ဒီနစ်နွေရာသီ အပြောင်းအရွေ့ ဈေးကွက် မပိတ်ခင် အချိန်အတွင်း ယူနိုက်တက် အသင်းသည် ပေါ်တိုအသင်းရဲ့ ကြယ်ပွင့် နောက်တန်း ကစားသမား တဲလက် ကို ခေါ်ယူနိုင်ရန် အတွက် ဈေးကွက်အတွင်း အပြင်းအထန် လှုပ်ရှားနေကာ ပေါ်တိုအသင်းရဲ့ ကြယ်ပွင့်ကို ခေါ်ယူနိုင်ရန် အတွက် ဆက်လက် ကြိုးပမ်း ဆောင်ရွက် နေခဲ့ပြီး ပြောင်းရွေ့ကြေးကို သဘောတူညီမှု မရရှိသေးပေမယ့် ကစားသမားဖြစ်သူ တဲလက်က သူအနေနဲ့ ယူနိုက်တက် အသင်းကို ပြောင်းရွေ့ရန် အတွက် စိတ်ဆုံးဖြတ်ထားခဲ့ပြီးပြီ လို့ ပေါ်တို အသင်း ကို သတိပေး သွား ခဲ့ဘာတ ယ်။


ပရီးမီးယားလိဂ် ရာသီအဖွင့်ပွဲစဉ်တွင် ခရစ္စတယ်ပဲလေ့စ်ကို အရှက်တကွဲ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သရဲနီတို့ဟာ သူတို့ရဲ့ ကစားသမားသစ်ဝယ်ယူရေးအစီအစဉ်ကို ပြောင်းလဲလိုက်တယ်လို့ သိရပါတယ်။ ဆာဂျီယိုရီဂွီလွန်ဟာ စပါးသို့ ပြောင်းရွေ့သွားပြီဖြစ်တာကြောင့် ယူနိုက်တက်ဟာ တခြားသော ဘယ်ခံစစ်မှူးတစ်ယောက် ဝယ်ယူသွားေ တာ့မှာဖြစ် ပါ တယ်။

ယူနိုက်တက်ဟာ အသက် ၂၇ နှစ်အရွယ် တဲလက် ကို ငါးနှစ်စာချုပ်နဲ့ အိုးလ်ထရက်ဖို့ဒ်သို့ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေက ဆိုနေကြပါ တယ်။


ပေါ်တိုအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျန်သေးတဲ့ အင်တာမီလန်ဘယ်ခံစစ်မှူးဟောင်းဟာ ယူနိုက်တက်သို့ ပြောင်းရွေ့ကစားလိုနေတယ်လို့ The Telegraph က ဆိုထား ပါတယ်။

ဒါပေမယ့် ယူနိုက်တက်ဟာ ဒီကစားသမားကိုခေါ်ယူဖို့ ပေါ်တိုနဲ့ ပြောင်းရွေ့ကြေးကို သဘောတူညီမှု မရရှိသေးတာကြောင့် တဲလက် ဟာ ပေါ်တိုရဲ့ အပြောင်းအရွေ့လုပ်ဆောင်ပုံတွေကို ဒေါသထွက်နေခဲ့ပြီး အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေကို လာရောက်ပူးပေါင်းခြင်းမရှိဘဲ ဆန္ဒပြမှုတွေ ပြုလုပ်နေတယ်လို့ သိရဘာ တယ်။


တစ်ဖက်မှာလည်း ကစားသမားသစ် ဒွန်နီဗန်ဒီဘိခ်က သူဟာ ယူနိုက်တက်အတွက် ဆုဖလားတွေ ရယူပေးချင်တယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက FA ဖလား၊ ကာရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေမှာ ဆီမီးဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းကို ဗန်ဒီဘိခ်က ဆုဖလားတွေရယူဖို့ ကူညီပေးချင်နေ တာပါ။

United Review နဲ့ အင်တာဗျူးမှာ နယ်သာလန်ကစားသမားက သူဟာ အိုင်းယက်စ်က ပြောင်းရွေ့လာပြီးနောက် ယခုထက်ပိုပြီး တိုးတက်လာဖို့ ပြင်ဆင်နေတယ်လို့ ဆိုခဲ့ပါတ ယ်။


“ကျွန်တော် ကိုယ့်ကိုကိုယ် အမြဲတမ်းယုံပါတယ်။ ပြီးတော့ သေချာတာတခုက ခင်များက တိုးတက်နေဦးမှာပါ။ ပြီးတော့ ကျွန်တော်က အမြဲတမ်း အလုပ်ကြိုးစားပါတယ်။ အခုလည်း အလုပ်ကြိုးစားသွားဦးမှာပါ။” လို့ သူက ပြောကြား ခဲ့ ပါတယ်။

“အိုင်းယက်စ်ကနေ ယူနိုက်တက်ကို ပြောင်းခဲ့တယ်ဆိုတော့ ကျွန်တော်က ခြေလှမ်းကောင်းတွေကို လှမ်းခဲ့တယ်ပေါ့။ ပြီးတော့ ကျွန်တော်က အသင်းအတွက် ဆုဖလားတွေ ရယူပေးချင် ပါတယ်။”

“ကျွန်တော်တို့က အရာအားလုံးအတွက် တိုက်ပွဲဝင်သွား မှာပါ။”

ခ ရက် ဒစ် Manchester United – Myanmar