ဒီနစ် နွေရာသီ အပြောင်းအရွေ့ ဈေးကွက် အတွင်း အဂျေက် အသင်းကေ ပထမဦးဆုံး ခေါ်ယူအားဖြည့်ခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့လက်ရှိ ကြယ်ပွင့် ကွင်းလယ် ကစားသမား ဗန်ဒီဘိဒ်က ယူနိုက်တက် အသင်းကို အောင်မြင်တဲ့ အသင်းတစ်သင်း ဖြစ်လာအောင် အဖက်ဖက်က အစွမ်းကုန် ကူညီပေးသွားမှာ ဖြစ်ကြောင်းနဲ့ အသင်းနဲ့ အတူ ဆုဖလားတွေ ကိုင်မြောက်နိုင်အောင် အကောင်းဆုံး တိုက်ပွဲဝင် သွားမှာ ဖြစ်ကြောင်း ဗန်ဒီဘိဒ်ကက ပြောကြား ခဲ့တာ ဖြစ်ဘာတယ်။


ယူနိုက်တက်အသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၆-၁၇) ရာသီက နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ယူရိုပါလိဂ် ဖလား ရရှိခဲ့စဉ်ကတည်းက အဓိက ဆုဖလား မရနိုင်ခဲ့တော့တာ ဖြစ်ပြီး ပရီးမီးယားလိဂ် ဖလားကို နောက်ဆုံး ရရှိခဲ့တာက နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်က (၂၀၁၂-၁၃) ရာသီမှာပဲ ဖြစ် ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ဆီမီး ဖိုင်နယ် (၃) ပွဲ ကစားခဲ့ပေမယ့်လည်း ဗိုလ်လုပွဲစဉ် အထိ မတက်လှမ်းနိုင်ခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၃) နေရာ ရရှိခဲ့တဲ့ အတွက်ကြောင့် လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဝင်ရောက် ကစားခွင့် ရရှိခဲ့တာပဲ ဖြစ် ပါတယ်။


ယူနိုက်တက်အသင်းဟာ လက်ရှိရာသီမှာ ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် ဖလားကို ရရှိနိုင်ဖို့အတွက် ကြိုးစားခွင့် ရှိနေပြီး အေဂျက်အသင်းကနေ ခေါ်ယူခဲ့တဲ့ မန်ယူအသင်းရဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘီက လက်ရှိရာသီမှာ ဆုဖလား အားလုံးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ပြောသွးခဲ့ပါတယ်။

ဗန်ဒီဘိဒ်က “ကျွန်တော် ကိုယ့်ကိုကိုယ် အမြဲတမ်း ယုံကြည်မှု ရှိတယ်။ လက်ရှိအသင်းမှာလည်း PVB အစုအဖွဲ့သည် အကောင်းဆုံး အနေအထား တစ်ရပ်ကို ပိုင်ဆိုင်နေပြီ တစ်ဦးနဲ့ တစ်ဦး နားလည်မှု ရှိစွာ ကစားနေနိုင်ခဲ့ကာ ပြိုင်ဘက်အသင်းတွေကို ခြိမ်းခြောက်နိုင်လောက်တဲ့ ခြေစွမ်းမျိုး ပိုင်ဆိုင်ထားတယ်လို့ ပြောကြားခဲ့ဘာတယ်။ ဆက်လက်ပြီး ဗန်ဒီဘိဒ်က PVB အစုအဖွဲ့နဲ့အတူ ပရီးမီးယားလိဂ် ဖလားကို ရအောင်ယူမည်ဟု ဗန်ဒီဘိဒ်က ပြောကြား သွားခဲ့တာ ဖြစ်ဘာတယ်။


“ကျွန်တော် အေဂျက်အသင်းကနေ မန်ယူအသင်းကို ပြောင်းလာခဲ့ပြီး ကောင်းမွန်တဲ့ ခြေလှမ်း တစ်ခု ပြုလုပ်နိုင်ခဲ့ပါတယ်။ အခု ကျွန်တော် ပို၊ ပိုပြီး လိုချင်လာပါတယ်။ ကျွန်တော် အသင်းကို ဆုဖလား ရရှိနိုင်အောင် ကူညီသွားပါမယ်။ ကျွန်တော်တို့ ဆုဖလား အားလုံးအတွက် တိုက်ပွဲဝင်သွား ပါမယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ လက်ရှိရာသီ ပြန်လည် စတင်ခဲ့ပြီးတဲ့နောက် နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် (၃) ပွဲမှာ ပရီးမီးယားလိဂ် ရှုံးပွဲ အပါအဝင် (၂) ပွဲ ရှုံး၊ (၁) ပွဲ နိုင် ရလဒ်ကို ရရှိထားပြီး လာမယ့် ပွဲစဉ် အဖြစ် ဘရိုက်တန် အသင်းနဲ့ ပရီးမီးယား လိဂ် ပွဲစဉ် ကစားရမှာ ဖြစ် ပါတယ်။

ခ ရက် ဒစ် Ballone Sport