ကင်မရာကို ကြည့်ပြီး မပြီးဆုံးသေးဘူးဆိုတဲ့ စကားကို သူမပြောခဲ့ဘူးလို့ ရော်နယ်ဒို ငြင်းဆန်

မန်ချက်စတာယူနိုက်တက် အသင်းက ဘရန်ဖိုဒ့် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ရုပ်သံထုတ်လွှင့်တဲ့ ကင်မရာကို ကြည့်ပြီး မပြီးဆုံးသေးဘူးဆိုတဲ့ စကားကို သူမပြောခဲ့ပါဘူးလို့ ရော်နယ်ဒို က ငြင်းဆန်သွား ခဲ့ပါတယ်။အသက်(၃၇)နှစ်အရွယ်ရှိ ရော်နယ်ဒို ဟာ ဘရန်ဖိုဒ့် အသင်းကို …

ယူနိုက်တတ်ကိုရောက်ဖို့ နီးစပ်နေတဲ့ ဒေါ့မွန်အသင်းရဲ့တိုက်စစ်ကစားသမား ဟာလန်း

ဒေါ့မွန် အမှုဆောင်အရာရှိချုပ် ဝေါ့ဇ်ကီ သူတို့အသင်းရဲ့ တိုက်စစ်မှူးဟာလန်းဟာ ပြီးခဲ့တဲ့ (၂၀၂၀) ဇန်နဝါရီမှာ ယူနိုက်တက်ကို ရောက်ဖို့ နီးစပ်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံလိုက်ပါတယ်။ အဆိုပါ နော်ဝေတိုက်စစ်မှူးကို ဆဲလ်ဘာ့ဂ်ကနေ ခေါ်ယူဖို့ ယူနိုက်တက်တို့ အပူတပြင်း ကြိုးစားခဲ့တာပါ။အဲ့ဒီအချိန်က ယူနိုက်တက်နည်းပြဟောင်း …

အသက်(၃၇)နှစ်အရွယ်မှာ ဒီလောက်အထိကစားနိုင်ဖို့က မလွယ်ပါဘူး လို့ ရော်နယ်ဒိုကို ချီးကျူးခဲ့တဲ့ ရန်းနက်စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ယာယီနည်းပြရန်နစ်ခ်က အသင်းအတွက် ခြေစွမ်းပြဂိုးတွေသွင်းနေတဲ့ ပေါ်တူဂီ တိုက်စစ်ကစားသမားစီရော်နယ်လ်ဒို သည် လာမယ့်နည်းပြသစ်အဲရစ်တန်ဟက်လက်ထက်မှာလည်း အဓိကအရေးပါတဲ့ ကစားသမား အဖြစ် ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ် စီရော်နယ်လ်ဒိုဟာ ချယ်လ်ဆီးနဲ့(၁-၁)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ချေပဂိုးသွင်းယူခဲ့ပြီး ဒါက ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးအသင်းကို …

လီဗာပူးလ်ကို (၄)ဂိုးပြတ်ထိရှုံးခဲ့တာဟာ ရှက်စရာကောင်းလွန်းပါတယ်လို့ ရက်ဂ်နစ်ပြောပြီ

မန်ချက်စတာယူနိုက်တက် ယာယီနည်းပြ ရက်ဂ်နစ် က လီဗာပူးလ် ကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်တာဟာ အရှက်ရစေတယ်လို့ ပြောလိုက်ပါတယ်။ လီဗာပူးလ် အသင်းဟာ မန်ချက်စတာယူနိုက်တက် အသင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ခဲ့တာပါ။ မန်ချက်စတာယူနိုက်တက် …

လီဗာပူးအသင်းကို ၄-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရက်ရှ်ဖိုဒ့် အပါအဝင် အသင်းရဲ့ကစားသမား(၃)ဦးကို ပြင်းထန်စွာ ပြစ်တင်လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်း ကတော့ လီဗာပူးလ် အသင်းကို (၄)ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ရက်ရှ်ဖိုဒ့် အပါအဝင် အသင်းရဲ့ကစားသမား(၃)ဦးကို ပြင်းထန်စွာ ပြစ်တင်လိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ အန်ဖီးလ် ကွင်းမှာ ဆာလတ်ရဲ့(၂)ဂိုး၊ဒီယက်ဇ်နဲ့ မာနေး …

တန်ဟက် ကို မန်ချက်စတာယူနိုက်တတ်မှာ ဒီတစ်ပတ်အတွင်းမှာပဲ တရားဝင်နည်းပြအဖြစ် ကြေညာမယ်လို့သိရ

