ပေါင်တစ်သန်းဝန်းကျင်နဲ့ ခေါ်ယူခဲ့ပြီး နှစ်နှစ်စာချုပ် ချုပ်ဆို သွားခဲ့ တယ်လို့ သိရ ဘာတယ်။


ပရီးမီးယားလိဂ် ကလပ် စပါးအသင်းသည် အင်တာမီလန်အသင်းရဲ့ ကြယ်ပွင့် မီလန် ရှကရီညာကို ယူရိုသန်း ၅၀ နဲ့ ကမ်းလှမ်းထားပေမယ့် အင်တာမီလန် အသင်းက ကစားသမား အတွက် သန်း ၆၀ အထိ အလိုရှိနေခဲ့တာ ကြောင့် ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ကာ အပြောင်းအရွေ့ အထ မြောက်ရန် ကြန့်ကြာနေခဲ့တာ ဖြစ်ဘာ တယ်။

မန် စီးတီးအသင်းက အသက် ၁၆ နှစ်အရွယ် တိုက်စစ်ကစားသမား ဂျေမီ ဘိုင်နိုး-ဂစ်တင်စ်ကို မဖော်ပြတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်း ခေါ်ယူသွားခဲ့တယ်လို့ သိရဘာ တယ်။


အက်စ်တန်ဗီလာအသင်းသည် ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ခေါ်ယူထားခဲ့တဲ့ တန်းဇန်းနီးယားတိုက်စစ်ကစားသမား အမ်ဘွာနာ ဆာမက်တာကို အငှားနဲ့ ခေါ်ယူဖို့ တူရကီကလပ် ဖီနာဘာချီ သဘောတူညီခဲ့ပြီး ဆေးစစ်မှု အောင်မြင်ခဲ့ တယ်လို့ သိရဘာ တယ်။

ပီအက်စ်ဂျီ အသင်းသည် စပါးစ်ကွင်း လယ်ကစားသမား ဒယ်လီ အယ်လီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ကစားသမားရဲ့ လစာငွေ တောင်းဆိုမှုက ကြီးမြင့်လွန်းနေတဲ့အတွက် ခေါ်ယူရန် စဉ်းစားနေတာ ဖြစ်ဘာ တယ်။


ဘာစီလိုနာအသင်းရဲ့ ကစားသမားတွေကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေပြီး နယ်လ်ဆန် ဆီမီဒိုကို ဝုလ်ဗ်စ်က ခေါ်ယူခဲ့သလို ဖူလ်ဟမ်အသင်းအနေနဲ့ နောက်တန်း ကစားသမား ယွန်း-ကလဲ တိုဘီဒိုကို ယူရို ၁၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရဘာတယ်။ တဆက်တည်းမှာဘဲ ကွင်းလယ် ကစားသမား ကော်တင်ဟိုကို အာဆင်နယ်အသင်းက ချိတ်ဆက်နေတယ်လို့ သိရဘာ တယ်။


ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆောက်သမ်တန်အသင်းက ကြိုးစားနေပြီး နည်းပြ လမ်းပတ်ရဲ့ အစီအစဉ်တွေထဲမှာ မပါဝင်တဲ့ သူ့ကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS

ခ ရက် ဒစ် A2Z