ဒီတစ်ပတ်အတွင်းမှာဘဲ အဲရစ်တန်ဟတ်ကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တရားဝင်နည်းပြအဖြစ် ကြေညာတော့မယ်လို့ သိရှိရပြီး ယူနိုက်တက် အသင်းသည် အေဂျက်အသင်းရဲ့ နည်းပြ ဖြစ်တဲ့ တန်ဟတ်ကို 4 နှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး နွေရာသီအပြောင်းအရွှေ့အတွက် ကစားသမားဝယ်ယူဖို့ပါ ဘက်ဂျက် လုံလုံလောက်လောက်ချပေးသွားဖို့ရှိနေပါတယ်။ အစောပိုင်းမှာ အဲရစ်တန်ဟတ်က …

ယူနိုက်တတ်နည်းပြအဖြစ် သဘောတူညီမှုရပြီဆိုကာမှ ဗိုလ်လုပွဲရှုံးပြီး ဖလားပါပျောက်သွားတဲ့ အဲရစ်တန်ဟက်ခ်

အေဂျက်စ်ဟာ မနေ့ညက ကစားခဲ့တဲ့ နယ်သာလန်ဖလား ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ အဲရစ်တန်ဟက်ခ်အတွက်လည်း ဒီအရှုံးက မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။အေဂျက်စ်နဲ့ပီအက်စ်ဗွီတို့ရဲ့ ဒီဗိုလ်လုပွဲမှာ အေဂျက်စ်က ဂရာဗင်ဘတ်ခ်ျရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ ဒါပေမယ့်လည်း ပီအက်စ်ဗွီရဲ့ …

ဂရင်းဝုဒ် လေ့ကျင့်ခန်းပြန်ဆင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ယူနိုက်တတ်တို့ တိတိကျကျ မထုတ်ပြန်သေး

ယူနိုက်တက် အသင်းနဲ့အတူ ဂရင်းဝုဒ် လေ့ကျင့်ခန်းပြန်ဆင်းတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ယူနိုက်တက် အသင်း တာဝန်ရှိသူ 1 ယောက်ကဂရင်းဝုဒ် သတင်းနဲ့ ပက်သက်ပြီးဘာမှ သေချာမပြောချင်သေးကြောင်းနဲ့ လက်ရှိအချိန်မှာတော့ ကစားသမား အတွက် အကောင်းဆုံး ဖြစ်ဘာစေလို့ဘဲ ဆုတောင်း …

ရော်နယ်ဒိုရဲ့ ဟတ်ထရစ်သွင်းဂိုးနဲ့ နောဝှစ်အသင်းကို အနိုင်ယူခဲ့တဲ့ ယူနိုက်တတ်3-2နောဝှစ် အသင်းတို့ရဲ့ ပွဲပြီးရလဒ်

မန်ချက်စတာယူနိုက်တက် အသင်းဟာ နိုင်ပွဲတွေ ပျောက်ဆုံးနေတာကြောင့် ဒီပွဲကို အနိုင်ရဖို့ အားထည့်လာခဲ့တာကို တွေ့ရပါတယ်။ပထမပိုင်းမှာ ရော်နယ်ဒို ရဲ့သွင်းဂိုး(၂)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြီးခါနီးမှာ နော်ဝစ်ခ်ျ ကစားသမား ဒိုဝဲလ် က ချေပဂိုးပြန်သွင်းသွားခဲ့တာပါ။ ဒုတိယပိုင်းမှာ မန်ချက်စတာယူနိုက်တက် အသင်း …

ယူနိုက်တတ်မှာတာဝန်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှုရယူလိုက်ပြီ ဖြစ်တဲ့ အေဂျက်နည်းပြ တန်ဟတ်

နည်းပြအဲရစ်တန်းဟတ်ဟာ မန်ယူအသင်းကိုတာဝန်ယူဖို့ နှုတ်အားဖြင့်သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ အသက် ၅၂ နှစ်အရွယ် နယ်သာလန်သားနည်းပြဟာ မန်ယူဆီက ရူးလောက်စရာကမ်းလှမ်းမှုရရှိထားတယ်လို့ အေဂျက်ဇ်အသင်းကထုတ်ဖော်ပြောကြားခဲ့တဲ့နောက် အင်္ဂါနေ့မနက်ပိုင်းမှာသဘောတူညီမှုရခဲ့ကြောင်း Daily Mail သတင်းစာက ဖေါ်ပြပါ တယ်။ ဒါ့အပြင် မန်ယူဟာ …